မွန်သံဃရာဇာ

မွန်သံဃရာဇာကား ၈၉၂ခုတွင် တောင်ငူ၌နန်းတက်သော မင်းတရားရွှေထီးလက်ထက် ထင်ရှားသောဆရာတော်ဖြစ်သည်။ ၉ဝ၆ ခုတွင် မင်းတရားရွှေထီးသည် ဟံသာဝတီပြည် အနောက်ဘက်မွန်ကျောင်းအရပ်၌ ကျောင်းရံခုနစ်ဆယ်နှင့် တကွကျောင်းကြီးဆောက်လုပ်ပြီး မွန်ဆရာတော်အားတင်လှူ၍ သံဃရာဇာဘွဲ့တံဆိပ်ကိုလည်းလှူဒါန်းသည်။ သာသနာပိုင်လည်း အပ်နှင်းတော်မူသည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.