ယူနိုက်တက်အမရဘဏ်

ယူအေဘီဘဏ်ဟု အတိုကောက်ခေါ်သော ယူနိုက်တက်အမရဘဏ်(United Amara Bank) သည် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုပေးခဲ့သော ပုဂ္ဂလိကဘဏ် (၄)ခုထဲမှ တစ်ခုဖြစ်သည်။

ယူနိုက်တက်အမရဘဏ်
United Amara Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၆ ဩဂုတ် ၂၀၁၀
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးနေအောင်
အလုပ်သမားဦးရေ၁၇၀၀[1] (၂၀၁၄)
ဝက်ဘ်ဆိုက်unitedamarabank.com/my
ဆောင်ပုဒ်လုံခြုံစိတ်ချ အားထားယုံကြည် ယူအေဘီ

ဘဏ်ကို အဓိကပိုင်ဆိုင်သူမှာ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ဖြစ်သည်။ ရုံးချုပ် (ရန်ကုန်ရုံးခွဲ)သည် အမှတ်- ၅၂၀( အေ/၄ )၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။

သမိုင်း

ယူအေဘီ (UAB) ဘဏ်ကို ၂၀၁၀ ပြည့်နှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်အဖြစ် အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါသည်။ ၂၀၁၀ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် ယူအေဘီ (UAB) ဘဏ်၏ ပထမဆုံးဘဏ်ခွဲအဖြစ် နေပြည်တော်ဘဏ်ခွဲအားစတင် ဖွင့်လှစ်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ် ဩဂုတ်လအထိ ဘဏ်ခွဲအရေအတွက်ပေါင်း ၇၆ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

မတည်ရင်းနှီးငွေ

ခွင့်ပြုပြီး မတည်ရင်းနှီးငွေမှာ မြန်မာကျပ်ငွေ ၇၅ ဘီလီယံဖြစ်ပြီး ထည့်ဝင်ပြီး ၃၀ ကျပ်ဘီလီယံဖြစ်သည်။ [2]

ဝန်ဆောင်မှုများ

ယူနိုက်တက်အမရဘဏ်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ငွေစုဘဏ်အပ်ငွေစာရင်း
  • စာရင်းသေအက်ငွေစာရင်း
  • စာရင်းရှင်စာရင်း
  • နိုင်ငံခြားငွေလဲလှယ်ခြင်း ဝန်ဆောင်မှု
  • အငှားဝယ်ယူစနစ် ဝန်ဆောင်မှု
  • အခွန်အခပေးချေခြင်း ဝန်ဆောင်မှု (GIRO Payment)
  • အပြည်ပြည်ဆိုင်ရာငွေလွဲလုပ်ငန်း (Western Union)
  • MPU၊ Visa ၊ MasterCard တို့နှင့်ချိတ်ဆက်ထားသော ATM ကတ် ဝန်ဆောင်မှု

ကိုးကား

  1. "The Myanmar Times Bank Survey 2014"၊ Myanmar Times၊ 15 July 2014 8 February 2015 တွင် ပြန်စစ်ပြီး
  2. သတင်းအချက်အလက် ယူနိုက်တက်အမရာဘဏ်။ ၂၀၁၅-၀၃-၃၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.