မျိုးကြီး
မျိုးကြီး (၁၉၇၆-) သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရော့ခ် အဆိုတော်တစ်ဦးဖြစ်သည်။ အိုင်းရင်းခရော့စ်ဂီတ အဖွဲ့နှင့် နှစ်ပေါင်းများစွာ တွဲဖက်သီဆိုခဲ့သော အဆိုရှင်တစ်ဦးဖြစ်သည်။[1]
မျိုးကြီး | |
---|---|
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | မျိုးမင်းဌေး |
မွေးဖွား | ၂၂ မတ်၊ ၁၉၇၆ |
ဂီတဟန် | Hard rock, heavy metal, soft rock |
အလုပ်အကိုင် | အဆိုတော် |
တက်ကြွသည့်နှစ်များ | ၁၉၉၂ - လက်ရှိ |
ပူးတွဲ ပါဝင်မှု | Iron Cross |
ထွက်ရှိခဲ့သောတေးစီးရီးများ
တကိုယ်တော် စီးရီးများ
- ကျောက်စာများ (၁၉၉၇)
- လေပြေ (၁၉၉၈)
- အခမ်းနားဆုံ
း (၂၀၀၀)
- အပြန်လမ်း (၂၀၀၂)
- ဆန့်ကျင်ဘက် (၂၀၀၃)
- နိစ္စဓူဝ (၂၀၀၆)
- Live in Yangon (၂၀၀၈)
- ယူလိုက် (၂၀၁၀)
- ပြောင်းလဲခြင်းများ (၂၀၁၅)
- သကြားဗူး (၂၀၁၇)
မိသားစုဘဝ
ဇင်မာလွင် (ခ) လုံးလုံး နှင့် ၂၀၀၀ ပြည့်၊ မေလ ၂၀ ရက်တွင် လက်ထပ်သည်။
၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်နေ့တွင် မျိုးကြီးနှင့် ဇနီးဖြစ်သူတို့သည် မြန်မာနိုင်ငံရှိ ထင်ရှားသူများထဲမှ ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိရသူများ ဖြစ်လာခဲ့သည်။[2]
ကိုးကား
- Myo Gyi, A Brief Biography of him and The albums He Has Released (နိုဝင်ဘာ ၂၀၁၂)။ ၁၆ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- "Myanmar rock icon one of 21 new COVID-19 patients"၊ The Myanmar Times၊ 14 April 2020။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.