မျိုးကျော့မြိုင်
မျိုးကျော့မြိုင် သည် မြန်မာလူမျိုး အဆိုတော်၊ အသံသွင်း ထုတ်လုပ်သူ၊ အသံ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူသည် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များက အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဟစ်ဟော့ တေးဂီတနှင့်ပတ်သက်၍ အလွှမ်းမိုးဆုံး အနုပညာရှင်တစ်ယောက်အဖြစ် ယူဆထားသည်။ သူသည် အနည်းဆုံး အလ်ဘမ်ပေါင်း ၁၁ အထိ ထုတ်လုပ်ခဲ့သည်။[1]
မျိုးကျော့မြိုင် | |
---|---|
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။ | ၂၉ ဧပြီ၊ ၁၉၇၁
မိခင်ကျောင်း |
|
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၉–လက်ရှိ |
အိမ်ထောင်ဖက်(များ) |
|
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ |
|
တေးသံသွင်း ကုမ္ပဏီ | |
ပူးတွဲ ပါဝင်မှု |
|
မျိုးကျော့မြိုင် သည် ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)မှ ဆင်းသက်လာသူဖြစ်သည်။[2]
တေးစီးရီးများ
- မိုးတွေရွာနေချိန်ခဏ (၁၉၉၂)
- ကမ္ဘာကြီးအပြင်ဘက် (၁၉၉၃)
- Virus 3 [ Rap `N´ Roll ] (၁၉၉၄)
- Virus 3 (ဒုတိယစီးရီးနှင့်တတိယစီးရီးများမှကောင်းနိုးရာရာသီချင်းများကိုပြန်လည်ရွေးထုတ်ခြင်း) (၁၉၉၅)
- အပိုင်းအစ တစ် (၁၉၉၅)
- အပိုင်းအစ တစ် နှစ်ပိုင်းတစ်ပိုင်း (၁၉၉၆)
- ပေါင်းစပ်ခြင်း(ဆောင်းဦးလှိုင်၊ သီရိဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၆)
- မျိုးကျော့မြိုင်(၂)Virus (၁၉၉၇)
- အဟောင်းဆုံးတေးများ (၁၉၉၈)
- သက္ကရာဇ် ၂၀၀၀ Remix (၂၀၀၀)
- သတိရရင်ပြီးတာပဲ(ကဗျာဘွဲ့မှူး နှင့် တွဲဖက်၍) (၂၀၀၀)
- ကျွန်တော့်နာမည်မျိုးကျော့မြိုင် (၂၀၀၁)
- အကောင်းဆုံးတေးများ (၂၀၀၁)
- မျိုးကျော့မြိုင်.Com (၂၀၀၂)
- စားသုံးကြည့်(ဒိုးလုံး နှင့် တွဲဖက်၍) (၂၀၀၂)
- လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃)
- တကယ်မချစ်ဘဲနဲ့(ထွန်းအိန္ဒြာဗို နှင့် တွဲဖက်၍) (၂၀၁၀)
- ပစ္စုပ္ပန် (၂၀၁၃)
- တဘက်စွန်းဂီတ [ Mini Album ] (၂၀၁၄)
- Into The Acoustic (၂၀၁၇)
- A Night With Myo Kyawt Myaing (၂၀၁၈)
- လူငယ်တွေ Sorry ပါ (၂၀၁၉)
ကိုးကား
- Myanmar MP3 MKM Discography
- Myaing, Wai Wai (2005).A Journey in Time: Family Memoirs (Burma, 1914–1948). iUniverse. p. 210. ISBN 9780595356515.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.