မြင့်လှိုင်
ဦးမြင့်လှိုင် သည် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[2] သူသည် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အနားယူခဲ့သူ ဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွင် စစ်ဦးစီး အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[2] ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
မြင့်လှိုင် | |
---|---|
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | နိုင်ငံလင်း (NLD) |
မဲဆန္ဒနယ် | ဒက္ခိဏသီရိမြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၁၃,၃၉၈ (၉၀.၁၄%)[1] |
စစ်ဦးစီး အရာရှိချုပ် (လေကြောင်းရန် ကာကွယ်ရေး) | |
တာဝန်သက်တမ်း ? – ? | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မိုးကုတ်မြို့၊ မြန်မာနိုင်ငံ | ၁၃ ဩဂုတ်၊ ၁၉၅၃
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | -၂၀၁၀ |
ရာထူး | ဒုတိယ ဗိုလ်ချုပ်ကြီး |
ကိုးကား
- "MANDALAY DIVISION"၊ Alternative Asean Network on Burma။ 15 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 22 March 2012။
- Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.