မီးသင့်ကျောက်

မီးသင့်ကျောက် (Igneous rock) ဆိုသည်မှာ ကျောက်အမျိုးအစား ၃ မျိုးထဲမှ တစ်မျိုးဖြစ်ပြီး လက်တင်ဘာသာစကား igneus (မီး) မှ ဆင်းသက်လာသည်။ မီးသင့်ကျောက်များသည် ကျောက်ရည်ပူများနှင့် မီးတောင် ချော်ရည်များ အေးလာပြီး ကျောက်တုံးအသွင်သို့ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.