မောင်

မောင်သည် မြန်မာလူငယ်အမည် ရှေ့တွင် အသုံးပြုသော စကားလုံး တစ်မျိုး (မြန်မာတို့သည် စကားပြော ယဉ်ကျေးစေရန်အတွက် အမည်ရှေ့၌ အခြားစကားလုံးများလည်း ထည့်သုံးသေးသည်) ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမည် အဖြစ်လည်း သုံးသည်။ မောင်ဟူသော စကားလုံးသည် အဓိပ္ပါယ်အမျိုးမျိုး ရှိသည်။

ဤနေရာတွင် အမည်အသုံးပြုပုံကို ရှင်းပြမည်ဖြစ်သည်။ လူငယ်များအား ချစ်ခင်လေးစားသော အားဖြင့် အမည်၏ရှေ့၌ မောင်ဟူ၍တပ်ကာခေါ်ဆိုကြသည်။ ဥပမာအနေဖြင့် လူငယ်ကလေး၏ အမည်သည် ရဲသွင်ဖြစ်သည်။ ထို့ကြောင့် မောင်တပ်၍ ခေါ်ဆိုသောအခါ မောင်ရဲသွင် ဖြစ်သည်။

သို့ရာတွင် ချစ်သူမိန်းကလေးများ၊ အိမ်ထောင်ရှင်မများက ၎င်းတို့ချစ်သော ချစ်သူယောက်ျားလေး(သို့မဟုတ်) လင်တော်မောင်အား မောင် ဟူ၍ ချစ်စနိုးခေါ်ဝေါ်ကြသေးသည်။ အင်္ဂလိပ်လူမျိုးတို့၏ အမည်ရှေ့၌ Mr. ၊ Mrs စသော စကားလုံးများကဲ့သို့ ပင်ဖြစ်သည်။ သို့သော် မြန်မာစကားသည်ကား ပို၍ပင် အမျိုးများသေးသည်။

( Maung is a young man Burmese Name, likes Mr.And than, it is one of the worlds in Burmese Language,that can be use to polite. )

ဆက်လက်ဖတ်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.