မြင့်⁠မြင့်​ခင် (ရုပ်ရှင်သရုပ်​ဆောင်)

စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၆ ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး သူမအား ဩဂုတ်လ ၁၄ ရက်နေ့၊ ၁၉၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သူမသည် မြန်မာ့ရုပ်ရှင်လောကတွင် ပါရမီရှင်အများအပြားအထဲမှ တစ်ဦးဖြစ်သည်ဟုဆိုနိုင်ပေသည်။ သူမအား ပရိတ်သတ်များက ဘေဘီမြင့်မြင့်ခင် ဟူ၍လည်း ချစ်စနိုး ခေါ်ကြသေးသည်။ ထို့အပြင် သူမသည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုရှင် မေဆွိ၏ အမေလည်း ဖြစ်သည်။

ဒေါ်မြင့်မြင့်ခင်
၁၉၅၀ ဆယ်စုနှစ်ဝန်းကျင်က ဒေါ်မြင့်မြင့်ခင်
မွေးဖွားခင်ကြည်
(1934-08-13) ၁၃ ဩဂုတ်၊ ၁၉၃၄
သန်လျင်မြို့ပဲခူးစီရင်စု
ဗြိတိသျှဘားမား
အခြား အမည်များRita Fairmen
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၉–၁၉၉၆
အိမ်ထောင်ဖက်(များ)ဦးခင်မောင်ညွန့် (၁၉၅၆–၂၀၁၀)
သားသမီးတင်အေးမြင့် (သီရိကေခိုင်)၊ ခင်အေးမြင့်၊ အေးအေးမြင့်၊ ဆွေအေးမြင့် (မေဆွိ)၊ လဲ့ရည်မြင့်
မိဘ(များ)ဦးဖိုးမြင့်၊ ဒေါ်စောကြည်
ရရှိသည့်ဆုများ
  • ချစ်ညီမ (၁၉၅၇)
    (အမျိုးသမီး ပညာသည်ဆု)
  • ဖြေလျော့ခွင့်(၁၉၅၈)
    (အမျိုးသမီး ပညာသည်ဆု)
  • မုန်းပါတယ် မောင့်ကို (၁၉၇၃)
    (အမျိုးသမီး ဇာတ်ဆောင်ဆု)
  • မှတပါး အခြားမရှိပြီ (၁၉၈၀)
    (ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု)
  • မြင့်မိုတောင်ဦး မကကျူးသား (၁၉၉၆)
    (အမျိုးသမီး ဇာတ်ဆောင်ဆု)
  • တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု (၂၀၁၈)

၁၉၃၄ ခုနှစ်တွင် အဖ ဦးဖိုးမြင့်၊ အမိ ဒေါ်စောကြည်တို့မှ ဒေါ်မြင့်မြင့်ခင်အား သန်လျင်မြို့တွင် မွေးဖွားခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ် နယ်ချဲ့လက်အောက်တွင် ရှိနေသေးသည်။၁၉၄၉ ခုနှစ်တွင် ရန်ကုန် မိန်းကလေးကျောင်းတွင် သတ္တမတန်းကို တတ်ရောက်သင်ကြားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မာယာရှင်ဇာတ်ကားကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် ၁၉၅၀ ခုနှစ်အတွင်း မြန်မာ့အမျိုးသမီး ရုပ်ရှင်လောက၌ ပြိုင်ဘက်ကင်းသော အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမ၏ ရုပ်ရှင်သက်တမ်း ဆယ်စုနှစ်အတွင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း စွမ်းဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၆ ခုအား ထိုက်တန်စွာ ရရှိခဲ့သည်။

ဆုချီးမြှင့် ခံရခြင်း

ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်လောကတည်းကို ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးတဲ့ မာယာရှင် အသံတိတ် ဇာတ်ကားနဲ့ ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ့ကြိုးစားမှုကြောင့် ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ချစ်ညီမ ဇာတ်ကားနဲ့ အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ရရှိခဲ့ပါသည်။

၁၉၅၈ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့တဲ့ မုန်းပါတယ်မောင့်ကို ဇာတ်ကားနဲ့ တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ ပြန်ပါသည်။

အဲဒီနောက်မှာတော့ ဒေါ်မြင့်မြင့်ခင်ဟာ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာရပြီး ၁၉၈၀ ပြည့် နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုကို ရေးသားရိုက်ကူးတဲ့ မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ် မြောက် အကယ်ဒမီဆု)ကို ဆွတ်ခူးရရှိခဲ့ပါသည်။

အမေခန်းများမှာ ဆက်တိုက်ပါဝင် သရုပ်ဆောင်ရင်း ၁၉၉၆ ခုနှစ်မှာ ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ရိုက်ကူးခဲ့တဲ့ မြင်းမိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားနဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီးဇာတ် ဆောင်ဆု (ပဉ္စမအကြိမ် မြောက် အကယ်ဒမီဆု) ကို ဆွတ်ခူး ရရှိခဲ့ပါသည်။

ဒီဆုယူအပြီး ကျေးဇူးတင်စကား ပြောကြားစဉ် သမီးငါးယောက်ရှိတဲ့ အတွက် ရွှေစင်ရုပ် တစ်ဆုစီ အမွေပေးနိုင်ပြီ ဖြစ်ကြောင်း ဒါပေမယ့် မြေးများ ရှိသေးတဲ့အတွက် သူတို့ကိုပေးနိုင်ဖို့ ဆက်လက်ကြိုး စားသွားပါဦးမယ်လို့ ဒေါ်မြင့်မြင့်ခင်က ထည့်သွင်း ပြောကြားသွားပါသည်။

ဒေါ်မြင့်မြင့်ခင် လျှမ်းလျှမ်းတောက်စဉ် ကာလမှာ ရန်ကုန်မြို့ ဦးဝိစာရ အိမ်ရာ စခန်းမှာ နေထိုင်သူ မောင်မျိုးသော် (စက်မှုတက္ကသိုလ်) က ရုပ်ရှင် မင်းသား၊ မင်းသမီးများကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်များ အတွက် ဓာတ်ပုံများ အလွယ် တကူ ရရှိနိုင်အောင် Fan Club ဖွဲ့စည်းကာ လစဉ် မင်းသား၊ မင်းသမီးများရဲ့ ပုံများ အဖွဲ့ဝင်များထံသို့ ပေးပို့ ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ဒေါ်မြင့်မြင့်ခင် နုပျိုစဉ် ဖြစ်တဲ့အတွက် ဖက်ရှင် အမျိုးမျိုး၊ ဆံပင်ပုံစံ အမျိုးမျိုးနဲ့ တွေ့မြင်နိုင်ပါသည်။

အဆိုရှင်ဘဝ

ဒေါ်မြင့်မြင့်ခင်ဟာ သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ် တဲ့အတွက် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်တဲ့ “ဧရာဝတီ” ၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “စန္ဒာ” ၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိတဲ့ သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။ ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနဲ့အတွဲ ညီတဲ့ စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။

ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်တဲ့ “ချစ်သူ့နယ်မြေ”၊ “.....” တို့ဟာလည်း ရုပ်ရှင် သီချင်းများဖြစ်ပေမယ့် ဓာတ်ပြား သွင်းရာမှာတော့ ရောင်းတန်းဝင် အဆိုကျော်များနဲ့ သွင်းယူခဲ့ကြတာကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်နဲ့သာ လူသိများခဲ့ပါသည်။

အသက်အရွယ် ရလာတဲ့ ဒေါ်မြင့်မြင့်ခင်ဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးခဲ့တဲ့ အိုပယ် ဒီဗီဒီကားမှာ သားနဲ့ ချွေးမတို့ရဲ့ အပစ်ပယ်ခံ မိခင် အိုကြီးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့သလို ဒေါ်မြင့်မြင့်ခင် အသက် ၇၅ နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်အဖြစ် ဒါရိုက်တာ မောင်ဗေဒါ ရိုက်ကူးခဲ့တဲ့ အမေ ဒီဗီဒီ ကားမှာ လည်း သားနှစ်ယောက် မိခင်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါသည်။ ဒီနေ့ခေတ် ဗီဒီယို၊ ဒီဗီ ဒီ၊ ရုပ်ရှင်များမှာ အမျိုးသမီး သရုပ်ဆောင်များ ကိုယ်တိုင်က အမေနေရာကနေ ပါဝင် သရုပ်ဆောင်နေကြတာကြောင့် တစ်ကြောင်း အသက်အရွယ် ရလာတဲ့အတွက် မင်းသား၊ မင်းသမီးတို့ အမေနေရာထက် အဘွားနေရာနဲ့သာ ပိုမိုလိုက်ဖက်ခြင်းကြောင့် တစ်ကြောင်း ဒေါ်မြင့်မြင့် ခင်အနေနဲ့ ကားရိုက်နည်းပါး သွားပြီး အိမ်မှာနေရင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်ရင်း တရားဘာဝနာ ပွားများနေခဲ့သည်။

ထို့နောက် ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။ သူမသည် သားသမီး ငါးယောက်ဖွားမြင်ခဲ့သည်။ ခင်ပွန်းသည် ဦးခင်မောင်ညွန့်မှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကွယ်လွန်သွားခဲ့လေသည်။ သူမ၏ သမီးများမှာ-

  • တင်အေးမြင့်(သီရိကေခိုင်)
  • ခင်အေးမြင့်
  • အေးအေးမြင့်
  • ဆွေအေးမြင့်(မေဆွိ)
  • လဲ့ရည်မြင့်

တို့ ဖြစ်ကြသည်။ [1] [2]

ကျန်းမာရေး

ဒေါ်မြင့်မြင့်ခင်သည် အသက် ၈၀ ကျော်တိုင် ကျန်းမာစွာ နေထိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဇာတ်ကားများ အကဲဖြတ်ကြည့်ရှုရန် လာရောက်ရင်း ချော်လဲကျသောကြောင့် လက်ကျိုးခဲ့ရသည်။[3]

ကိုးကား

  1. မော်ကွန်းတင်ပြီးမိတ္တူ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2010 တွင် ပြန်စစ်ပြီး။
  2. (ဝင်းငြိမ်း)ရွှေအမြူတေ
  3. အကယ်ဒမီအတွက် ဇာတ်ကားကြည့်ဖို့လာရင်း ချော်လဲပြီး လက်ကျိုးသွားတဲ့ ဒေါ်မြင့်မြင့်ခင် 7 daily news (၁၇ ဖေဖော်ဝါရီ ၂၀၁၉)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.