မြကျိုင်းတောင်

မြကျိုင်းတောင်သည် ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာအနီး တောင်ဘက်တွင် တည်ရှိပါသည်။တောင်ပေါ်တွင် စေတီပုထိုးများ၊ ရေကန်၊ ဘုန်းကြီးကျောင်းများရှိပါသည်။နှစ်စဉ်နှစ်တိုင်းဘုရားပွဲကို တန်ဆောင်မုန်းလတွင်ကျင်းပပါသည်။ဇာတ်ပွဲများ၊ ဈေးဆိုင်တန်းများ၊ တောင်ပေါ်သို့တက်ရောက်လာကြသူများနှင့်အလွန်စည်ကားလှပါသည်။တန်ဆောင်မုန်းလပြည့်နေ့တွင်မနက်စောစော တောင်ပေါ်တက်ရောက်ကြသည့်အလေ့အထရှိပါသည်။လိပ်ကန်၊ လွမ်းစေတီ၊ ကရဝိတ်၊ သစ်တစ်ပင်တောင်ထိပ်အထိ တက်ရောက်ကြပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.