မောင်မောင်ကျော်

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် မြန်မာနိုင်ငံ တပ်မတော် (လေ)ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။ သက်ပြည့် အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ခန့်အပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။[1]

ဗိုလ်ချုပ်ကြီး
ဇေယျကျော်ထင်

မောင်မောင်ကျော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဇန်နဝါရီ ၂၀၁၈
ယခင်လူဗိုလ်ချုပ်ကြီး ခင်အောင်မြင့်
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)ဒေါ်အောင်မာမြင့်
ဖခင်ဗိုလ်ချုပ်ကြီး သူရကျော်ထင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (လေ)
ရာထူးဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ယခင်က စစ်ဦးစီးအရာရှိချုပ်(လေ) အဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် ထမ်းဆောင်ခဲ့သည်။[2] ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ဖခင်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးသူရကျော်ထင် ဖြစ်သည်။[2]

ကိုးကား

  1. ကာကွယ်ရေးဦးစီးချုပ် (လေ) ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန် Eleven Media (၂ ဇန်နဝါရီ ၂၀၁၈)။ ၄ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရကျော်ထင်၏ အငယ်ဆုံးသားကို လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ် The Voice (၂ ဇန်နဝါရီ ၂၀၁၈)။ ၄ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.