မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ

ဓမ္မ တည်းဟူသော တရား

ဓမ္မသည် သင်ယူရန်၊ လေ့ကျင့်ရန်နှင့် နက်နက်နဲနဲ ထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်၊၊ ကိုယ်တိုင် သင်ယူ လေ့ကျင့်ပြီး ဖေါက်ထွင်း သိမြင်ရန် ဖြစ်သည်၊၊ ဓမ္မတွင် အပိုင်း ၃ ပိုင်းရှိပါသည်၊၊ ဘဝ နည်းလမ်း တို့ကို ညွှန်ပြသော 'သုတ္တန်'၊၊ ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော 'ဝိနည်း'၊၊ စိတ်၊ စေတသိက်၊ ရုပ် တို့၏ သဘောတရားကို ညွှန်ပြသော 'အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ ဓမ္မသည် ယုံ ကြည်ရန်၊ ကိုးကွယ်ရန်၊ ဆုတောင်းရန် မဟုတ်၊၊ လူ့ဘဝ၌ ရှင်သန်နေသ၍ အချိန်နှင့်အမျှ ကိုယ်တိုင် လေ့လာ လက်တွေ့ကျင့်သုံး ဆင်ခြင်ပွါးများသွားရန် ဖြစ်သည်၊၊

ပရိယတ္တိ တည်းဟူသော သင်ယူနှလုံးသွင်းခြင်း

ဓမ္မမှ ကိုယ်တိုင် သင်ယူ ရမည့် အရာတို့မှာ လူဘဝ၌ ရှင်သန်နေသမျှ ကာလပတ်လုံး နေထိုင် ကျင့်ကြံ လုပ်ကိုင်သွားရန် 'နည်းလမ်း အသွယ်သွယ် တို့ကို ညွှန်ပြသော သုတ္တန်' 'ကိုယ်၊ နှုတ်စည်းကမ်း တို့ကိုညွှန်ပြသော ဝိနည်း' 'စိတ် စေတသိက် ရုပ် တို့၏ သဘော တရားကို ညွှန်ပြသော အဘိဓမ္မာ' တို့ဖြစ်ကြသည်၊၊ လူသားတယောက်အနေဖြင့် လူ့ဘဝ၌ နေထိုင်ရန် နည်းလမ်း၊ စည်းကမ်း၊ သဘောတရား တို့ကို သိရှိရန် အထူး လိုအပ်ပါသည်၊၊ သို့မဟုတ်ပါက ရှင်သန်လျက် လူဖြစ်ရှုံးနေရသကဲ့သို့ ဖြစ်နေပါသည်၊၊

ပဋိပတ္တိ တည်းဟူသော ကျင့်သုံးရန် ကျင့်စဉ်

ဓမ္မမှ ကိုယ်တိုင် ကျင့်သုံးရန် ကျင့်စဉ်တို့မှာ ကိုယ် စည်းကမ်း ၃ ရပ်၊ နှုတ်စည်းကမ်း ၆ ရပ် ပါဝင်သည့် ကိုယ်ကျင့်တရား တည်းဟူသော သီလ ကျင့်စဉ်၊၊ စိတ်ကို စည်းကမ်းသတ်ပေး သော၊ စိတ်ကို တသမတ်တည်း တည်နေရန် လေ့ကျင့်ပေးသည့် သမာဓိကျင့်စဉ်၊၊ မိမိကိုယ် ထဲ က ဖြစ်မှု ပျက်မှု အလုံးစုံကို စက္ကန့်နှင့်အမျှ အသေးစိတ် ပကတိအတိုင်း သိမြင်မှု ပညာ၊၊

သီလ တည်းဟူသော စောင့်ထိန်းမှု

ကိုယ်နှုတ်ကို ထိန်းရန် စည်းကမ်း တို့ကို သီလဟုဆိုပါသည်၊၊ ကိုယ်ကို ထိန်းရန် ကိုယ် စည်းကမ်း ၃ ပါးတို့မှာ၊ သူ့အသက်မသတ်၊ သူ့ဥစ္စာ မခိုး၊ သူ့အိမ်ယာ မဖေါက်ပြန်ခြင်း တို့ဖြစ် ၏၊၊

နှုတ်ကို ထိန်းရန် စည်းကမ်း ၆ ပါးတို့မှာ ရိုးသားသော စိတ်ဖြင့်ပြောခြင်း၊ အမှန် ကိုဆိုခြင်း၊ ယဉ်ကျေးချိုသာစွာပြောခြင်း၊ မိမိနှင့်တပါးသူ့ အကျိုးရှိသော စကားကိုဆိုခြင်း၊ အချင်းချင်း ညီ ညွတ်မှုရှိအောင် စကားဆိုခြင်း တို့ဖြစ်သည်၊၊

သို့မဟုတ် ကောက်ကျစ်၊ လိမ်လည်၊ ရုန့်ရင်း ကြမ်းတမ်း၊ အကျိုးမဲ့၊ ဂုံးချောပြောခြင်း တို့မှ ရှောင်ကျဉ်ခြင်းတို့ ဖြစ်ကြသည်၊၊ သီလစောင့်ထိန်းခြင်းဖြင့် မိမိကိုယ်ကို လူကောင်း ဖြစ်စေ နိုင်သည်၊၊ လောကီ ကြီးပွါးတိုးတက်မှုကို ဖြစ်ထွန်းစေသည်၊၊

သမာဓိ တည်းဟူသော စိတ်တည်ငြိမ်မှု

စိတ်စည်းကမ်း၊ စိတ်ကို ထိန်းချုပ်သော နည်းလမ်း စည်းကမ်းဖြစ်သည်၊၊ စိတ်ကို တည်ငြိမ်မှု ရရန် တနေရာထဲတွင် စူးစိုက်ထား နိုင်ရန် လေ့ကျင့်မှု ကျင့်စဉ် နှင့် စည်းကမ်းများ ဖြစ်ပါသည်၊၊ မိမိ၏ စိတ်အေးငြိမ်း ချမ်းသာမှုကို ပေးနိုင်ပါသည်၊၊ သမာဓိဖြင့် လူရိုးလူဖြောင့် ဖြစ်စေနိုင်ပါ သည်၊၊

ပညာ တည်းဟူသော မှန်ကန်စေ့စပ်သော သိမှု

ပ = အသေးစိတ်၊ ညာ = မှန်ကန်စွာ သိရှိနားလည်ခြင်း၊ ပညာဆိုသည်မှာ မိမိကိုယ်ထဲ၌ ရှိသောအရှိကို စက္ကန့်နှင့်အမျှ အသေးစိတ် သိမြင်မှုကို ဆိုလိုသည်၊၊ မိမိကိုယ်ထဲ၌ သင်ယူ ရမည်၊၊ လောကကြီးထဲ၌ သင်ယူရမည်၊၊ စိတ် စေတသိက် ရုပ်တို့၏ ဖြစ်ပျက်သမျှ အလုံးစုံကို အချိန်နှင့်အမျှ အသေးစိတ် ထိုးထွင်းသိမြင်ခြင်း တည်းဟူသော ပညာကို ရရှိနိုင်ရန် လေ့ကျင့် သွားရမည်၊၊

ပဋိဝေဒ

နက်နက်နဲနဲ ထိုးထွင်းသိမြင်နားလည်ခြင်း ဓမ္မ၊၊

လူ့ဘဝရည်ရွယ်ချက် ၃ ပါး

လူ့သားတိုင်း ဘဝအတွက် ဘုံရည်ရွယ်ချက်တခု ရှိသင့်ပါသည်၊၊ ရခဲလှသော တိုတောင်းလှသော လူ့ဘဝ၌ ဖြစ်တည်စဉ်ကာလ အောက်ပါ ဘဝရည်ရွယ်ချက် ကောင်းများကို ဦးထိပ်ထား သင့်ပါ သည်၊၊

  • 'လောကတ္ထစရိယ' လောကသတ္တဝါအားလုံးတို့၏ ကောင်းကျိုးစီးပွား ဖြစ်ရန် အားထုတ် ခြင်း၊၊
  • 'ညာတိတ္ထစရိယ' မိမိရပ်ရွာ၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ ကောင်းကျိုးစီးပွား ဖြစ်ရန် အား ထုတ်ခြင်း၊၊
  • 'အတ္တတ္ထစရိယ' ကိုယ်တိုင်၏ ကောင်းကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊၊ မိမိကိုယ်တိုင် ကိုယ်ကျင့်တရား၊ တတ်သိပညာ နှင့် ပြည့်စုံရန် အားထုတ်ခြင်း တို့ကို အခါမလပ် ကြိုးကုတ် လုပ်ကိုင်သင့်ပါသည်၊၊

'ဗုဒ္ဓစရိယ' ဘုရားဖြစ်ရန် အားထုတ်ခြင်း၊၊ (ဘုရားဖြစ်ရန် ဆုပန်သူများအတွက်)

အထက်ပါ လူ့ဘဝ ရည်ရွယ်ချက်ကောင်းများ ပြည့်စုံနိုင်စေရန် လူသားတိုင်း သီလ၊ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊

သီလ

ကိုယ်နှုတ်အမူအရာ ထိန်းသိမ်းနိုင်သောသူ၊ ဖြူစင်သူ လူကောင်း၊၊

မေတ္တာ

ဒေါသကို ပယ်နှုတ်သော မေတ္တာ တရားကိုပိုင်ဆိုင်သူ၊၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်း အဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ မေတ္တာရှင်၊၊

ကရုဏာ

ဒုက္ခကို ပယ်နှုတ်သော ကရုဏာတရားပိုင်ရှင်၊၊ တပါးသူ ဒုက္ခဆင်းရဲ ရောက်သောအခါ အရာရာ တိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ချစ်မြတ် နိုးတတ်သူ၊ ကူညီဖြည့်ဆည်းတတ်သူ ကရုဏာရှင်၊၊

မုဒိတာ

ဣဿာကို ပယ်သော မုဒိတာရှင်၊၊ ဘယ်သူ ဘယ်လောက်ဘဲ ချမ်းသာ၊ ကောင်းမွန် တိုးတက် ပါစေ၊ အရာရာတိုင်း၊ လူတိုင်း အပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှုကင်းစွာ ဝမ်းသာကြည်နူး ဝမ်းမြောက်မှု ဖြစ်နိုင်သော စိတ် စေတနာရှိသူ မုဒိတာရှင်၊၊ မနာလိုမှုကင်းသူ သူတော်ကောင်း၊၊

ဥပေက္ခာ

မိမိအပေါ် မိစ္ဆရိယပွါးသူကို လူတိုင်းအပေါ် အတိုင်းအဆမဲ့၊ အပိုင်းအခြားမဲ့၊ ခွဲခြားမှု ကင်းစွာ သည်းညည်းခံ၊ နားလည်ခွင့်လွှတ်နိုင်သူ ဥပေက္ခာရှင်၊၊ မိမိ၌ရှိသော၊ ဥစ္စာစည်းစိမ် ချမ်း သာ သုခ တို့ကို စွန့်လွှတ်နိုင်သူ၊၊ မိမိ၌ပေါ်လာသော နာကျင်မှု၊ သာယာမှုတို့ကို နားလည် စွန့်လွှတ် သည်းခံ နိုင်သူ၊၊ မိမိအတ္တအကျိုးကို အလေးဂရု မပြုသူ၊၊

ပညာသင်ယူလေ့လာရာတွင်

လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊၊

လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်းဟူသော မှန်ကန်သော အသက်မွေးမှု ပြုနိုင်ရန် ခေတ်မှီအတတ်ပညာရပ် တို့ကိုလည်း လေ့လာ သင်ယူ ဖြည့်ဆည်းသင့်ပါသည်၊၊

((အထက်ပါ ဓမ္မ အချက်အလက်များကို တောင်ကြီးတက္ကသိုလ် ကျိုင်းတုံ ခန်းမ၌ ကျင်းပသော ဓမ္မသဘင်တွင် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဟောကြားခဲ့သော 'ဘဝရည် ရွယ်ချက်' တရားတော်ကို နားလည်ခံယူပြီး ပြန်လည်ရေးသားထားပါသည်၊၊)) [1]

ကျမ်းကိုး

  1. METTĀ MON: June 2008
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.