မျက်မှန်

ပေနှစ်ဆယ် အဝေးမှ မြင်သင့်မြင်ထိုက်သည့် အရာများအား ကောင်းစွာမြင်နိုင် သော မျက်စိကို အခြေမှန် မျက်စိဟုခေါ်သည်။သို့ရာတွင် ချွတ်ယွင်းချက်မရှိဘဲ လုံးဝကောင်းမွန်သည့် မျက်လုံးရှိသူ လောကတွင် အလွန်ရှားပါးလှ၏။ အချို့ မျက်လုံးတွင် ချွတ်ယွင်းချက်မှာ အနည်းငယ်မျှဖြစ်၍ လျစ်လျူရှုနိုင်ပေသည်။ အချို့ ချွတ်ယွင်းချက်မှာ ကြီးကျယ်သဖြင့် မျက်စိဝေနေတတ်၍ အရာဝတ္ထုများကို မှုန်မွှားမွှားသာ မြင်ရလေသည်။ ဤသို့ ဖြစ်ခြင်းကို မျက်မှန်ဖြင့်ပြုပြင်ပေးနိုင်သည်။ မျက်မှန်သည် မှန်ဘီလူးဝိုင်းကလေးများသာဖြစ်သည်။ မျက်စိ၏ ချွတ်ယွင်းချက် များ ပပျောက်စေရန်အတွက် မျက်မှန်ကို တပ်ဆင်ကြရသည်။

မျက်မှန်, c.1920s

မျက်မှန်ဖြင့် ပြုပြင်ပေးရသော မျက်စိမှုန်ခြင်းမျိုး၏ အကြောင်းရင်းများမှာ (၁) မျက်လုံးအိမ်အနေအထား မှားယွင်းချွတ်ချော်နေခြင်း၊ (၂) အသက်ကြီးရင် ့လာခြင်း၊ (၃) မျက်စိအာရုံနှင့်ဆိုင်သော ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်လေသည်။ ပထမ အမျိုးအစားသည် ကောနိယခေါ် မျက်ကြည် ချွတ်ယွင်း မှုကြောင့် ဖြစ်တတ်သည်။ ထိုပြင် မျက်ကြည်အနေမှားနေမှုကြောင့်လည်း ဖြစ်တတ် သည်။ ဤသို့ မျက်ကြည် အနေမှားမှုကို ဆလင်ဒါခေါ် ထုလုံးရှည်သဏ္ဌာန် ရှိသော မှန်မှ ဖြတ်ယူရသော မှန်ဘီလူးမျိုးဖြင့် ပြုပြင်ယူရသည်။

မျက်စိမှုန်ခြင်းတွင် အဝေးမှုန်ခြင်းနှင့် အနီးမှုန်ခြင်းဟူ၍ နှစ်မျိုး ရှိသည်။ လူတိုင်းလူတိုင်းသည် အသက်ကြီးလာလျှင် အနီးမှုန်လာတတ်ကြသည်။ သို့သော် နဂိုကတည်းက အဝေးမှုန်သူတို့မှာ အနီးကြည့်ရာ၌ အလွန် ကောင်းမွန် ကြည်လင်သည့်အလျောက်အသက်အရွယ် ကြီးရင့်လာစေကာမူ၊ စာကြည့်ရာ၌ မျက်မှန်တပ်ရန် မလိုကြချေ။ အနီးမှုန်ခြင်းအတွက် မှန်ဘီလူးခုံးကို လည်းကောင်း၊ အဝေးမှုန်ခြင်းအတွက် မှန်ဘီလူးခွက်ကို လည်းကောင်း တပ်ဆင်ရသည်။ တတိယ အမျိုးအစား မျက်စိချွတ်ယွင်းခြင်းအတွက် ပရစ်ဇင်ခေါ် သုံးမြော|င့် ဖန်တုံးများမှ သွေးယူရသော မှန်ကို တပ်ဆင်ရလေသည်။

မျက်မှန် စတင် အသုံးပြုခဲ့ကြသည်မှာ ၁၃ ရာစုခေတ်လောက်က ဖြစ်ရာ၊ ရော်ဂျာဗေကင် ဆိုသူ မျက်မှန် ပါရဂူကြီးတစ်ဦးကစတင်တီထွင်ခဲ့သည်။ ရှေးက မျက်မှန်များမှာ ရိုးရိုးဖန်ဖြင့်ပြုလုပ်ကြ၍ ဈေးပေါခဲ့သော်လည်း ယခုအခါတွင်မူ အထူးရွေးချယ်ထားသောဖန်အမျိုးအစားများဖြင့်သာ စီမံ ပြုလုပ်ထားသဖြင့် ပိုမိုကောင်းမွန်ပြီးလျှင် ဈေးလည်း အတော်ကြီးမြင့်ပေသည်။ ယခုအခါ၌ တစ်စုံတစ်ယောက်သည် မျက်စိမှုန်သည်ဟု မိမိကိုယ်ကိုမိမိ သက‡ာမကင်း ဖြစ်လာလျှင် မျက်စိရောဂါကု ဆရာဝန်ထံ သွားရောက် ပြသရပေသည်။

ဆရာဝန်သည် မျက်စိကို အမျိုးမျိုးစမ်းသပ်ပြီးနောက် မျက်စိမှာ အကယ်မှုန် နေခဲ့လျှင် မည်မျှအားရှိသော မျက်မှန်ကိုအသုံးပြုသင့်ကြောင်းညွှန်ကြားလိုက်သည်။ ထိုအခါ မျက်မှန်ရောင်းသူထံသို့ သွားရောက်၍ ထိုညွှန်ကြားလိုက်သော မျက်မှန်မျိုးကို ဝယ်ယူတပ်ဆင်ရပေသည်။

မျက်မှန် အမျိုမျိုးရှိသည်။ ယင်းတို့မှာ မှန်ဘီလူး နှစ်ခုပါဝင်၍ နားနောက် ဖက်တွင် ချိတ်ထားနိုင်သော အမြင်များသည့် မျက်မှန်မျိုး၊ မှန်ဘီလူးနှစ်ခုပင ပါဝင်၍ နှာခေါင်း၌ ည|ပ်ရသည့် မျက်မှန်မျိုး၊ မှန်ဘီးလူး တစ်ခုတည်းရှိသော မျက်မှန်မျိုးတို့ ဖြစ်၏။

အချို့ မျက်မှန်များမှာ မှန်ဘီလူးနှစ်ခု ပေါင်းစပ်ပြုလုပ်ထား၍ အောက်နားဖက်တွင် အနီးကြည့်အတွက် အားကြီးသော မှန်ဘီလူးတပ်ဆင်ထားခြင်းဖြင့် အဝေးနှင့် အနီးကိုပါ ကြည့်နိုင်လေသည်။ ထိုမျက်မှန်များသည် အထူးကောင်းမွန်သော ဖန်မျိုးဖြင့် ပြုလုပ်ထားသဖြင့် မျက်စိကို ဖယ်ရှားပစ်နိုင်သည်။ နေပူရှိန်ကြောင့် ကျိန်းစပ်ခြင်းစသော ရောဂါမျိုးမှလည်း ကာကွယ်ပေးနိုင်လေသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.