မောင်မောင်အုန်း

ဦးမောင်မောင်အုန်း သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[1]

ဦးမောင်မောင်အုန်း
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ ဇူလိုင် ၂၀၁၄  ၃၀ မတ် ၂၀၁၆
ယခင်လူဦးလှမောင်တင်
ဆက်ခံသူဦးညီပု
ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[2] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[3] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[4]

ကိုးကား

  1. Lawi Weng။ "General Appointed Arakan Chief Minister, Govt Tells Local MPs"၊ The Irrawaddy၊ ၂၅ ဇွန် ၂၀၁၄ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  2. Mratt Kyaw Thu။ "Rakhine State Chief Minister resigns"၊ Mizzima၊ 20 June 2013 ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  3. "New Chief Minister for Myanmar’s Rakhine State to Serve for Only a Year"၊ Radio Free Asia၊ 27 June 2014 ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
  4. Wa Lone၊ 4 July 2014။ "New chief minister to face close scrutiny from MPs"၊ Myanmar Times ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.