ရစ်သမ် အန် ဘလူးစ်

ရစ်သမ် အန် ဘလူးစ် (rhythm and blues) ဆိုသည်မှာ ၁၉၄၀ ပြည့်လွန်နှစ် ကာလများအတွင်း အာဖရိကနွယ်ဖွား အမေရိကန်များအကြား စတင်ပေါက်ဖွားကာ နောက်ပိုင်းတွင် ကမ္ဘာတဝန်း ရေပန်းစားလာသည့် ခေတ်ပေါ်တေးဂီတ ဟန်တစ်မျိုးဖြစ်သည်။ အတိုကောက်အားဖြင့် အာရ်အန်ဘီ (R&B) ဟု အခေါ်များသည်။ [1] ထိုခေတ်ထိုအခါက မြို့ပြနေ အာဖရိကနွယ်ဖွား အမေရိကန်များအကြား လူကြိုက်များသည့် ‘အာဘိန်း (urbane)၊ ရော့ခင်း (rocking)၊ ဂျက်ဇ် (jazz) ဂီတ’ များကိုအရင်းခံကာ အဆက်မပြတ်သည့် စည်းချက်ပျင်းပျင်းများပါဝင်သော ဂီတဟန်သစ်တစ်မျိုးကို ဖော်ပြရန်အတွက် တေးသံသွင်းကုမ္ပဏီများက ‘ရစ်သမ် အန် ဘလူးစ်’ ဆိုသည့် ဝေါဟာရကို စတင် အသုံးပြုခဲ့သည်။ [2]


R&B စကားစုသည် ကာလရွေ့လျော၍ အဓိပ္ပါယ်သတ်မှတ်ချက် ပြောင်းလဲမှုထဲတွင် တစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၅၀ ခုနှစ်နောက်ပိုင်းနှင့် အစောပိုင်းတွင် Rhythum and Blues ကို Blues တေးဂီတ အသံသွင်း ကဏ္ဍအတွက် မကြာခဏ အသုံးချခဲ့ကြသည်။ ၁၉၅၀ အစပိုင်း၌ R&B၏ ဂီတ စတိုင်လ်သည် Rock "N" Roll တေးဂီတ ဖွင့်ဖြိုးရန်အတွက် အရင်းအမြစ်ဖြစ်သည်။

R&Bတေးဂီတသည် အီလက်ထရစ် Blue( gospel, soul musicsကဲ့သို့သော)ဂီတပုံစံများ ပေါင်းစပ်ပါဝင်ခဲ့သည်။ ၎င်းမှ ဖွင့်ဖြိုးတိုးတက်လာကာ ၎င်းဂီတကို ရည်ညွှန်းရန် အတွက် အသုံးပြုလာခဲ့သည်။ ၁၉၇၀ခုနှစ်တွင် R&B သည် Funk နှင့် Soulတေးအမျိုးအစား အတွက် ခြုံငုံပြောဆို သုံးနှုံးလာကြသည်။ ၁၉၈၀ ခုနှစ်တွင် R&B၏ စတိုင်လ်အသစ်ဖြစ်ပြီး Contemporary R&Bဟု လူသိများသော တေးဂီတ တစ်ခုပုံစံအဖြစ်သို့ ဖွင့်ဖြိုးလာခဲ့သည်။

ကိုးကား

  1. The new blue music: changes in rhythm & blues, 1950-1999, p.172
  2. Palmer၊ Robert (1982-07-29)။ Deep Blues: A Musical and Cultural History of the Mississippi Delta (paperback ed.)။ Penguin။ p. 146ISBN 978-0140062236
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.