ရန်အောင်မြင်ရွှေလက်လှစေတီ

ရန်အောင်မြင်ရွှေလက်လှစေတီ သည် နေပြည်တော်ပြည်ထောင်စုနယ်မြေဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိသော[1] ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူ ဖြစ်သည်။[2]

ရန်အောင်မြင်ရွှေလက်လှစေတီ

သမိုင်းကြောင်း

အသောက မင်းတရားကြီးလက်ထက် ရှစ်သောင်းလေးထောင်သော မြတ်စွာဘုရား၏ သရီရဓာတ် တော်များကို ဇမ္ဗူကျွန်းလုံးတွင် စေတီတစ်ဆူစီတည် ထားကိုးကွယ်စေရန် ၎င်း၏အမတ်ကြီး များကိုစေလွှတ် ခဲ့ရာ ရန်အောင်မြင်ရွာ (ယခင်နောင်ပြင်မြို့)တွင် လည်းစေတီတစ်ဆူတည်ထားရန်ပါရှိသဖြင့် တည်ထားခဲ့သည် ဟုဆိုသည်။

သမုဒ္ဒရာဇ်မင်း (ကျောက်စာတွင်နောင် အခါပုဂံပြည့်ရှင်ဟုပါသည်။) သည် သက္ကရာဇ် ၁၉ (အေဒီ ၈၇)တွင် ထိုနေရာသို့ ရောက်ရှိလာ၍ နောင်ပြင်စေတီဟောင်းကုန်းကို တွေ့ရှိသဖြင့် အသစ်တစ်ဖန်ပြန်လည် ပြု ပြင်မွမ်း မံခဲ့သည်ဟု ဆိုသည်။ သမုဒ္ဒရာဇ်မင်းသည် စစ်မက်ဖြစ်ပွားစဉ်ရန်သူ၏ လှံချက်ကြောင့် လက်မောင်း တွင်လှံထိ ခဲ့ရာ ထိုစေတီကို ဝတ်ပြုပူဇော်ပြီး "ယခု ဆင်နွှဲနေသော စစ်ပွဲကိုအောင်မြင်ရပါစေသား၊ လက်မောင်းဒဏ်ရာ လည်း အကောင်းပကတိ ပျောက်ပါစေသား" ဟု အဓိဋ္ဌာန်ပြုခဲ့ရာ ရန်သူကို တိုက်ခိုက်အောင်မြင်သည့်အပြင် လက်မောင်းဒဏ်ရာလည်း အကောင်းပကတိ ပြန်ဖြစ်သွားခြင်းကြောင့် နောင်ပြင်မြို့ကို ရန်အောင်မြို့ဟု အမည် ပြောင်းစေပြီး နောင်ပြင်စေတီကိုလည်း ရန်အောင်မြင် စေတီဟုအမည်ပြောင်းခဲ့သည်ဆို၏။ လက် ဒဏ်ရာ ပျောက်ကင်းသွားသဖြင့် လက်လှဘုရားဟုခေါ်တွင်ခဲ့ရာမှ နောင်တွင် ရွှေလက်လှဘုရား ဖြစ်သွားခဲ့သည်။

ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ရွှေလက်လှစေတီကို ပြန်လည် ပြုပြင်ခဲ့သည်။ နရပတိစည်သူ မင်းလက်ထက်တွင်လည်း ထပ်မံပြုပြင်ခဲ့သည်။ တောင်ငူဘုရင် မင်းကြီးညိုလက်ထက် ယခုနေပြည်တော် တောင်ဘက်စွန်းတွင်ရှိသည့် ဆင်အုံကန်ကြီးကို ပြုပြင်ခဲ့စဉ် ညတိုင်း ရွှေလက်လှဘုရားသို့ လာရောက်ကာ မပြတ်ပူဇော်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဘုရားကို အသစ်မွမ်းမံခြင်း၊ ဝတ္ထုကံမြေများ လှူဒါန်းခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ သာယာဝတီမင်း လက်ထက် ၁၈၃၈ တွင် ငလျင်ကြောင့် ပြိုကျသွားသော ရွှေလက်လှဘုရားကို လမ်းပျဉ်းမနားရွာမှသူကြီး နေမျိုးကျော်သူဘွဲ့ရ ဦးအာတုတ်က ပြန်လည်ပြုပြင်ပေးခဲ့ပြန်သည်။

မင်းတုန်းမင်းလက်ထက် ၁၈၆၈ တွင် မိုးညှင်းဝန်မင်း၏ နောင်တော်က လည်းကောင်း၊ ၁၈၇၅ တွင် ဗောဓိကုန်း ဆရာတော်က လည်းကောင်း ထီးတော်အသစ်များ လှူဒါန်းခဲ့သည်။

ရုပ်ပုံများ

ကိုးကား

  1. ထာဝရငြိမ်းချမ်းရေးစေတီတော် ရတနာပန္နက်တော်တင်၊ တွင်းတော်ဝန်းမဟာ မင်္ဂလာအခမ်းအနားကျင်းပ ပြန်ကြားရေးဝန်ကြီးဌနာ (၁၂ မေ ၂၀၁၈)။ ၁၆ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ရန်အောင်မြင်ရွှေလက်လှစေတီတော် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ ၁၆ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။

နေပြည်တော်ဝန်းကျင်ရှိရှေးဟောင်းမြို့နှစ်မြို့(မင်းဘူး-အောင်ကြိုင်) ၂၀၁၁ ခုနှစ် ဧပြီ (၂၀)နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.