မောင်ထင်

မောင်ထင် (၂၁ မတ် ၁၉၀၉–၂၉ ဇန်နဝါရီ ၂၀၀၆) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၀၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အဖ ဦးတရောင်၊ အမိ ဒေါ်စိန်ပွင့် တို့မှ ဧရာဝတီတိုင်း လပွတ္တာမြို့၌ ဖွားမြင်သည်။ အမည်ရင်းမှာ ဦးထင်ဖတ် ဖြစ်သည်။

မောင်ထင်
မွေးဖွားမောင်ထင်ဖတ်
(၁၉၀၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၁)မတ် ၂၁၊ ၁၉၀၉
လပွတ္တာမြို့ဧရာဝတီတိုင်း
ကွယ်လွန်ဇန်နဝါရီ ၂၉၊ ၂၀၀၆(၂၀၀၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၉) (အသက် ၉၆)
အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
အလုပ်အကိုင်စာရေးဆရာ
ပညာရေးဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ရရှိသည့်ဆုများ

ငယ်စဉ်ဘဝ

လပွတ္တာမြို့ဦးခန္တီကျောင်းနှင့် ဦးဘိုးထွန်းကျောင်းများတွင် စတင်ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့မအမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ မြောင်းမြတိုင်းရင်းသားအထက်တန်းကျောင်း မှ ဟိုက်စကူးဖိုင်နယ်၊ ၁၉၃၃ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ(ဝိဇ္ဇာဘွဲ့) ရရှိအောင်မြင်ခဲ့သည်။

ကျင်လည်ရာဘဝ

၁၉၃၅ တွင် မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ လုပ်ခဲ့သည်။ ၁၉၃၆-၁၉၄၂ ခုနှစ်တွင် မြို့ပိုင်၊ ၁၉၄၃-၁၉၄၄ ခုနှစ်တွင် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန်၊ ၁၉၄၄-၁၉၄၅ ခုနှစ်တွင် သတင်းနှင့်ဝါဒဖြန့်ချိရေးဌာန ဒုတိယအတွင်းဝန်၊ ၁၉၄၆-၁၉၄၇ ခုနှစ်တွင် အသံလွှင့်ဌာန ညွှန်ကြားရေးဝန်၊ ၁၉၄၇-၁၉၄၉ ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီးဌာန (ခေတ္တ) ရခိုင်တိုင်းမင်းကြီး၊ ၁၉၄၉ ခုနှစ်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး အဖြစ် အမှုထမ်းခဲ့ပြီး အစိုးရအမှုထမ်းဘဝမှ နုတ်ထွက်ခဲ့သည်။

၁၉၅၀-၅၅ ခုနှစ်တွင် ရန်ကုန်သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ၊ ၁၉၅၅-၅၈ ခုနှစ်တွင် စာပေဗိမာန် စွယ်စုံကျမ်း အတိုင်ပင်ခံ၊ ၁၉၅၇-၇၇ တွင် လန်ဒန်တိုင်း သတင်းထောက်နှင့် အလွတ်သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၅၉ တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝန်အဖြစ် တာဝန်ပေးခြင်းခံရသည်။ ထို့အပြင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် သမိုင်းဖြစ်ရပ်မှန် ပြုစုရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ငဘ ဝတ္ထုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် ဘာသာများဖြင့် ပြန်ဆိုထုတ်ဝေခံခဲ့ရသည်။ ၁၉၉၃ ခုနှစ်မှစ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာအမျိုးမျိုး ရေးသားပြုစုခဲ့သည်။

ကွယ်လွန်ခြင်း

၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက် နံနက် ၈ နာရီတွင် အင်းစိန်မြို့နယ် နေအိမ်တွင် ကွယ်လွန်သည်။

ရေးသားခဲ့သောစာအုပ်များ

  • ကိုဒေါင်း (၁၉၃၇)
  • မြို့အုပ်မင်းဆိုး ဘုံရုံကဗျာ (၁၉၃၇ -၁၉၄၁)
  • ဘာအရေးကြီးဆုံးလဲနှင့်အာဇာနည်မိခင်ပြဇာတ် (၁၉၄၄)
  • ငဘ (၁၉၄၇)
  • ရာဇဓမ္မသင်္ဂဟကျမ်းနှင့်ယောမင်းကြီးဦးဖိုးလှိုင် အတ္ထုပ္ပတ္တိ (၁၉၆၀)
  • မျိုးဖျက်ရန်သူ (၁၉၆၀)
  • ဗမာ့နိုင်ငံရေးသုခမိန် (၁၉၆၅)
  • ပုရှ်ကင်၏မုန်တိုင်းထဲကနဖူးစာနှင့်အခြားဝတ္ထုတိုများ (၁၉၆၅)
  • မြန်မာ့လယ်ယာမြေစနစ် (၁၉၆၆)
  • မိုပါဆွန်းဝတ္ထုတိုများ (၁၉၆၆)
  • လောကအမြင် (၁၉၆၇)
  • မောင်ထင်၏ဝတ္ထုတိုများ (၁၉၆၈)
  • ကမ္ဘာ့စာပေအညွှန်း (၁၉၇၄ - ၁၉၈၇)
  • အံ့ဖွယ်ပုံပြင် (၁၉၇၄)
  • မြို့အုပ်ပုံပြင် (၁၉၇၆)
  • အနာဂတ္တိကျမ်း (၁၉၇၇)
  • မြင်ဝါတောင် (၁၉၇၇)
  • ဂါလီဗာခရီးစဉ် (၁၉၈၁) အမျိုးသားစာပေဆု - ဘာသာပြန်
  • ဂန္ထဝင်သံခိပ် (၁၉၉၉)

ရရှိခဲ့သောဆုများ

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.