မွန်ပြည်သစ်ပါတီ

မွန်ပြည်သစ်ပါတီ၏ ဥက္ကဋ္ဌမှာ နိုင်ထောမွန်၊ ဒုဥက္ကဋ္ဌမှာ နိုင်ဟံသာ နှင့် အထွေထွေအတွင်းရေးမှူးမှာ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးမှာ နိုင်ဇွဲယျ၊ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံမှာ ဗဟိုအလုပ်မှုဆောင် နိုင်ဝင်းလှ၊ နိုင်ငံရေးဌာနကြီး တာဝန်ခံ နိုင်သိုက်ထော၊ ပြည်ပရေးရာဌာန တာဝန်ခံ နိုင်အေးမွန်၊ ဗဟိုအုပ်ချုပ်ရေးဌာနကြီး တာဝန်ခံ နိုင်ဗညားလယ်နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ စစ်ဦးစီးချုပ် နိုင်လယီဂကောင်း တို့ ဖြစ်ကြသည်။

မွန်ပြည်သစ်ပါတီ
တည်ထောင်ခြင်းဇူလိုင် ၁၉၅၈ (ဇူလိုင် ၁၉၅၈)
ဌာနချုပ်ရေးချောင်းဖျား
လက်နက်ကိုင်အဖွဲ့အစည်းမွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
မွန်အမျိုးသားရေး
အရောင်အနီ၊ အဝါ၊ အပြာ
ဝက်ဘ်ဆိုဒ်
newmonstateparty.org
ပါတီအလံ
ဒုဥက္ကဋ္ဌ နိုင်ဟံသာ

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.