မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (Myanmar Engineering Society) သည် ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပညာရပ်ဆိုင်ရာ ဖွံဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် အသင်းကြီးဖြစ်သည်။ အသင်းတွင် ဌာနဆိုင်ရာအင်ဂျင်နီယာများ၊ နည်းပညာတက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပြင်ပပုဂ္ဂလိက အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အသင်းဝင်ပေါင်း ၂၂၅၆၂ ဦး ရှိထားပြီး ဗဟိုကော်မတီ တချို့မှာလည်း ဌာနဆိုင်ရာမှ တိုက်ရိုက်ခန့်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
ဆောင်ပုဒ်အင်ဂျင်နီယာစွမ်းအား ပြည်ထွန်းကား
ယခင်အဖွဲ့အစည်းThe Burma Engineering Congress
ဖွဲ့စည်းခြင်း၂၃ ဒီဇင်ဘာ ၁၉၉၅ (၁၉၉၅-၁၂-၂၃)
တရားဝင်အနေအထားActive
ဌာနချုပ်လှိုင်တက္ကသိုလ်များနယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဥက္ကဋ္ဌ
ဦးဝင်းခိုင်
ဝက်ဘ်ဆိုဒ်mes.org.mm

သမိုင်းကြောင်း

၁၉၁၆ ခုနှစ်တွင် The Burma Engineering Congress အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် The Association of Engineers in Burma ဟု အမည်ပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားသောကြောင့် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ အသင်းလှုပ်ရှားမှုများ ရပ်နားခဲ့ရသည်။ ၁၉၄၆ ခုနှစ်မှစ၍ အသင်းလှုပ်ရှားမှုများ ပြန်လည်စတင်ခဲ့သည်။ သို့သော် အစိုးရအဖွဲ့၏ ပါတီနှင့် အဖွဲ့အစည်းများ ဖျက်သိမ်းသည့် ဥပဒေကြောင့် ၁၉၆၃ ခုနှစ်တွင် အသင်းကို ဖျက်သိမ်းခဲ့သည်။[1]

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် The Association of Engineers in Burma အား မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အဖြစ် ရန်ကုန်နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ကိုးကား

  1. History of MES မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း။ 25 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။


ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.