ရာဂျက်စသန်ရှိ တောင်ကုန်းခံတပ်များ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်တွင် ပျံ့နှံ့တည်ရှိသော တောင်ကုန်းခံတပ် ၆ ခုသည် ယူနက်စကို ၏ ကမ္ဘာအမွေအနှစ်နေရာ အဖြစ်ပေါင်းစုတည်ရှိကြသည်။ထိုခံတပ်များသည် အာရာဗယ်လီတောင်တန်းများပေါ်တွင် အဓိကအားဖြင့် တည်ရှိပြီးအများအားဖြင့် ၅ရာစုမှ၁၈ ရာစုအတွင်း မတူညီသောမင်းဆက်များမှ ရာ့ဂျ်ပွတ်ဘုရင်များက တည်ဆောက်ခဲ့ကြဖြင်း ဖြစ်သည်။ ထိုခံတပ်များတွင်
- ချစ်တောဂါး ရှိ ချစ်တောခံတပ်
- ကွမ်ဘယ်လ်ဂါးရှိ ကွမ်ဘယ်လ်ဂါးခံတပ်
- ဆဝိုင်း မဒ်ဟိုပါး ရှိ ရမ်သမ်ဘိုးခံတပ်
- ဂျာလဝါရှိ ဂါဂရွန်ခံတပ်
- ဂျိုင်းပါး ရှိ အေမာခံတပ်
- ဂျိုင်းဆယ်လ်မာရှိ ဂျိုင်းဆယ်လ်ခံတပ် တို့ ဖြစ်ကြသည်။ ဤခံတပ်အချို့မှာ ၂၀ ကီလိုမီတာ အထိပင် ရှည်လျားသော ကာကွယ်သည့် ခံတပ်များဖြစ်ကြပြီး မြို့ပြဒေသ အဖြစ်တည်ရှိကြကာ ရေရယူရန် အတွက်လည်း အသုံးပြုကြသည်။
ရာဂျက်စသန်ရှိ တောင်ကုန်းခံတပ်များ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii,iii |
ကိုးကား | ၂၄၇ |
ဒေသ** | အာရှ နှင့် ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၂၀၁၃ (၃၇ကြိမ်မြောက်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ပြခန်း
|
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.