မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

အသင်းဖွဲ့စည်းခြင်း

ပြည်ထဲရေး ဝန်ကြီးဌာန၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့၏ ၃-၁၁-၂၀ဝ၃ ရက်စွဲပါ စာအမှတ် ၁၀၁/ ၆၈-၁/ ဦး ၁ ဖြင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းကို ဖွဲ့စည်းခွင့်ပြုပြီး၊ ပထမအဖွဲ့ဝင် ၁၁ ဦးသည် အသင်း၏ သင်းဖွဲ့စည်းမှုများနှင့်အညီ အမှုဆောင်အဖွဲ့ကို ရွေးချယ်ခန့်အပ်ပြီး ဆောင်ရွက်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ နှစ်စဉ် မှတ်ပုံတင်သက်တမ်း တိုးရန် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အသင်း၏ရည်ရွယ်ချက်များ

အသင်း၏ ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံစာရင်းကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေအရ မှတ်ပုံတင်ထားသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအား ခိုင်ခန့်သော စာရင်းကိုင်ပညာဖြင့် အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုသည့် အဆင့်အတန်း အရည်အသွေးမြင့်မားလာစေရန် စုပေါင်း၍ ဘက်စုံဆောင်ရွက်ရန် ဖြစ်သည်။

ရှေ့လုပ်ငန်းစဉ်များ

အသင်း၏ အနှစ်ချုပ် ရည်မှန်းချက်မှာ အသင်းသားများ စာရင်းကိုင်ခြင်း၊ စာရင်းစစ်ခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ အခွန်နှင့်လုပ်ငန်းဆိုင်ရာ အကြံပေးခြင်းစသည့် ဝန်ဆောင်မှုများပေးရာ၌ မှန်ကန် ကောင်းမွန်သော အရည်အသွေးပြည့်ဝစွာ ပေးနိုင်သည့် စံနှုန်းကို မြင့်သည်ထက်မြင့်အောင် ဆောင်ရွက်ရန် ဖြစ်သည့်အားလျော်စွာ ရှေ့လုပ်ငန်းစဉ်များအဖြစ် မြန်မာနိုင်ငံစာရင်းကောင်စီ၏ လမ်းညွှန်မှုပေါ် မူတည်၍ CPE ဆိုင်ရာ ကိစ္စများအတွက် ဟောပြောပွဲများနှင့် ရက်တိုသင်တန်းများကို ဦးစားပေး ဆောင်ရွက်သွားမည့် အပြင် အဖွဲ့ငယ်များဖြင့်လည်း အသင်းလုပ်ငန်းများကို ထိရောက်စွာဆက်လက် ဆောင်ရွက်သွားရန် ရည်ရွယ်သည်။

ပြင်ပအဆက်အသွယ်

http://myanmar-icpa.org/

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.