မေသန်းနု

မေသန်းနု (၂၇ ဇန်နဝါရီ ၁၉၆၁ မွေးဖွား) သည် မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ငါးဆုရရှိခဲ့သူဖြစ်သည်။

မေသန်းနု
မွေးဖွားသန်းသန်းဆင့်
(၁၉၆၁-0၁-၂၇) ဇန်နဝါရီ ၂၇၊ ၁၉၆၁
မြိတ်မြို့
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
ထင်ရှားသည့်
လုပ်ဆောင်မှု
သင်္ကြန်မိုးမူပိုင်ချစ်သူပုဂံမှာသာတဲ့လတစ်ပြည်သူမရွှေထား၊ မောင်
အိမ်ထောင်ဖက်(များ)စင်ရော်မောင်မောင် (ကွာရှင်း)
သားသမီးမင်းသန့်မောင်မောင်
ရရှိသည့်ဆုများအကယ်ဒမီ ငါးထပ်ကွမ်း

ငယ်ဘဝ

မေသန်းနုကို ၁၉၆၁ခုနှစ်၊ ဇန်နဝါရီလ၊ ၂၇ရက်နေ့တွင် မြိတ်မြို့တနင်္သာရီတိုင်း၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ သန်းသန်းဆင့် ဖြစ်သည်။[1]

အနုပညာလမ်းကြောင်း

၁၉၈၁ခုနှစ် ဝန်းကျင်တွင် အစ်မဖြစ်သူ၏ ရောဂါကိုကုသရန်အတွက် ရန်ကုန်မြို့သို့ စတင်ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ဈေးတွင် လှသူဇာ အလှပြင်သင်တန်းတတ်ရင်း ကြည့်မြင်တိုင်ရှိ စကားဝါရုံးတွင် အလုပ်ဝင်လုပ်ခဲ့သည်။ (၁/၈၄) ရုပ်ရှင်သင်တန်းမှတစ်ဆင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် ခင်သန်းနု၏ သမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံရပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စိန်လိုက်လေကြာသလားလို့ ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင် မူပိုင်ချစ်သူရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း ၁၉၉၆ခုနှစ်တွင် အလင်းဖျော့ကောင်းကင် ဖြင့်လည်းကောင်း ၂၀၀၁ ခုနှစ်တွင် ချစ်ခြင်း၏အခြားမဲ့၌ ဖြင့်လည်းကောင်း အမျိုးသမီး ဇာတ်ဆောင်ဆုလေးဆု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ငါ သူတစ်ပါး ယောက်ကျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။

ငွေကြေးလိမ်လည်မှု

မေသန်းနုသည် ၂၀၁၆ ခုနှစ်တွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။[2][3][4]

ရရှိခဲ့သည့်ဆုများ

ခုနှစ် ဆု ကဏ္ဍ ဇာတ်ကား ရလဒ်
၁၉၉၂ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မူပိုင်ချစ်သူ ဆုရရှိ
၁၉၉၅ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပုဂံမှာသာတဲ့လ ဆုရရှိ
၁၉၉၆ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အလင်းဖျော့ကောင်းကင် ဆုရရှိ
၂၀၀၁ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချစ်ခြင်း၏အခြားမဲ့၌ ဆုရရှိ
၂၀၀၂ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ငါ သူတစ်ပါး ယောက်ကျား မိန်းမ ဆုရရှိ
၂၀၁၇ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်ဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ထာဝရအမေ ဆန်ကာတင်

ကိုးကား

  1. Fame၊ Asian (2016-10-25)။ ငွေကြေးနှင့် စာရွက်စာတန်း အပေးအယူ ကိစ္စ ကြေညာချက် ပြန်လည် ရုပ်သိမ်း သွားရခြင်း အကြောင်း အကယ်ဒမီ မေသန်းနု ရှင်းလင်း ပြောကြား (in my)။
  2. အောင်မျိုးသန့် (၂ ဇန်နဝါရီ ၂၀၂၀)။ ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မေသန်းနုအား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ် Eleven Media။ ၃ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. သရုပ်ဆောင် မေသန်းနုကို လိမ်လည်မှုဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ် The Voice (၂ ဇန်နဝါရီ ၂၀၂၀)။ ၃ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ယုဖြူဟန် (၂ ဇန်နဝါရီ ၂၀၂၀)။ အကယ်ဒမီမေသန်းနု လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁နှစ်ကျခံရ ဧရာဝတီ သတင်းဌာန။ ၃ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.