မြလှိုင်

ဆရာမြလှိုင်ကို ၁၉၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့၌ အဖ ဦးစိန်သွင်၊ အမိ ဒေါ်ကျင်မြို့တို့က မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက် အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် ဖျာပုံ မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ၁၉၃၉ ခုနှစ်တွင် ဖျာပုံမြို့နယ် တို့ဗမာ အစည်းအရုံး အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

မြလှိုင်

အမည်ရင်း ဦးမြလှိုင်
မွေးသက္ကရာဇ် ၁၇၊ ၃၊ ၁၉၂၂

ကွယ်လွန် ၁၄၊ ၁၁၊ ၁၉၉ဝ
နိုင်ငံသား မြန်မာနိုင်ငံ
ပညာရေး ဒဿမတန်းအောင်
အလုပ်အကိုင် အယ်ဒီတာ၊ စာရေးဆရာ
မွေးရပ်ဇာတိ ဖျာပုံမြို့
မိဘ ဦးစိန်သွင် + ဒေါ်ကျင်မြိုင်


၁၉၄၁ ခုနှစ်တွင် မြို့မ အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာ့တပ်မတော်၌ ဖက်ဆစ်တော်လှန်ရေး ပြီးသည် အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဖျာပုံခရိုင် ပြည်သူ့ရဲဘော် အဖွဲ့ ဥက္ကဋ္ဌ၊ ဖျာပုံမြို့နယ် ဖဆပလ အဖွဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။


၁၉၄၆-၄၇ ခုနှစ်၊ ဖျာပုံမြူနီစပယ် ဥက္ကဋ္ဌ၊ ၁၉၄၈-၅၂ ခုနှစ်တွင် မြိတ်ခရိုင် စစ်ရဲတပ်ရင်း တပ်ခွဲ (၁၁)၊ မြိတ်ခရိုင် စစ်ဝန်ကြီးထမ်းတပ် ခေတ္တတပ်ရင်းမှူး၊ ၁၉၅၃-၅၆ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် စိတ်ဓာတ်စစ်ဆင်ရေး အရာရှိ၊ မြဝတီ မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ၁၉၆၉ ခုနှစ်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေစိစစ်ရေး ဌာန၊ စာပေ စိစစ်ရေးမှူး၊ တောင်သူလယ်သမား ဂျာနယ် တာဝန်ခံ အယ်ဒီတာ၊ ၁၉၈၁ ခုနှစ်၊ ဇွန်လတွင် ပေဖူးလွှာ မဂ္ဂဇင်း၌ စာတည်းမှူးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ သွေးသောက်၊ နဝဒေး၊ မိုးဝေ မဂ္ဂဇင်းများတွင် ဝတ္ထုရှည်၊ ဝတ္ထုတိုနှင့် ဆောင်းပါးများ ရေးသားခဲ့သည်။


'ဘဝနေဝင်ချိန်နှင့် ကျွန်တော်ငယ်စဉ်က အကြောင်း' အခန်းဆက် ဝတ္ထုမှာ လူကြိုက်များလှသည်။ ၁၉၇၅ ခုနှစ်တွင် 'တော်လှန်ရေးဝတ္ထုတိုများ' ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။ 'ဘုန်းကြီးကျောင်း ဒေါက်တာ မြတ်ကျော်နှင့် ကျွန်တော်ငယ်စဉ်က အကြောင်း' လုံးချင်း ဝတ္ထုများကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။

ဘဝနိဂုံး

ဆရာမြလှိုင်သည် ၁၄၊ ၁၁၊ ၉ဝ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. တော်လှန်ရေးဝတ္ထုတိုများ ၁၉၇၅
  2. ဘုန်ကြီးကျောင်းသား ဒေါက်တာမြတ်ကျော် ၁၉၇၆
  3. ကျွန်တော်ငယ်ငယ်က အကြောင်းများ ၁၉၇၇

[1]

ကိုးကား

  1. ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၈ စက်တင်ဘာ၊ ပထမအကြိမ်ထုတ် 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)' စာအုပ်မှ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.