မြသိန်း

ဦးမြသိန်းသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယမြောက် ခုံရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရွေးချယ်ခဲ့သော အဖွဲ့ဝင် (၃) ဦးတွင် ပါဝင်ပြီး နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သက်တမ်းပြည့်မြောက်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။

ဦးမြသိန်း

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.