မေသက်ခိုင်

မေသက်ခိုင် (၂၄ စက်တင်ဘာ ၁၉၈၉ မွေးဖွား) သည် သရုပ်ဆောင်၊ မော်ဒယ်နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ သူမသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထင်ရှားသော သရုပ်ဆောင်နှင့် မော်ဒယ်များတွင် အပါအဝင်ဖြစ်ခဲ့သည်။[1][2]

မေသက်ခိုင်
မွေးဖွား (1989-09-24) ၂၄ စက်တင်ဘာ၊ ၁၉၈၉
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းအ.ထ.က(၂)လသာ
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၄–လက်ရှိ
အရပ် ft ၃ in (၁.၆၀ m)

အစောပိုင်းဘဝ

မေသက်ခိုင်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အ.ထ.က(၂)လသာ တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။[3] [4]

အနုပညာလုပ်ငန်း လုပ်ကိုင်ခြင်း

မေသက်ခိုင်သည် ၂၀၀၄ ခုနှစ်တွင် ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရုပ်မြင်သံကြား ကြော်ငြာ ၁၅၀ ကျော်၊ ဗီဒီယိုဇာတ်ကား ၂၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်ကား ၂၀ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[5] ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့သော အနာဂတ်ရဲ့ ကြယ်ပွင့်လေးများအမည်ရှိ ရုပ်ရှင်တွင် ကျောင်းသူ မေသက်ခိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။

ကိုးကား

  1. PaPawady Celebrity News May Thet Khine About
  2. Myanmar Celebrity News May Thet Khine: Beautiful Actress of Myanmar
  3. Actress May Thet Khine : Biography for mid-October 2014
  4. 缅甸演员歌手艺人 May Thet Khine Bio : Chinese News for mid-March 2015 4 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2018 တွင် ပြန်စစ်ပြီး။
  5. May Thet Khine : Chin Hill News for mid-March 2017

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.