မွန်ပြည်နယ်၏ အလံတော်


မွန်ပြည်နယ်အလံ မှာ အနီရောင်နောက်ခံတွင် ရွှေရောင်ဟင်္သာငှက်ရုပ်ပုံကို ရေးထိုးထားသည်။ အလံတော်၏ အရွယ်အစားမှာ အလျား ၆ ပေ၊ အနံ ၄ ပေ ဖြစ်သည်။ အလံသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြုခဲ့သည်။[2][3]

မွန်ပြည်နယ်
အချိုးအစား 2:3
ရွေးချယ်ခြင်း ၈ ဇွန် ၂၀၁၈[1]
ဒီဇိုင်း အနီရောင်အလံ၏ အလယ်တွင် ရွှေရောင်ဟင်္သာပုံ
Variant flag of မွန်ပြည်နယ်
အသုံးပြုခြင်း ယခင် အလံဟောင်း
အချိုးအစား 2:3
ဒီဇိုင်း အပြာရောင် နောက်ခံ၏ အလယ်တွင် ဟင်္သာအဝါနှင့် မွန်ပြည်နယ် စာတမ်း

သမိုင်းကြောင်း

ယခင်အစိုးရများ လက်ထက်က မွန်ပြည်နယ် ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုခဲ့သည်။[2]

မွန်ပြည်နယ် အစိုးရအဖွဲ့တွင် တရားဝင် အသုံးပြုမည့် အလံသစ်ကိစ္စကို ၂၀၁၈ခုနှစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြပြီး ရွှေဟင်္သာပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် နောက်ခံအနီရောင်ကို ရွေးချယ် အတည်ပြုခဲ့သည်။[2]

ကိုးကား

  1. "Mon State Hluttaw approves picture of golden hamsa on red background as Mon State flag" (in en)၊ Burma News International၊ 8 June 2018 21 August 2018 တွင် ပြန်စစ်ပြီး
  2. ဉာဏ်စိုးဝင်း (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ်အလံသစ် လွှတ်တော် အတည်ပြု ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ထွန်းမြတ်သူ (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ် ကိုယ်စားပြုအလံကို အတည်ပြု ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.