ရန်ကင်းပညာရေးကောလိပ်

ရန်ကင်းပညာရေးကောလိပ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်တွင် တည်ရှိသည်။

ရန်ကင်းပညာရေးကောလိပ်
ဆောင်ပုဒ်ဆရာ့အရည်အသွေး မြင့်မားရေး
ပြုစု ပျိုးထောင် လေ့ကျင့်ပေး
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၉၈ နိုဝင်ဘာ ၂၇ (၂၇-၁၁-1998)
တည်နေရာရန်ကင်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
ဝဘ်ဆိုဒ်yankineducationcollege.moe.edu.mm

သမိုင်းကြောင်း

၁၉၄၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် ဆရာဖြစ်သင်တန်းကျောင်း (State Training College for teachers- STCT) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီလတွင် နိုင်ငံတော်ဆရာဖြစ်သင်တန်းကျောင်း (State Teacher Training School- STTS) အဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံ (Teacher Training College – TTC ) အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကင်းပညာရေးကောလိပ်အဖြစ်လည်းကောင်း တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[1]

ကိုးကား

  1. Background History ၂၄ ဇွန် ၂၀၁၉ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.