မေယုတောင်တန်း

မေယုတောင်တန်း (အင်္ဂလိပ်: Mayu mountains) သည် ရခိုင်ပြည်နယ်၏ အနောက်ဖက်နယ်ခြားတွင်တည်ရှိပြီး တည်နေရာအားဖြင့် အရေးကြီးသော တောင်တန်းလည်းဖြစ်သည်။ မေယုမြစ်နှင့် နတ်မြစ်အကြားတွင် တည်ရှိသည်။ စစ်တကောင်းတောင်တန်း၏ အဆက်ဖြစ်သည်။ မြောက်၊ အနောက်မြောက်မှ အရှေ့တောင်ဖက်ဆီသို့ သွယ်တန်းလျက်ရှိသည်။ မြောက်ဖက်တွင် မင်္ဂလာဂီရိ အမည်တွင်၍ ၎င်းတောင်၏ အမြင့်ဆုံးအပိုင်းသည် ပေပေါင်း ( ၂၁၇၄)ခန့် မြင့်သည်။ ၎င်းတောင်နှင့် မေယုတောင်၏ အစပ်တွင် မတ်စောက်၍ ပြတ်တောက်နေသလိုရှိသည်။ နောက်ပိုင်းတွင် မောယုတောင်တန်းအမည်ဖြင့် မေယုမြစ်ဝတိုင်အောင် (၅၂) မိုင်ခန့် ရှည်လျား သွယ်တန်းနေပေသည်။ အကျယ်အဝန်းအားဖြင့် မြောက်ဖက်တွင် ခြောက်မိုင်ခန့်ကျယ်၍ တောင်ဖက်တွင် သန်လျက်သွားကဲ့သို့ မတ်စောက်ပြီး အချို့နေရာတွင် မိုင်ဝက်ခန့်သာ ကျယ်သည်။ မယုတောင်တန်းသည် မြောက်ဖက်မှ တောင်ဖက်သို့ အဆင့်ဆင့် တောင်ထိပ်များရှိပြီး ပေ - ၂၁၅၅ ၊ ၁၉၇၅ ၊ ၁၄၄၀ ၊ ၁၃၃၀ ၊ ၁၁၇၁ ၊ ၇၂၇ ၊ ၄၃၆ ၊ ဖောလ်ပွိုင့် မေယုကျွန်းနှင့် မျဉ်းပြိုင်လောက်အနီးတွင် ပင်လယ် အောက်သို့ ငုပ်ဆင်းသွားသည်။ အချို့နေရာတွင် ကျောက်ဆောင်များအသွင်ဖြင့် ကမ်းအနီးတွင် ပေါ်နေသည်။ ရှေးယခင်က မရူတောင်တန်း၊ မရူမြစ် ဟုခေါ်ပြီး တဖန် မယူတောင်တန်း ၊ မယူမြစ် ဟုပြောင်းလဲလာသည်။ ယခုအခါမှာ မေယုတောင်တန်း၊ မေယုမြစ် ဟုခေါ်သည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.