ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee၊ အတိုကောက် YCDC)သည် ရန်ကုန်မြို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်။ ကော်မတီရုံးနှင့် ဌာနပေါင်း ၂၀ ဖြင့်ဖွဲ့စည်းထားကာ ရန်ကုန်မြို့တော်ခန်းမတွင် ရုံးစိုက်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူသည်။

Yangon City Development Committee
ရန်ကုန်မြို့တော်အစိုးရအဖွဲ့အစည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

ရန်ကုန်မြို့တော်ခန်းမ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မေ ၁၄၊ ၁၉၉၀ (၁၉၉၀-၀၅-14)
ယခင်အဖွဲ့အစည်းရန်ကုန်မြို့တော် မြူနီစပါယ်ကော်မတီ
ရန်ကုန်မြို့တော် မြူနီစပါယ်ကော်ပိုရေးရှင်း
ဌာနချုပ်ရန်ကုန်မြို့တော်ခန်းမ
နှစ်စဉ်ဘက်ဂျက်ကျပ် ၁၅ ဘီလီယံ (၂၀၀၃)[1]
ဝန်ကြီးများဦးမောင်မောင်စိုး၊ ဥက္ကဋ္ဌ နှင့် မြို့တော်ဝန်
ဝက်ဘ်ဆိုက်ycdc.gov.mm

သမိုင်းကြောင်း

ရန်ကုန်မြို့သည် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၅၂ ခု ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီနယ်ဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရမှ Town Magistrate ခေါ် မြို့ဝန်တစ်ဦး ခန့်အပ်ပြီး ရန်ကုန်မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး အဖွဲ့ဝင် ၃၂ ဦးပါဝင်သည့်အဖွဲ့ဖြင့် မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၂၂ ခုနှစ်တွင် ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး ထိုအက်ဥပဒေအရ ယခင်မြူနီစပါယ်အဖွဲ့ဝင်လူကြီးများကို လူမျိုးစုအလိုက် ရွေးချယ်တင်မြှောက်ပြီး မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့ကို မြူနီစပါယ်ကော်ပိုရေးရှင်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးနောက် ၁၉၇၂ ခုနှစ်တွင် ယခင်မြူနီစပါယ်အဖွဲ့ကို မြူနီစပါယ်ကော်မတီအဖြစ် ရန်ကုန်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကိုယ်စားလှယ်များ၊ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၁၉၇၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာဖြင့် ရန်ကုန်မြို့တော် မြူနီစပါယ်ကော်မတီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ဟု အစားထိုးခေါ်ဝေါ်စေခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၃၊ ပုဒ်မ ၃၉ အရ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ ဥက္ကဋ္ဌ (မြို့တော်ဝန်) အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၄ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ အခန်း ၂ ဖွဲ့စည်းခြင်း၊ ပုဒ်မ ၃ ပါ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ နိုင်ငံတော်ကောင်စီသည် အမိန့်ကြေငြာစာအမှတ် ၃၈/၈၅ ကို ၁၉၈၅ ခုနှစ် မတ်လ ၁၂ ရက်စွဲဖြင့်ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုအမိန့်ကြေငြာစာအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက သီးခြားကော်မတီအဆင့် သတ်မှတ်ပေးခဲ့သည်။ [2]

ဌာနများ

  • ကော်မတီရုံး
  • စီမံရေးရာဌာန
  • ဘတ်ဂျက်နှင့်ငွေစာရင်းဌာန
  • စစ်ဆေးရေးဌာန
  • ညှိနှိုင်းဆောင်ရွက်ရေးဌာန
  • ရာဖြတ်ဌာန
  • အခွန်ဌာန
  • ဈေးများဌာန
  • တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန
  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
  • အင်ဂျင်နီယာဌာန
    • အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)
    • အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
    • အင်ဂျင်နီယာဌာန (အဆောက်အအုံ)
  • စက်ရုံနှင့်မော်တော်ယာဉ်ဌာန
  • ဗဟိုပစ္စည်းထိန်းဌာန
  • ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန
  • လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
  • မြို့ပြစီမံကိန်းနှင့်မြေခန့်ခွဲမှုဌာန
  • ကျန်းမာရေးဌာန
  • ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန
  • ထုတ်လုပ်ရေးဌာန
  • မြို့တော်ဘဏ်
  • မြို့တော်ဂေါက်ကွင်း

ကိုးကား

  1. "Public-Private Partnership for Yangon’s Water Supply" .
  2. ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ။ January 22, 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.