ရုပ်စုံကျောင်း

မြန်မာနိုင်ငံတွင် ရှေးဟောင်း ရုပ်စုံကျောင်း များစွာရှိပါသည်။ ရုပ်စုံကျောင်းဟု ခေါ်ဆိုခြင်းမှာ ဗုဒ္ဓဝင် ဇာတ်တော်များ၊ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များကို ပန်းပုလက်ရာများ ထုလုပ်၍ တန်ဆာဆင်ထားသော ဘုန်းကြီးကျောင်း၊ ဘုရားရှစ်ခိုးရာ၊ ဝတ်ပြုရာကျောင်းကို ခေါ်ဆိုပါသည်။

  • မန္တလေး ရုပ်စုံကျောင်း(မန္တလေး တောင်ခြေ)
  • စစ်ကိုင်း ရုပ်စုံကျောင်း (စစ်ကိုင်းတောင်ရိုး၊ တောင်ဆင်းလမ်း၊ ဟံသာဂီရိချောင်အနီး အရိယာဝံသချောင်)
  • ဆီမီးခုံ ရုပ်စုံယွန်းကျောင်း (မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ)
  • စလေ ရုပ်စုံကျောင်း
  • စကု ရုပ်စုံကျောင်း (မင်းဘူး စလင်းကားလမ်းမဘေး)၊ နှစ်ကျောင်း ရှိသည်ဟု သိရသည်။
  • စလင်း ရုပ်စုံကျောင်း (စလင်း မြို့ ဝက်သည်းကန် အနီး)
  • လယ်ကိုင်း ရုပ်စုံကျောင်း (စကုနှင့် ပွင့်ဖြူကြား၊ လယ်ကိုင်းမြို့ဟောင်း) စသည်တို့ ရှိသည်။
စစ်ကိုင်း ရုပ်စုံကျောင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.