ယူရိုပီယမ်

ယူရိုပီယမ် (Europium) သည် ငွေရောင် ဖျော့ဖျော့ရှိပြီး တန်ဖိုးမြင့်မားပါသည်။ ဓာတုဗေဒသင်္ကေတမှာ Eu ဖြစ်သည်။ ၎င်း သတ္တုသည် Lanthanide အုပ်စုထဲတွင် ဓာတ်ပြုမှု အကောင်းဆုံး သတ္တု တစ်မျိုးဖြစ်သည်။ ၎င်း သတ္တုသည် လေထဲ၌ အခန်းအပူချိန်မှာပင် အောက်ဆီဂျင်နှင့် ဓာတ်ပြုနိုင်ပါသည်။ အပူချိန် ၁၅၀ မှ ၁၈၀ စင်တီဂရိတ် အတွင်း လောင်ကျွမ်းနိုင်ပါသည်။ ရေနှင့် အလွယ်တကူ ဓာတ်ပြုနိုင်သည်။

ယူရိုပီယမ်(Europium) Eu
ငွေဖြူရောင်
အက်တမ် အမှတ်စဉ်၆၃
အက်တမ် အလေးချိန်151.964
သိပ်သည်းဆ5.264 g.cm−3
အီလက်ထရို နက်ဂတစ်ဗတီး1.2
အရည်ပျော်မှတ်826 °C
အိုင်ယွန်နစ် အချင်းဝက်180 pm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း
အီလက်ထရွန်းနစ် ရှဲလ်[Xe] 4f7 6s2
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
1st: 547.1 kJ·mol−1

အသုံးပြုမှု

ယူရိုပီယမ် (Europium) သည် နျူထရွန်ကို စုပ်ယူ စုဆောင်းနိုင်သောကြောင့် နျူးကလီးယား ဓာတ်ပေါင်းဖို များတွင် Control Rod အပိုင်းတွင် အသုံးပြုသည်။ Eu Phosphors များကို တောက်ပသော အနီရောင် ထွက်ပေါ်စေရန်အတွက် TV Tubes ရုပ်မြင်သံကြား စက်များတွင် အသုံးပြုပါသည်။ လမ်းမီးတိုင်များတွင် အလင်းရောင် ပိုမို တောက်ပစေရန် Eu ကို Mercury-Vapor Lamp များတွင် အနည်းငယ်မျှ ထည့်သွင်း ထားသည်။ Eu ဆားတစ်မျိုးကို မီးစုန်းဓာတ်ပါသော အမှုန့် နှင့် ဆေးသုတ်ရာတွင် အသုံးပြုသည်။

ရုပ်မြင်သံကြားစက်ရှိ ယူရိုပီယမ်ဖြင့် ပြုလုပ်ထားသော အနီရောင်

ပတ်ဝန်းကျင်ရှိ ယူရိုပီယမ်

ယူရိုပီယမ် (Europium) သည် ရှားပါး ဒြပ်စင်များထဲမှ ပေါများမှု အနည်းဆုံး ဒြပ်စင် တစ်ခုဖြစ်သည်။ သံဖြူ နီးပါး ပေါများပါသည်။ ၎င်းကို သဘာဝတွင် လွတ်လပ်စွာမတွေ့ရှိနိုင် သော်လည်း ယူရိုပီယမ် ပေါင်းစပ် ပါဝင်နေသော ဒြပ်စင် မြောက်များစွားရှိပါသည်။ အဓိက တွေ့ရှိနိုင်သော သတ္တုတွင်း နေရာများကတော့ တရုတ်နှင့် အမေရိကန်နိုင်ငံ တို့ဖြစ်ကြသည်။ ထုတ်လုပ်ပြီး ယပမာဏသည် တန်ပေါင်း ၁၅၀၀၀၀ နီးပါရှိပါသည်။ ကမ္ဘာ့ ယူရိုပီယမ် ထုတ်လုပ်မှု ပမာဏမှာ တစ်နှစ်လျှင် တန် ၁၀၀ ခန့်ရှိပါသည်။

အောက်ဆိုဒ်ဖြစ်သွားသော ယူရိုပီယမ်၊ အဝါရောင် ယူရိုပီယမ် ၂ ကာဗွန်နိတ်

ကျန်းမာရေးသက်ရောက်မှု

ယူရိုပီယမ် (Europium) သည် ဇီဝဗေဒ ဆိုင်ရာ အခန်းကဏ္ဍ မှာ ပါဝင်မှု မရှိပါ။ ယူရိုပီယမ်ဆား ခန္ဓာကိုယ် တွင်းမျိုချမိပါက အဆိပ်အတောက် အနည်းငယ်ဖြစ်တတ်ပြီး အဆိပ်အတောက် ဖြစ်နိုင်မှု ပမာဏအတွက် ပြည့်စုံစွာ သုတေသန ပြုလုပ်ဆဲဖြစ်ပါသည်။

ပတ်ဝန်းကျင်သက်ရောက်မှု

ယူရိုပီယမ်ပါဝင်သော မီးချောင်းတစ်ခု

ယူရိုပီယမ် (Europium) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။ ယူရိုပီယမ် (Europium) လောင်ကျွမ်း ပေါက်ကွဲမှုဖြစ်ပေါ်မှသာလျှင် အန္တရာယ် ဖြစ်စေနိုင်ပါသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.