ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီးတွင် တည်ရှိသော ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တစ်ခုဖြစ်သည်။

ရတနာပုံတက္ကသိုလ်
Yadanabon University
ပညာပြည့်ဝ နှလုံးလှ

ရတနာပုံတက္ကသိုလ်၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ၂၀၀၀ခုနှစ်
ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်း
ဒုတိယပါမောက္ခချုပ် ၁။ဒေါက်တာစီစီခင်
၂။ ဒေါက်တာတင့်မိုးသူဇာ
တည်နေရာ အမရပူရမြို့မန္တလေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
ဝဘ်ဆိုတ် ydbu.edu.mm

သမိုင်းကြောင်း

ရတနာပုံတက္ကသိုလ်အား ၂၀၀၀ ခုနှစ်တွင် မန္တလေးမြို့တောင်ပိုင်း အမရပူရမြို့နယ်တွင် ရတနာပုံကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် မန္တလေးမြို့နှင့် အနီးအနားရှိ မြို့များမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်တက်ရောက်ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရတနာပုံကောလိပ်မှ ရတနာပုံတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ရတနာပုံတက္ကသိုလ်၏ ပထမဦးဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၄၁၈ ဦးကို သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။

သင်တန်းနှင့်ပေးအပ်သောဘွဲ့များ

ရတနာပုံတက္ကသိုလ်(မန္တလေး)တွင် မြန်မာစာအင်္ဂလိပ်စာသမိုင်းပထဝီဝင်စီးပွားရေးပညာဒဿနိကဗေဒစိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဥပဒေပညာသင်္ချာကွန်ပျူတာသိပ္ပံပညာဓာတုဗေဒဇီဝဓာတုဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ရူပဗေဒနျူကလိယရူပဗေဒရုက္ခဗေဒအဏုဇီဝဗေဒသတ္တဗေဒဘူမိဗေဒမနုဿဗေဒဘာသာရပ်တို့ကို တက်ရောက်လေ့လာ သင်ယူနိုင်သည်။ ရတနာပုံတက္ကသိုလ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအပြင် မဟာဘွဲ့သင်တန်းများလည်း တက်ရောက်နိုင်သည်။ ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအတွက် သင်တန်းကာလ ၄ နှစ်ဖြစ်ပြီး ဂုဏ်ထူးတန်းတက်ရောက်ခွင့်ရပါက နောက်ထပ် တစ်နှစ် ထပ်မံတက်ရောက်ရပြီး မဟာဘွဲ့သင်တန်းအတွက် နောက်ထပ် ၂ နှစ် တက်ရောက်ရမည်ဖြစ်သည်။

ဓာတ်ပုံများ

ကိုးကား


    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.