မျက်ရွဲ
မျက်ရွဲ (Beryl) သည် မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ဖြစ်သည်။ မြကဲ့သို့ပင် ဆဌဂုဏ်ပုံဆောင် စနစ်ဖြစ်ပြီး မာဆင့်မှာ ရ.၅ မှ ၈ အထိရှိသည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆမှာ ၂.၆၇ မှ ၂.၇၈ ထိရှိသည်။
မျက်ရွဲ အမျိုးအစားများ
- အရောင်မဲ့= ဂိုရှန်နိုက်( Goeshenite)
- အစိမ်းရောင်= မြ (Emerald) (ခရိုမီယံ ဒြမ်စင်အနည်းငယ် ပါဝင်သည်။)
- အပြာဖျော့ရောင်=မြပြာ(ခေါ်)အကွာမရင်း (Aquarmarine) (သံဓာတ် အနည်းငယ် ပါဝင်သည်။)
- အဝါရောင်= ဟီလီယိုဒေါ (Heliodor)
- ပန်းရောင်= မော်ဂန်နိုက် (Morganite)
- အနီရောင်= ဘိဇ်ဘိုက် (Bixbite)
အထူးသဖြင့် ဈေးကွက်အတွင်းတွင် မြပြာ (ခေါ်) မျက်ရွဲပြာသည် ရောင်းတန်းဝင် ကျောက်မျက်ရတနာဖြစ်ပါသည်။ အကောင်းဆုံးမှာ အပြာရင့်ရောင်ဖြစ်ပြီး အပြစ်အနာကင်းခြင်းနှင့် အောင်းဝင်များကင်းစင်ခြင်းတို့ပေါ် မူတည်၍ ဈေးကောင်းရတတ်ပါသည်။ မီးဖုတ်၍ အပူပေးပြုပြင်ခြင်း အားဖြင့် အရောင်ကိုပိုမိုတောက်ပစေလာနိုင်ပါသည်။
ထွက်ရှိရာဒေသများ
ကိုလံဘီယာနိုင်ငံသည် အကောင်းဆုံးသော မျက်ရွဲကျောက်များ ထွက်ရှိရာနိုင်ငံအဖြစ် ကျော်ကြားပြီး ဘရာဇီး ၊ အမေရိကန်ပြည်ထောင်စု ၊ ရုရှား ၊ အိန္ဒိယ ၊ မြန်မာ နှင့် တောင်အာဖရိကနိုင်ငံတို့တွင်လည်း မျက်ရွဲများထွက်ရှိပါသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.