မြန်မာအမျိုးစောင့်ဥပဒေ

မြန်မာအမျိုးစောင့်ဥပဒေ(Interfaith Marriage Law ) ကို မစိုးရိမ်တိုက်သစ် နာယက ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယ ဆရာတော် အရှင်ဝီရသူ နှင့် သံဃာများက၂၀၁၃ ခုနစ်၊ ဇွန်လတွင် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။

မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဒေါက်တာ ဓမ္မပီယ ဆရာတော် ဦးဝီရသူ စသော သံဃာတော် အရှင်သူမြတ်များက ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။[1][2]

မြန်မာနှင့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းခွင့်

မျိုးစောင့်ဥပဒေကို ဒေါက်တာ အရှင်ဓမ္မပီယ[3] နှင့် သံဃာများ၊ မြန်မာပြည်သူများက ထောက်ခံကြသည်။

ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့်

....ဘာသာ အသီးသီးမှာ သူတို့ဘာသာကို ကာကွယ်ဖို့ အတွက် မျိုးစောင့်ဥပဒေ(Interfaith Marriage Law ) ပြဋ္ဌာန်းချက် တွေ ရှိနေတာမို့ ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ ဒီလို ကာကွယ်ဖို့ ဆောင်ရွက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ကြောင်း ဗုဒ္ဒဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် မျိုးစောင့်ဥပဒေ(Interfaith Marriage Law ) တရပ် ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်နေပြီ.... ဟု အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းတွင် ကျင်းပခဲ့သော အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဩဝါဒ ခံယူပွဲ ခေါင်းစဉ်နဲ့ သံဃာ့အစည်းအဝေးတွင် အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါသည်။ မျိုးစောင့် ဥပဒေ မူကြမ်းကို သံဃာတော် တွေရဲ့ တိုက်တွန်းချက်အရ ရေးဆွဲခဲ့သော ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း..... မြန်မာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့အခါ တခြားဘာသာတွေရဲ့ စည်းကမ်း ဥပဒေတွေ ကိုတော့ Statutary Law လို့ ခေါ်တဲ့ ပြဋ္ဌာန်း ဥပဒေ အနေနဲ့ သတ်မှတ်ခံရပြီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကို ကျတော့ Customary Law လို့ ခေါ်တဲ့ ဓလေ့ထုံးတမ်း ဥပဒေအဆင့်သာ သတ်မှတ်တာကြောင့် ပြဿနာ ဖြစ်လာရင် သူများဘာသာရဲ့ ဥပဒေတွေကိုသာ လိုက်နာ နေရတယ်... ဟု ပြောပါသည်။ The face of Buddhist Terror ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြခဲ့တဲ့ Time Magazine ကိုလည်း ဒီအစည်းအဝေးတွင် ရှုတ်ချခဲ့ကြသည်။ သီတဂူ ဆရာတော် အသျှင် ညာဏိသရ က ......အခုအခါ မွတ်ဆလင် နိုင်ငံတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် လို နိုင်ငံတွေဟာ တချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တာကို ဆောင်းပါးရှင် Henna Beach က လစ်လျူရှုခဲ့ တယ်...လို့ ဆိုသည်။ [4]

အမျိုးစောင့်ဥပဒေ (၄) မျိုး

  • လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၂၈)

  • ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၄၈)

  • မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၅၀)

  • တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၅၄)

အထက်ပါ အမျိုးစောင့်ဥပဒေ (၄) မျိုးကို နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်မှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် တရားဝင်အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ တိုင်းနှင့်ပြည်နယ်အနှံ့ မျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားများကို ကျင်းပခဲ့ကြသည်။

ကိုးကား

  1. Monks Rally Behind Bill That Would Restrict Interfaith Marriage
  2. Monks promote law restricting interfaith marriages- DVB Multimedia Group
  3. မော်ကွန်းတင်ပြီးမိတ္တူ 8 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
  4. မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး သံဃာတော်တွေ ဆွေးနွေး - BBC News မြန်မာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.