ရုပ်ရှင်

ရုပ်ရှင်ဟူသည် `သတ္တဝါ၊ ရှုခင်း စသည်တို့၏ လှုပ်ရှားပုံများကို မီးရောင်အားဖြင့် ပိတ်ကားနံရံ စသည်ပေါ်၌ အရိပ်ပုံများ တဆက်တည်း ပေါ်ထင်အောင် ပြသခြင်း၊ ယင်းလုပ်ငန်း အတတ်ပညာ၊ (ဓာတ်ရှင်၊ အရိပ်ပြပွဲ၊ ဘိုင်စကုပ် ဟူ၍လည်း ခေါ်သည်။)´ဟု မြန်မာအဘိဓာန် တွင် ဖော်ပြထားပြီး မြန်မာစွယ်စုံကျမ်း တွင်မူ ရုပ်ရှင် ဟူသည်မှာ `လှုပ်ရှားနေသော လူသတ္တဝါ၊ ဝတ္တု၊ သဘာဝတို့ကို အစဉ်လိုက် ဓာတ်ပုံကူးယူပြီးနောက် ထိုဓာတ်ပုံ ဖလင်ကော်ပြားကို အလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏ အရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေခြင်းပင် ဖြစ်သည်´ဟု ဖော်ပြထားသည်။ အမှန်အားဖြင့် ရုပ်ရှင်သည် အရုပ်များ လှုပ်ရှားနေသည်ဟု ကြည့်ရှုသူ ပရိသတ် ထင်မှတ်အောင် ပြုလုပ်ထားသည်မှ အပ ရုပ်သေဓာတ်ပုံ ရိုက်ခြင်းနှင့် ရာခိုင်နှုန်းပြည့် နီးနီးတူသည်။

ရုပ်ရှင်ကျောင်းများ တွင် အသုံးပြုလေ့ ရှိသော ဘိုးလက်စ် "H16" ကင်မရာ

ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ် အသေများကို ပြစက်တွင် တစ်ခုပြီး တစ်ခု အစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄၀၀ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။

ရုပ်ရှင်ဖလင်

ရုပ်ရှင်ရိုက်ကူးရာ၌ ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိရှည်သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေ(၁၀၀)ပေ(၂၀၀)ပေ(၄၀၀) အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ်ကြပြီးလျှင် ဇာတ်ထုပ်ကိုမူ ပေ(၄၀၀)နှင့် ပေ(၁၀၀၀)အထိရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးနှင့် ရိုက်ကူးကြသည်။

ဖလင်ကော်ပြားသည် အသံထွက်ရုပ်ရှင်အတွက် ပေ(၁၀၀၀) ဖလင်လိပ်သည် အသင့်လျော်ဆုံးဖြစ်သည်။ များသောအားဖြင့် အကျယ် ၁၃/၈ လက်မ(၃၅-မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်သောအခါ အကျယ် ၁လက်မ၊ အမြင့် ၃/၄လက်မအထိ ပုံတူရိုက်ယူနိုင်သည်။ အသံထွက်ရုပ်ရှင်ရိုက်ကူးသော အခါ ဖလင်၏ အနားတလျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံတစ်ပုံကို လျော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့် အပေါက်ကလေးများ ပါရှိသည်။ အပေါက်ကလေး လေးပေါက် တစ်နေရာသည် ရိုက်ကွက်တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်(သို့) ပုံ(၁၆) ပုံ ရိုက်နိုင်သည်။

ရုပ်ရှင်ရိုက်စက်

[1]

ရုပ်ရှင်

ရုပ်ရှင်ဟူသည်မှာ လှုပ်ရှားနေသော လူသတ္တဝါ ဝတ္ထု သဘာဝတို့ကို အစဉ်လိုက် ဓာတ်ပုံရိုက်ကူး ယူပြီးနောက် ထို ဓာတ်ပုံ ဖလင်ကော်ပြားကို အလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏အရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေခြင်းပင် ဖြစ်၏။ အမှန်အားဖြင့် ရုပ်ရှင်သည် အရုပ်များ လှုပ်ရှားနေသည်ဟု ကြည့်ရှုသူ ပရိသတ် ထင်မှတ်အောင် ပြုလုပ်ထားသည်မှအပ ရုပ်သေ ဓာတ်ပုံရိုက်ခြင်းနှင့် ရာခိုင်နှုန်းပြည့်နီးနီး တူသည်။ ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ်အသေများကို ပြစက်တွင် တစ်ခုပြီးတစ်ခုအစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄ဝဝ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရာ၌ ပေ ၁ဝဝ မှ ၁ဝဝဝ အထိ ရှည် သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေတစ်ရာ၊ နှစ်ရာ၊ လေးရာ အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ် ကြပြီးလျှင် ဇာတ်ထုတ်ကိုမူ ပေ ၄ဝဝ နှင့် ၁ဝဝဝ အထိ ရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးဖြင့် ရိုက်ကူးကြသည်။ ဖလင်ကော်ပြားသည် အသံထွက် ရုပ်ရှင်အတွက် ပေ ၁ဝဝဝ ဖလင်လိပ်သည် အသင့်လျော်ဆုံး ဖြစ်သည်။ များသော အားဖြင့် အကျယ် ၁ ၃/၈ လက်မ (၃၅ မီလီမီတာ)ရှိသည်။ အသံတိတ်ရုပ်ရှင် ရိုက်ကူးသောအခါ ဖလင်၏ အနား တလျှောက်၌ အသံအတွက် နေရာထားရသဖြင့် ဖလင်၏ အကျယ် ဆယ်ပုံ တစ်ပုံကို လျှော့၍ ပုံတူရိုက်ယူရသည်။ ဖလင်ကော်ပြား အနားနှစ်ဖက်တွင် လေးထောင့်အပေါက်ကလေး များ ပါရှိသည်။ အပေါက်ကလေး လေးပေါက်စာ နေရာသည် ရိုက်ကွက် တစ်ကွက်စာ ဖြစ်၍ တစ်ပေလျှင် ရိုက်ကွက်၊ သို့မဟုတ် ပုံ ၁၆ ပုံ ရိုက်နိုင်သည်။ ရုပ်ရှင်ပြသည့်အခါ တစ်စက္ကန့်လျှင် ၂၄ ပုံ ပြသဖြင့် တစ်ပေခွဲကုန်သည်။ ရုပ်ရှင်ရိုက်စက်က တစ်စက္ကန့်လျှင် ၂၄ ကွက်နှုန်းနှင့် ရိုက်လျှင် ပြစက်ကလည်း ၂၄ ကွက်နှုန်းနှင့် ပြမှု လှုပ်ရှားမှု မှန်မည်။ အကယ်၍ အနှေးသွားနေသော ယာဉ်ကို အမြန်သွား ယာဉ်အဖြစ်ဖြင့် မြင်စေလိုလျှင် မူမှန် ၂၄ ကွက်ထက် လျှော့၍ ရိုက်ပြီးလျှင် မူမှန် ၂၄ ကွက်နှင့် ပြလျှင် ရုပ်ရှင်ကြည့်သူတို့ မျက်စိထဲတွင် မူမှန်ထက် နှေးသွားသည်ကို တွေ့ရပေလိမ့်မည်။ မြန်လို နှေးလိုသည်ကို ရုပ်ရှင်ရိုက်သူ၏ စိတ်ကြိုက် တွက်ချက် ရိုက်ကူးနိုင်သည်။ ဦးစွာ၌ ရုပ်ရှင်ရိုက်ရန် ဆဲလျူလွိုက် ဖလင်ကို အသုံးပြုခဲ့ ကြသည်။ ထိုဖလင်ကို နိုက်တြိတ်ဆေး အခံပြု၍ သုံးသည်။ နိုက်တြိတ်ဖလင်သည် မီးလောင်တတ်သဖြင့် ယခုခေတ်တွင် အက်ဆီတိတ်ဖလင်ကို အသုံးပြုကြသည်။ ရုပ်ရှင်ရိုက်ကူးသော ပထမကော်ပြားကို နက်ဂတစ်ဟု ခေါ်သည်။ ထိုနက်ဂတစ်မှ ပေါ့စတစ်သို့ မကူးယူမီ နက်ဂတစ်ကို သေသတ်ကျနအောင် ပြုပြင်ပေးရသည်။ ရုပ်ရှင်ဖလင်မှ ပေါ့စတစ် ကူးယူရာတွင် ရိုးရိုးဓာတ်ပုံရိုက်၍ ပုံတူ ရိုက်ကူးသကဲ့သို့ ဖလင်ကို ဆေးရည် စိမ်ခြင်း၊ ဆေးကြောခြင်း စသည်တို့ ပြုလုပ်ပေးရသည်။ ( ဓာတ်ပုံ ပညာ။) အသံထွက်ရုပ်ရှင် ရိုက်ကူးထားသော ဖလင် ကော်ပြားကိုမူ ပေါ့စတစ်တွင် ပုံတူရိပ်ကို ပထမကူးယူပြီးမှ အသံပိုင်းကို ထပ်၍ ကူးယူရသည်။ ယခုအခါတွင်မူ အသံရော ပုံကိုပါ တပြိုင်တည်း ကူး၍ ရနေပေပြီ။ ရုပ်ရှင်ကားတွင် ထူးဆန်း အံ့ဩဖွယ်ကောင်းသောအခြင်း အရာများ ပေါ်ပေါက်လာအောင် ကင်မရာက ဖန်တီးပေးနိုင် သည်။ ရုပ်ရှင်ပိတ်ကားပေါ်တွင် မော်တော်ကားနှင့် မော်တော် ဆိုင်ကယ်တို့ ယှဉ်ပြိုင်၍ မောင်းနှင်နေခြင်းသည် တခါတရံ အကယ်ဖြစ်သောပုံ မဟုတ်ချေ။ ပုံစံမော်တော်ကားနှင့် ပုံစံ မော်တော်ဆိုင်ကယ်ကို ယှဉ်ထားပြီးလျှင် နောက်ခံကားကို ရွေ့ရှားအောင် ပြုပြီး ရိုက်ကူးထားခြင်း ဖြစ်နိုင်သည်။ ရေစည် တွင် လှုပ်ရှားနေသော ပုံစံ ပင်လယ်ကူးသင်္ဘောကလေးကို အနီးမှ ဓာတ်ပုံရိုက်ကူးထားပေးခြင်းဖြင့် ရုပ်ရှင်ပိတ်ကားပေါ် တွင် ပင်လယ်ကူးသင်္ဘောကြီး သွားနေပုံ တွေ့မြင်ရလေသည်။ သို့ရာတွင် ပုံစံ ဆောက်လုပ်ရာ၌ စကေးကိုက် သဘာဝကျဖို့ အရေးအကြီးဆုံး ဖြစ်လေသည်။ ရုပ်ရှင်ပြရာ၌ ရုပ်ရှင်ဖလင်များကို ရုပ်ရှင်ပြစက်များ၌ ထည့်၍ ပြကြရသည်။ ရုပ်ရှင်ပြစက်ကို မီးမလောင်နိုင်သော ပြခန်းတွင် ထားပြီးလျှင် ရုပ်ရှင်ပိတ်ကားဘက် မျက်နှာမူနေ သော နံရံ၌ ဖောက်ထားသည့် အပေါက်မှ အလင်းရောင်ထိုး ပေး၍ ပုံတူရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေရသည်။ ရုပ်ရှင်ရုံတိုင်းတွင် ပြစက်နှစ်ခုမှ သုံးခုအထိ ရှိကြသည်။ ပြစက်တစ်ခုနှင့် ပြနေစဉ် ကျန်ပြစက်ကို ဖလင်ထည့်၍ အသင့် ပြင်ထားရသည်။ ပထမပြစက်၌ ပြနေသော ဖလင်လိပ်၏ အဆုံးနားနေရာ တွင် အဝိုင်း၊ သို့မဟုတ် လေးထောင့် အစရှိသည့် အမှတ်ကို ပြုလုပ်ထားသည်။ ယင်းအမှတ်လေးမျိုး ပထမပြစက်တွင် ပြနေသော ဖလင်ကုန်ခါနီး ပထမအကြိမ် ပေါ်လာသည်နှင့် ဒုတိယပြစက်ကို စ၍ မောင်းရသည်။ သို့ရာတွင် ယင်းဒုတိယ ပြစက်၏ ရှေ့တွင် အလိုအလျောက် ပွင့်နိုင်ပိတ်နိုင်သော ရှပ်တာက ပိတ်ထားသဖြင့် ဒုတိယပြစက်မှ ပုံတူရိပ်များ ပိတ်ကားပေါ်သို့သွား၍ မထင်ချေ။ ပထမပြစက်တွင် ယင်း အမှတ်အသားကလေးမျိုး ဒုတိယအကြိမ် ပေါ်လာလျှင် ဒုတိယ ပြစက်မှ စတင်ပြသသည်နှင့် တစ်ပြိုင်နက် ပထမပြစက်ရှေ့မှ ရှပ်တာခေါ် တံခါးလေးသည် အလိုအလျောက် ပိတ်ထားရာ ပိတ်ကားပေါ်၌ ပထမပြစက်မှ လက်ကျန်မလိုလား အပ်သော အရုပ်ထင်ခြင်းများ မဖြစ်တော့ချေ။ ရုပ်ရှင်ပြရန်အတွက် အသုံးပြုသော အလင်းသည် အလွန် အားကြီး၍ ကြည်လင်တောက်ပရသည်။ အသံထွက် ရုပ်ရှင်ပြသ ရာတွင် အသံထွက်စက်ကို ပြစက်နှင့်တွဲ၍ ထားရသည်။ အသံ ထွက်စက်မှ အလင်းသည် ဖလင်တွင်ရှိသော အသံပိုင်းကို ဖြတ် သန်း၍ ဖိုတို အီလက်ထရစ်ဆဲသို့ ရောက်ကာ ထိုဆဲတွင် လျှပ် စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ ထိုလျှပ်စစ်စီးက အသံချဲ့စက် တွင် အသံကို ထွက်ပေါ်လာစေသည်။ အသံထွက်ရုပ်ရှင် ဖလင် ၏ အနားတစ်လျှောက်၌ အသံက သွင်းယူထားသော အမှတ် ကလေးများ ရှိသည်။ ယင်းအမှတ်ကလေးများသည် အသံကို လိုက်၍ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ကြသည်။ ဖလင်မှ ရုပ်ပုံ ရွှေ့ ရှားသကဲ့သို့ ရွေ့ရှားကာ ပြစက်ရှိ မီးပွင့်ကလေးတစ်ခု ရှေ့သို့ ဖြတ်၍ သွားကြသည်။ ထိုမီးရောင်ရှေ့သို့ အမှတ်အသားအမျိုး မျိုး ရောက်ရှိလာတိုင်း ထိုအရိပ်မှ အမှတ်နှင့် လျော်ညီသော အသံမျိုးစုံ ထွက်လာလေသည်။ အထူးသိရှိရန်အချက်မှာ ဖလင် ကော်ပြားပေါ်တွင် ဆိုင်ရာအရုပ်နှင့် အသံသည် တစ်ပြိုင်တည်း အကွက်ညီ ပါနေသည် မဟုတ်ခြင်းပင် ဖြစ်သည်။ ၃၅ မီလီ မီတာဖလင်ဖြစ်မူ အရုပ်နှင့်အသံကို အကွက် ၂ဝ နီးနီး ခွာထား ရ၍ ၁၆ မီလီမီတာ ဖြစ်မူ ၂၆ ကွက် ခွာထားရသည်။ အသံကို အရုပ်ရှေ့က ကြိုထားရသည်။ အရုပ်ကွက်များ တစ်ခုနှစ်တစ်ခု အကြားတွင် ခြားထားသော ပလာကွက်များရှိ၍ ယင်းတို့ ပိတ်ကားပေါ်၌ မပေါ်စေရန် ပြစက်တွင် ရှပ်တာခေါ် ဖွင့်ပိတ်ကိရိယာက ဖွင့်ပေး ပိတ်ပေးရသည်။ အသံကွက်တွင် ယင်းတို့ ဖွင့်ပိတ်လုပ်ပေးပါက အသံသည် ဆောင့်၍ ဆောင့်၍ ထွက်လာတတ်သဖြင့် အသံပိုင်းကိုမူ အတားအဆီးမရှိ သွားစေ ရသည်။ အရုပ်ပိုင်းကို ပြစက်က ဖွင့်ချည် ပိတ်ချည် ပြသွား သော်လည်း အသံပိုင်းကို တောက်လျှောက်ပြသွားရသည်။ ထိုကြောင့် အသံကို အရုပ်နှင့် တွဲ၍ ကူးယူရာ၌ သက်ဆိုင်ရာ အရုပ်နှင့် သက်ဆိုင်ရာအသံကို ယှဉ်၍ ကူးယူလျှင် လှုပ်ရှားပုံ နှင့် အသံထွက် အံမကိုက်ဘဲ နေသည်ကို တွေ့ရသဖြင့် ယင်း သို့ ခွာ၍ကူးရခြင်း ဖြစ်သည်။ ရုပ်ရှင်ပြသည့်အခါ အသံတိတ်ခေတ်က တစ်စက္ကန့်လျှင် ၁၆ ပုံနှုန်းဖြင့် ရိုက်၍ ယင်းနှုန်းဖြင့်ပင် ပိတ်ကားပေါ်သို့ ထိုး၍ ပြသခဲ့သော်လည်း စပ်ကူးမတ်ကူးတွင်ပင် ကြည့်ရှုသူတို့ မျက်စိ ထဲတွင် ပြတ်မသွားဘဲ တစ်ဆက်တည်းဖြစ်နေသည်ဟု ထင်ကြ ခြင်းမှာ အရာဝတ္ထုတစ်ခုသည် မျက်စိရှေ့မှ ပျောက်သွားပြီး နောက် အချိန်အနည်းငယ် ကြာသည့်တိုင်အောင် ထိုပုံသဏ္ဌာန် သည် မျက်စိထဲ၌ စွဲမြဲကျန်ခဲ့သောကြောင့် ဖြစ်သည်။ အရုပ်ပုံသဏ္ဌာန်သည် ရှေ့မှောက်မှ ကွယ်ပျောက်သွားပြီးနောက် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှ မျက်စိအာရုံထဲတွင် စွဲ၍ နေရစ်ကြောင်းကို ၁၈၂၄ ခုနှစ်တွင် ပီတာမင်ရော့ဂျက်ဆိုသူက လေ့လာပြီးနောက် မှန်ကန်ကြောင်း တင်ပြခဲ့ဖူးသည်။ ရုပ်ရှင်သည် ၁၉ ရာစုနှစ်ဝက်ခန့်က စတင်ပေါ်ပေါက်လာ သော ပညာတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့ ယနေ့ ကြည့်ရှုလျက် ရှိသည့် ရုပ်ရှင်ကားများ ဖြစ်ပေါ်လာရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်မှ စ၍ ပညာရှင်အသီးသီးတို့သည် အခက်အခဲ အမျိုးမျိုးကြားမှ အစဉ်တစိုက် ကြိုးစားတီထွင်လာ ခဲ့လေသည်။ ဦးစွာ၌ ရုပ်ရှင်ကို အပေါစားစိတ် ဖျော်ဖြေမှုတစ်ခု အဖြစ် သဘောထားခဲ့ကြသော်လည်း ရုပ်ရှင်သည် ခေတ်ကို မည်မျှ လွမ်းမိုးနိုင်သော ပညာတစ်ရပ်ဖြစ်ကြောင်းကို ယခု အခါ လူတို့ သိရှိခဲ့ကြပေပြီ။ 'အစ်ဟက်ပင်းဝမ်း နိုက်' အမည် ရှိ ရုပ်ရှင်ကားတွင် ရုပ်ရှင်မင်းသား ကလပ်ဂေဗယ်သည် ရှပ်အင်္ကျီကို ချွတ်လိုက်သောအခါ အတွင်းက စွပ်ကျယ်မပါသည် ကို တွေ့ရှိကြရသည်နှင့် အတွင်းခံစွပ်ကျယ်များ သိသိသာသာ အရောင်းကျသွား ခဲ့ဖူးလေသည်။ ရုပ်ရှင်သည် အနုပညာရပ်များအနက် အသက်ငယ်ဆုံး သော ပညာရပ်ဖြစ်လင့်ကစား ယခုအခါ အကြီးအကျယ်ဆုံး သော လုပ်ငန်းတစ်ရပ် ဖြစ်နေလေပြီ။ ၁၈၆ဝ ပြည့်နှစ်တွင် ဇိုးထရုပ်၊ ၁၈၇၇ ခုနှစ်တွင် ပရက် ဇီနိုစကုပ် စသောအရုပ်များ လှုပ်ရှားပုံ ကြည့်၍ရသည့် စက်များ ကို အဆင့်ဆင့် တီထွင်ခဲ့ကြသည်။ ၁၈၆၁ ခုနှစ်တွင် ဖိလဒဲ ဖီးယားမြို့မှ ကိုးလမင်းဆဲလား ဆိုသူသည် ကီနီမာတိုဂရပ်ခေါ် စက်တစ်မျိုးကို ထွင်ခဲ့ပြန်သည်။ ဂရိစကား လှုပ်ရှားသည်။ ရွေ့ ရှားသည်ဟူသော အဓိပ္ပါယ်ရသည့် စကားလုံးကို သုံးထားခြင်း ဖြစ်၍ ယခု ကျွန်ုပ်တို့ခေတ်ရုပ်ရှင်ကို ခေါ်ဝေါ်သော စီနီမာဟူ သည့် စကားနှင့် အနီးစပ်ဆုံး ဖြစ်သည်။ စက်ပြုလုပ်ထားပုံသဘောမှာ အနေအထား အနည်းငယ်စီကွာသော ဓာတ်ပုံများကို ဘီးတဘီး၏ မျက်နှာစာတွင် တပ်ဆင်၍ ဘီးကို လှည့်သော နည်းဖြင့် လှုပ်ရှားနေသောပုံကို ပြသခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းသည် ဓာတ်ပုံပညာကို အမှီပြု၍ ပိုမို တိုးတက်လာခဲ့သည်။ ၁၈၃ဝ ပြည့်နှစ်တွင် ဓာတ်ပုံပညာ တီထွင်နိုင်ခဲ့သည်မှစ၍ ဓာတ်ပုံများကို လှုပ်ရှားအောင် (ဝါ) အရုပ်များ ရှင်နေအောင် လုပ်နိုင်သည့် နည်းကို အမျိုးမျိုး စမ်းသပ်လုပ်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ကာလီဖိုနီးယားပြည်နယ်ဘုရင်ခံ လယ်လန် စတန်းဖို့နှင့် ပုဂ္ဂိုလ်အချို့သည် မြင်းပြေးသည့်အခါ ခြေလေး ချောင်းစလုံး မြေမှလွတ်သည့်အချိန် ရှိမရှိ အငြင်းပွားခဲ့ကြ သည်။ ယင်းအငြင်းပွားမှုကို အက်ဒွိယက် ဗိုင်းဗရစ်သည် ဂျွန်ဒီအိုင်ဇက်ဆိုသူ အင်ဂျင်နီယာကလေးတစ်ဦး၏ အကူအညီ ဖြင့် မြင်းပြေးမည့် လမ်းတစ်လျှောက်ကို ကင်မရာ ၂၄ လုံး တန်း၍ ချိန်ထားပြီးလျှင် ကင်မရာရှပ်တာ တစ်ခုစီမှ မြင်းပြေး သည့်လမ်းကို ဖြတ်၍ တစ်ဖက်ရှိ ဝင်းထရံသို့ ကြိုးများကို တိုး၍ သွားရသဖြင့် ဓာတ်ပုံရိုက်ပြီးသား ဖြစ်သွားလေသည်။ ကင်မရာ ၂၄ လုံးမှ ဓာတ်ပုံ ၂၄ ပုံ အစဉ်လိုက် ရိုက်ပြီး ဖြစ်ခဲ့ရာ အချို့ပုံ၌ မြင်းသည် မြေကြီးမှ ခြေလေးချောင်း စလုံး လွတ်သွားသည်ကို တွေ့ရလေသည်။ ယင်းသို့ဖြင့် မိုင်းဗရစ်၏ စမ်းသပ်မှုသည် ကျော်ကြားလာလေသည်။ ၁၈၈၉ ခုနှစ်တွင် သောမတ်အက်ဒီဆင်သည် ကီနီတို ဂရပ်နှင့် ကီနီမာစကုပ်ခေါ် စက်နှစ်ခုကို တီထွင်ပြု လုပ်လေ သည်။ ကီနီဂရပ်သည် ဓာတ်ပုံရိုက်သော စက်တစ်မျိုးဖြစ်၍ ကီနီမာစကုပ်သည် ယင်းသို့ ရိုက်ထားသော ပုံများကို ကြည့်ရှု ရသည့်စက် ဖြစ်သည်။ ထိုစက်တွင် မှန်ဘီလူးတပ်ထားသည့် အပေါက်ငယ် ပါရှိပြီးလျှင် ရုပ်ရှင်ကားများကို မြင်နိုင်လေ သည်။ ယင်းအချိန်တွင် ဖလင်လိပ်များလည်း ပေါ်ပေါက်နေ ခဲ့ရာ ရုပ်ရှင်ကားရိုက်ရန် အဆင်သင့်ပင် ဖြစ်ခဲ့သည်။ ရုပ်ရှင်နှင့်စပ်လျဉ်းသော ကိရိယာတန်ဆာပလာများကို နိုင်ငံအသီးသီးမှ တီထွင်လုပ်ကိုင်ခဲ့ကြသည်။ အင်္ဂလန်ပြည်မှ ရောဗတ်ပေါ၊ ပြင်သစ်နိုင်ငံမှ ပါသီနှင့် လူမျဲ ညီနောင်တို့သည် အပါအဝင် ဖြစ်သည်။ လူမျဲ ညီနောင်တို့သည် ၁၈၉၆ ခုနှစ် တွင် ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုရုပ်ရှင်ပြ စက်ဖြင့် ပုံတူရိပ်၏ အရွယ်ကို အဆပေါင်း သုံးသောင်း ငါး ထောင်ခန့် ပို၍ ကြီးမားအောင် ချဲ့ယူနိုင်သည်။ ရုပ်ရှင်ရိုက် ရာ၌လည်း တစ်စက္ကန့်လျှင် ဖလင်ကော်ပြား တစ်ပေအရှည် အပေါ်တွင် ပုံပေါင်း ၁၆ ပုံ ရိုက်နိုင်သည်။ လူမျဲ ညီနောင် အလျင် ၁၈၉၄ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု ဝါရှင် တန်မြို့တော်မှ ငွေတိုက်ဌာနစာရေး စီဖရန်းဆစ်ဂျင်းတင်း ဆို သူသည် ပထမဆုံးသော ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်လုပ်ကိုင် ခဲ့ရာ မျက်မှောက်ခေတ် ရုပ်ရှင်ပြစက်များသည် ယင်းစက်ကို အခြေခံ၍ တိုးတက်လာလေသည်။ ၁၈၉၆ ခုနှစ်တွင် သောမတ် အက်ဒီဆင်ကလည်း ဗီတာစကုပ်ခေါ် ရုပ်ရှင်ပြစက်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ ထိုစဉ်က ပြသသော ဖလင်များသည် ယခုခေတ် ဖလင် များကဲ့သို့ ရှည်လျားခြင်း မရှိ၊ ရုပ်ရှင်ကိုလည်း သီးခြားပြသ ခြင်း မရှိပဲ ကပွဲများတွင် သတင်းရုပ်ရှင်ကားများကို အခန်း တစ်ခန်း အစီအစဉ်တစ်ရပ်အနေနှင့်သာ ကြားချပ်ပြသကြခြင်း ဖြစ်သည်။ ရုပ်ရှင်လောကတွင် ကောဗက်ဖစ်ဇီမွန်တို့၏ လက်ဝှေ့ ပွဲသတင်းကားသည် ပထမဦးဆုံးသော ရုပ်ရှင်ကား ဖြစ်သည်။ ထိုရုပ်ရှင်ကားကို ၁၈၉၇ ခုနှစ်တွင် စတင်ပြခဲ့သည်။ အသံတိတ်ရုပ်ရှင် ရုပ်ရှင်ကားများကို ရိုက်ကူးပြသစက ရှုမြှော်ခင်းများ၊ ကလေးများ ကစားနေကြပုံများ၊ ကမ်းစပ်ကို လှိုင်းရိုက်ခတ်ပုံ များ စသည်ဖြင့် သာမန်လှုပ်ရှားဟန်ကိုသာ ရိုက်ကူးလေ့ ရှိ သော်လည်း တဖြည်းဖြည်း ဇာတ်လမ်း ဇာတ်ကွက်နှင့် ရုပ်ရှင် များကို တီထွင်ရိုက်ကူးခဲ့ကြသည်။ ပထမဆုံး ဇာတ်လမ်းနှင့် ရိုက်ကူးသော ရုပ်ရှင်ကားမှာ အမေရိကန်မီးသတ်သမားဘဝ အမည်ရှိသော ကားဖြစ်သည်။ ပြင်သစ်နိုင်ငံမှ ဂျော့မဲလီဆိုသူသည် ၁၉ဝ၂ ခုနှစ်ခန့်က လဗိမာန်သို ခရီးတစ်ခေါက်နာတားလူးပွဲအိပ်မက်ဆင်းဒရဲလားစသော ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးခဲ့ သည်။ ၁၉ဝ၃ ခုနှစ်တွင် အက်ဒွင်အက်(စ)ပေါ်တာ ဆိုသူသည် မီးရထား ဓားပြမှုကြီးခေါ် ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ယင်းသည် ယခုခေတ် အမေရိကန် နွားကျောင်းသားဇာတ်လမ်း များတွင် တွေ့မြင်ရသော လှုပ်ရှားမှုမျိုးကို ပထမဆုံး မြင်တွေ့ ရသော ရုပ်ရှင်ကား ဖြစ်သည်။ ယခင့် ယခင်က အမေရိကန် ဇာတ်ကားများကို အဝေးမှသာ ရိုက်ကူးလေ့ရှိသောကြောင့် ဇာတ်လိုက်မင်းသား မင်းသမီး မည်သူမည်ဝါမျှ မသိနိုင်ချေ။ မီးရထားဓားပြမှု ကြီး ဇာတ်ကားမှ အစပြု၍ အနီးကပ် ရိုက်ကူးကာ ဇာတ်လိုက်အမည်များကိုလည်း ထုတ်ဖော်ကျေညာ သည်။ ထိုဇာတ်ကားမှစ၍ ဇာတ်လိုက်စံနစ် ပေါ်ပေါက်ခဲ့သည်။ ဇာတ်လိုက်များကို သဘောကျကြသဖြင့် ဇာတ်ကားကို လူကြည့်များခြင်းကြောင့် ဇာတ်လိုက်များ အရေးပါလာလေ သည်။ ရုပ်ရှင်ခေတ်ဦးတွင် ရုပ်ရှင်မင်းသမီး မေရီကဖို့အား ရုပ်ရှင်ဝါသနာအိုးများသည် အမည်မသိကြသေးသဖြင့် ရွှေဝါ ဆံခွေနှင့် မိန်းကလေးဟူ၍သာ အမှတ်ထားကြသည်။ ၁၉၁၂ ခုနှစ်တွင် ရိုက်ကူးသော သ နယူးယော့ယက်ဇာတ်ကားတွင် မှ သူ့အမည်ကို ထုတ်ဖော်ကျေညာရလေသည်။ ရုပ်ရှင်ပေါ်စက ရုပ်ရှင်ပြသူများသည် ရုပ်ရှင်ရုံကို ဖြစ် သလို ဆောက်ထားသော ရွက်ထည်တဲများ၊ စတို ခန်းလွတ်များ ၌သာ ပြသခဲ့ကြ၏။ ရုပ်ရှင်ကားများသည် ဇာတ်လမ်းပါလာ သဖြင့် ဇာတ်ကားရှည်လာသည့်အလျောက် ရုပ်ရှင်ပြရန် ရုံ သက်သက် ဆောက်၍ ပြသနိုင်ရန် ကြိုးစားကြသည်။ ပထမ ဆုံး ရုပ်ရှင်ရုံကို အမေရိကန် ်ပြည်ထောင်စု ပင်ဆီလဗေးနီးယား ပြည်နယ် ပစ္စဗတ်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ရုံကို ကျကျနန ဖွင့် လှစ်၍ ဝင်ကြေးငါးဆင့်နှင့် ဝင်ခွင့်ပေးသည်။ ထိုကြောင့် ငါး ဆင့်ရုပ်ရှင်ရုံဟု တွင်သည်။ သုံးနှစ်ခန့် ကြာသောအခါ ငါးဆင့် ရုပ်ရှင်ရုံတစ်သောင်းကျော် ရှိလေပြီ။လန်ဒန်မြို့၌လည်း ပစ္စဗတ် မြို့နှင့် တစ်နှစ်တည်းလိုလိုပင် ရုပ်ရှင်ရုံပေါ်ပေါက်ခဲ့သည်။ ၁၉၁၄ ခုနှစ်ခန့်တွင် ဗြိတိန်တစ်နိုင်ငံလုံးရှိ မြို့ကြီးများ၌ ရုပ်ရှင်ရုံ တစ်ရုံစီ ရှိပြီး ဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းဖြင့် စီးပွားဖြစ်နိုင်သည်ကို သိမြင်လာကြ သောအခါ အဒေါ့ဇူးကော၊ ကားလိမ္မလီ၊ ဝီလျံဖော့၊ ဆယ်လ ဇနစ်၊ ဝါးနား ညီနောင်တို့သည် ရုပ်ရှင်လုပ်ငန်းကို အရင်းအနှီး နှင့် လုပ်ကိုင်လာကြသည်။ ရုပ်ရှင်ရိုက်ရန် စတူဒီယိုရုံကြီးများ တည်ဆောက်၍ အကျအန ရိုက်ကူးလာကြသည်။ ၁၉ဝ၈ ခုနှစ် ခန့်တွင် တစ်နှစ်လျှင် ရုပ်ရှင်ကားပေါင်း ရာနှင့်ချီ၍ ရိုက်ကူး ပြသနိုင်သည့်အခြေသို့ ရောက်လာသည်။ ၁၉၁ဝ ပြည့်နှစ်တွင် အမေရိကန်ရုပ်ရှင်လုပ်ငန်းသမားများသည် ကာလီဖိုးနီးယား ပြည်နယ်၏ ရာသီဥတုနှင့် ဒေသအခြေအနေကို ရုပ်ရှင်လုပ်ငန်း အတွက် အလွန်ကြိုက်နှစ်သက်ကြသဖြင့် ယင်းဒေသတွင် အခြေစိုက် လုပ်ကိုင်ခဲ့ကြရာ လော့စိန်ဂျလီးမြို့အနီး ဟောလီဝု ရုပ်ရှင်မြို့တော်ဟူ၍ ယခုအခါ ကျော်ကြားလျက် ရှိလေသည်။ ထိုသို့ ရုပ်ရှင်လုပ်ငန်း တိုးတက်လာသည့်အချိန်အထိပင် သဘင်သည်များသည် ရုပ်ရှင်အလုပ်ကို အတန်းအစား နိမ့်သည် ဟု ယူဆနေကြသည့်အလျောက် ရုပ်ရှင်နယ်ထဲသို့ ဝင်ရောက် လုပ်ကိုင်ခြင်း မပြုကြချေ။ ၁၉၁၂ ခုနှစ်တွင် ပြင်သစ်လူမျိုး အဒေါ့ဇူးကောသည် ထိုခေတ်က အလွန်ကျော်ကြားလှသော ဇာတ်မင်းသမီးကြီးဆရာဗန်းဟတ်ကို 'အယ်လစ်ဇဗတ်ဘုရင်မ ဇာတ်ကားတွင် ခေါင်းဆောင်ပါဝင်စေသည်။ ထိုဇာတ်ကားကို ဥရောပနိုင်များ၌သာမက အမေရိကန် ပြည်ထောင်စုသို့ပင် တင်ပို့ ပြသရာ လူကြိုက်အလွန်များသည်။ ဇာတ်လမ်း ဇာတ်ကွက်နှင့် ပေရှည်သော ဇာတ်ကားသာ မက ကြီးကျယ်ခမ်းနားသော ဇာတ်ကားများကိုလည်း ရိုက်ကူး လာကြသည်။ ၁၉၂၁ ခုနှစ်တွင် ပေရှစ်ထောင်ကျော် ရှည်လျား သော 'ကိုဗားဒစ်ဇာတ်ကားကြီးကို အီတလီနိုင်ငံမှ ရိုက်ကူး သည်။ယင်းဇာတ်ကားသည် ကြီးကျယ်ခမ်းနားမှုတွင် ရှေ့ဆောင် ဟု ဆိုလောက်သည်။ ၁၉၁၃ ခုနှစ်တွင် ကိုဗားဒစ်ကို အမေရိကန်ပြည်ထောင်စု၌ ပြသပြီးနောက် အမေရိကန်ရုပ်ရှင်ကုမ္ပဏီကြီးများသည် ကြီး ကျယ် ခမ်းနားသောကားများကို ရိုက်ကူးလာကြသည်။ ၁၉၁၅ ခုနှစ်တွင် အမေရိကန်ရုပ်ရှင် ဒါရိုက်တာ ဒီဒဗျူဂရစ်ဖစ်သည် ငွေကို ရေလိုသုံးကာ အလွန်ကြီးကျယ်ခမ်းနားလှသော သဗတ် အောအေနေး ရှင်း ဇာတ်ကားကို ရိုက်ကူးသည်။ ငွေကုန် သလောက် ဝင်ငွေရသော ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်း ဇာတ်ကွက် သရုပ်ဖော်ရာ၌ ကင်မရာလှည့်စား ရိုက်ကူးမှု အမျိုး မျိုးကို သုံးထားသည်။ ဇာတ်လိုက်များ၏ ဟန်အမှုအရာသည် လည်း ယခင်ကကဲ့သို့ ဇာတ်ဟန်မပါဘဲ သဘာဝကျ အမူအရာ မျိုးသို့ တိုးတက်လာ ကြသည်။ ကြီးကျယ်ခမ်းနားသော ရုပ်ရှင်ကားများကို ရုပ်ရှင်ကြည့် ပရိသတ်က စိတ်ဝင်စားနေစဉ် ကာလီဖိုးနီးယားပြည်နယ်မှ မင်ဆင်းနက်သည် ဟာသရုပ်ရှင်ကားရှည်များကို ရိုက်ကူး၍ ပြသည်။ ယခင်က ဟာသဇာတ်ကားများကို ဇာတ်လမ်းတိုများ သာ ရိုက်ကူးခဲ့ရာမှ ဂရစ်ဖစ်၏ ကြီးကျယ်ခမ်းနားသော ဇာတ်ကားကြီးများ၏ စံချိန်ချိုးနိုင်ရန် ချာလီချက်ပလင်နှင့် မာရီဒရက်ဆလာတို့ ပါဝင်သော တီလီ၏ချစ်ကိစ္စ ဟာသ ဇာတ်ကားရှည်ကို ရိုက်ကူးသည်။ ဂရစ်ဖစ်၏ ဇာတ်ကားများ နည်းတူ ဟာသဇာတ်ကားရှည်များသည်လည်း ခေတ်စားလာ သည်။ ၁၉၁၄ ခုနှစ်မှ စတင်၍ ရုပ်ရှင်နယ်ထဲသို့ ဝင်ခဲ့သူ ချာလီချက်ပလင်သည် ၁၉၁၆ ခုနှစ်ခန့်တွင် ရုပ်ရှင်ပရိသတ်၏ အချစ်တော် မေရီပစ်ကဖိုနှင့် တန်းတူ ကျော်ကြားလာသည်။ တစ်ကမ္ဘာလုံး သူ့ကိုမသိသူ မရှိသလောက် ဖြစ်လာလေသည်။ ( ချက်ပလင် ချာလီ။) ပထမကမ္ဘာစစ်အတွင်းက ရုပ်ရှင်သည် အလွန်အရေးပါ အရာရောက်ခဲ့သည်။ ရန်သူများအပေါ် အမုန်းစိတ်၊ ခံတိုက် လိုစိတ် ပွားအောင်၎င်း၊ မိမိလူမျိုးနှင့် နိုင်ငံအပေါ် ချစ်စိတ်ပွား အောင်၎င်း ရုပ်ရှင်ဖြင့် စိတ်ကိုနှိုးဆွပေးသည်။ ပထမကမ္ဘာစစ် အတွင်းက အမေရိကန်ရုပ်ရှင်လုပ်ငန်း အလွန်တိုးတက်နေ သလောက် ဥရောပတိုက် ရုပ်ရှင်လုပ်ငန်းအခြေအနေ နိမ့်ဆင်း သွားသည်။ စစ်ပြီးခေတ်တွင် အခြားဥရောပနိုင်ငံများမှ ရုပ်ရှင် လုပ်ငန်းများသည် ဘဏ္ဍာချို့တဲ့မှုကြောင့် နာလန်ထူ နှေးခဲ့သော် လည်း ဂျာမန်ရုပ်ရှင်လုပ်ငန်းမှာမူ အစိုးရ၏ အကူအညီကြောင့် အမေရိကန်ရုပ်ရှင်များ၏ လွှမ်းမိုးလာမှုကို တွန်းလှန်နိုင်ခဲ့ လေသည်။ အမေရိကန်ရုပ်ရှင်သမားများသည် အထက်တန်းလွှာမှ ဖြစ်ရပ်များ၊ သမ္မာကျမ်းထွက် ခမ်းနားကြီးကျယ်သော ဇာတ် ကားများ၊ အမေရိကန် အနောက်ပိုင်းဒေသအကြောင်းကို အခြေ ပြုထားသော ဇာတ်ကားများကို ငွေကုန်ခံ၍ ကျကျနန ရိုက်ကူး ပြသရာ အမေရိကန်မှသာမက ဥရောပအကဲဖြတ်များကပင် ချီးကျူးကြရသည်။ ဂျာမန်တို့သည် ရာဇဝင်သမိုင်းဇာတ်ကား၊ စိတ္တဗေဒဇာတ်ကားတို့ဖြင့် စစ်ပြီးခေတ် ရုပ်ရှင်လုပ်ငန်းကို နာလန်ထူအောင် ဆောင်ရွက်ကြသည်။ အမေရိကန်ရုပ်ရှင ်ကားများကို ယှဉ်ပြိုင်၍ အနိုင်လိုက်နိုင် သော ထိုခေတ်က ဂျာမန်ရုပ်ရှင်ကားများမှာ ကမ္ဘာ့ရုပ်ရှင်သမိုင်း တွင် မော်ကွန်းတင်လောက်သည့် သကဲဗီနက်အော့ ဒေါက်တာ ကဲလီဂါရီ (၁၉၂ဝ)၊ ဝါနင်းရှဲဒိုး (၁၉၂၂)၊ ဝက်စဝပ် (၁၉၂၄)၊ ပရာဟမြို့မှ ကျောင်းတော်သား(၁၉၂၅-၂၆)တို့ ဖြစ်ကြသည်။ဂျာမန်တို့သည် စိတ္တဗေဒဆန်သော ဇာတ်ကားများ အပြင် ဗိသုကာပညာရပ်ကိုအသားပေးရိုက်ကူးသောကံကြမ္မာ (၁၉၂၁)၊ သ နီးဗလွန်း (၁၉၂၃-၂၄)နှင့် မက်တြိုပိုလစ် (၁၉၂၆)ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးသည်။ ယင်းရှင်ရှင် ကားများသည် ရိုက်ကူးပုံ စံနစ်ဆန်းသစ်သော ဇာတ်ကားများ ဖြစ်ကြသည်။ ဝေးရာမှ တဖြည်းဖြည်း နီးလာအောင် ကင်မရာ ကို ရွေ့ရှား၍ ရိုက်ကူးခြင်းသည် ဇာတ်လမ်း ဇာတ်ကွက် ပို၍ လေးနက်စေသည်ဟု ဂျာမန်ဒါရိုက်တာကြီးတို့က ယူဆသည့် အလျောက် ယင်းနည်းကို အလွန် အသုံးပြုလေ့ ရှိကြသည်။ ဥရောပတွင် ရုပ်ရှင်လုပ်ငန်း၌ ဂျာမန်တို့နှင့် မနီးရိုးစွဲ လိုက်နိုင်သောနိုင်ငံမှာ ပြင်သစ်နိုင်ငံ ဖြစ်သည်။ ၁၉၂ဝ ပြည့် နှစ်ကျော်နှစ်များ၌ အဆင့်အတန်းကောင်းသော ပြင်သစ်ဇာတ် ကားများမှာ ဂျက်ကျူ (၁၉၁၉)၊ လားရူး (၁၉၂ဝ)၊ နပို လီယန် (၁၉၂၇)နှင့် အီတာလျံ မြက်ဦးထုပ် (၁၉၂၈)တို့ ဖြစ်ကြသည်။ အားဗယ်ဂန့်၊ ဇက်ဖေဒါ၊ ကဗယ်ကန်တီ၊ ဂျီအင်း ရနွား၊ ဒျူဗီဗီယေးနှင့် ရနေးကလဲတို့သည် ကျော်ကြားသော ပြင်သစ်ဒါရိုက်တာကြီးများ ဖြစ်ကြသည်။ ဆွီဒင်၊ ဗြိတိန်စသော နိုင်ငံများမှလည်း အန်တိုနီအက်ဒကွစ်၊ ဗစ်တာဆီးစထရွမ်၊ မောရစ္စစတီးလာ၊ စီစီဟက်ပဝပ်၊ အဲလဖရက် ဟစ်ချကော့ စသော ဒါရိုက်တာ အကျော်အမော်ကြီးများ ထွန်းကားခဲ့သည်။ ကမ္ဘာအရပ်ရပ်တွင် အမေရိကန် ရုပ်ရှင်ကားများ အလွန် ခေတ်စား လူကြိုက်များလာသည်ကို ကာကွယ်ရန် ဥရောပနိုင်ငံ များသည် ဆွေးနွေးကြပြီးနောက် အမေရိကန်ရုပ်ရှင်ကားများ အရေအတွက် ကန့်သတ်သွင်းရန် ဆုံးဖြတ်ကြသည်။ ထိုအခါ အမေရိကန်ရုပ်ရှင်ကုမ္ပဏီများသည် မိမိတို့ ရုပ်ရှင်ကားများကို နိုင်ငံခြားသားများ လိုလိုလားလား ရှိလာစေရန် ဥရောပတိုက်မှ ရုပ်ရှင်ပညာသည်များကို ငွေကြေးကောင်းကောင်း အခွင့်အရေး ကောင်းကောင်းပေးကာ ခေါ်ယူသည်။ ဆွီဒင်မှ ဒါရိုက်တာ ဆီးစထရွမ်းနှင့် စတီးလားဂျာမနီမှ အန့်စလျူဗစ်ရှ၊ မာနောင်း၊ အေမီးဂျန်းနင်း၊ ပိုလာ နီဂရီ စသည့် ဇာတ်လိုက်ကြီးများ အမေရိကန်နိုင်ငံသို့ ရောက်လာသည်။ ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၁၈ ခုနှစ် တော်လှန်ရေး အတွင်းက ရုပ်ရှင်သည် ဝါဒဖြန့်ရန် အကောင်းဆုံး ဖြစ်သည် ကို သိရှိသည့်အလျောက် ရုပ်ရှင်လုပ်ငန်းကို ပြည်သူပိုင်လုပ်ကာ ဝါဒဖြန့်လုပ်ငန်း လုပ်ကိုင်သည်။ သို့ရာတွင် ဒါရိုက်တာကြီး အိုင်အင်စတိုင်း၏ ပိုတင်မကင် စစ်သင်္ဘောကြီး (၁၉၂၅)၊ တော်လှန်ရေးသရုပ်ဖော် အောက်တိုဘာလ၊ သို့မဟုတ် ကမ္ဘာကို တုန်လှုပ်စေသော ဆယ်ရယ် (၁၉၂၇-၂၈)နှင့် သဂျင်နရယ်လိုင်း (၁၉၂၉)ဇာတ်ကားတို့သည်၎င်း၊ ဒါရိုက် တာ ပူဒေါ့ကင်၏ အမေ(၁၉၂၆)၊ စိန်ပီတာစဗတ် မြို့တော် ၏ ဇာတ်သိမ်း (၁၉၂၇)၊ အာရှတစ်ခွင်မှ မုန်တိုင်း (၁၉၂၈) ဇာတ်ကားတို့သည်၎င်း၊ ဒါရိုက်တာကြီးတျူရင်၏တပ်ကဆစ်' (၁၉၂၈)ဇာတ်ကားသည်၎င်း၊ ဒါရိုက်တာကြီး ဒေါ့ဂျင်တို့၏ လက်နက်တိုက် (၁၉၂၉) ဇာတ်ကားသည်၎င်း အလွန်အဆင့် ့် အတန်းမြင့်သော ဇာတ်ကားများ ဖြစ်ကြသည်။ ပထမကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးခေတ်တွင် ရုပ်ရှင်သည် အနောက်နိုင်ငံများ၌သာမက အရှေ့နိုင်ငံများသို့လည်း ရောက် လာသည်။ ၁၉၂၁-၂၃ ခုနှစ်များတွင် အိန္ဒိယနိုင်ငံ၌ ရုပ်ရှင် လုပ်ငန်း အခြေစိုက်စ ပြုပြီးဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ ဇာတ်စံနစ်ကြောင့် ရုပ်ရှင်မင်းသား မင်းသမီး ရရှိနိုင်ရန် ခက်ခဲ မှုသည် လုပ်ငန်းတိုးတက်ရေးအတွက် အတားအဆီး တစ်ခု သဖွယ် ဖြစ်ခဲ့သည်။ ထိုကြောင့် ၁၉၂ဝ ပြည့်နှစ်တွင်မှ စတင် ပျိုးထောင်ခဲ့ရသော မြန်မာရုပ်ရှင်လောကမှ ပညာသည်များ ထက် နိမ့်ကျနေသေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗိလတ်သွား မြန်မာကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနအခမ်းအနားသတင်းကားကို လန်ဒန်အတ် ဦးအုန်းမောင်က ပထမဆုံး စမ်းသပ်ရိုက်ကူး၍ ၁၉၂ဝ ပြည့်နှစ် တွင် ရန်ကုန်မြို့ စီနီမာဒီပဲရစ်ရုံတွင် အမေရိကန်ဇာတ်ကား တစ်ကားနှင့်ပူးတွဲပြသရာ ပရိသတ်များ ကြိတ်ကြိတ်တိုး ကြည့် ရှုကြသည်။ ( မြန်မာရုပ်ရှင်။) ဦးအုန်းမောင်၏ လက် စွမ်းကို တွေ့မြင်ကြသဖြင့် ဝါသနာပါသူတစ်စုသည် ဘားမား ဖလင်းအမည်ဖြင့် ပထမဆုံးရုပ်ရှင် ကုမ္ပဏီတစ်ခု တည်ထောင် သည်။ ယင်းကုမ္ပဏီက ပထမဆုံး ဇာတ်လမ်းနှင့် ဇာတ်ကား ဖြစ်သော အပိုင်းဆယ်ပိုင်း ရှည်သည့် မေတ္တာနှင့်သူရာ ဇာတ် ကားကို ရိုက်ကူးပြသသည်။ ဇာတ်လိုက်အဖြစ် ကိုညီပုနှင့် မရီ တို့ ပါဝင်၍ ဇာတ်ဆောင်သူများ၏ အမူအရာကို ဦးတုတ်ကြီး က သင်ပြပေးသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၉ ခုနှစ်အတွင်း လန်ဒန်အတ်၊ မြန်မာအဆွေ (ဘားမားဖလင်းကို ဝယ်၍ အမည်ပြောင်းလိုက် သည်။) ဗြိတိသျှဘားမား စသော မြန်မာရုပ်ရှင်ကုမ္ပဏီပေါင်း လေးဆယ်ကျော် ပေါ်ပေါက်ခဲ့သည်။ အပိုင်းရှည် ဇာတ်ကားကြီး များကိုလည်း ရိုက်ကူးလာကြသည်။ လန်ဒန်အတ်မှ ရတနာပုံ (၁၉၂၃)နှင့် မြန်မာအဆွေမှ မှိုင်းဝေဝေ (၁၉၂၅)ဇာတ်ကားများ သည် အပိုင်းအရှည်ဆုံး၊ လူအကြိုက်အများဆုံး ဖြစ်သည်။ ဇာတ်ကားတစ်ကားကို သုံးလေးရက်ခွဲ၍ ပြရသည်။ ထိုးခန်းကြိတ်ခန်းများသော စတန့်ခေါ် အကြမ်းဇာတ်ကား မျိုးကို ဗြိတိသျှဘားမား၏ ရွှေသဇင်ဇာတ်ကားမှ စတင်ခဲ့သည်။ ထိုအချိန်က ခမ်းခမ်းနားနား ရိုက်ကူးရာ၌ မြန်မာအဆွေကုမ္ပဏီ သည် ထိပ်တန်းမှ ဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ရိုက်ကူးသော ကြင်စဦးနှင့် ၁၉၂၉ ခုနှစ်တွင် ရိုက်ကူးသော ဝေလွင်လွင ဇာတ်ကားများကို ရိုက်ကူးသူ ကာတွန်းရွှေကလေး အမည်ခံ ဦးဘကလေးသည် သူ၏ ရုပ်ရှင်ကားများကို လူ့ဘဝဖြစ်စဉ် နှင့် နီးကပ်စေရုံမက သဘာဝကျ၍ အဆင့်အတန်းမြင့်အောင် ဆောင်ရွက်ခဲ့လေသည်။ ( ဘကလေး၊ ဦးရွှေတလေး) ပထမကမ္ဘာစစ်ပြီးခေတ်တွင် ကမ္ဘာ့ရုပ်ရှင်ကားများကို အမျိုးအစားအလိုက် အမျိုးပေါင်းများစွာ ခွဲခြားနိုင်သည်။ ပညတ်ဆော်ဆယ်ပါးတို့ကဲ့သို့သော ခမ်းနားကြီးကျယ်သည့် ရုပ်ရှင်ကားမျိုး၊ ဝှင်းနိုက်ဟု ဝပ်စအင်ဖလားဝါးတို့ကဲ့သို့ ရာဇဝင်အချစ်ဇာတ်ကားများ၊ ခေတ်ကြေးမုံဟု ခေါ်ထိုက်သော ထိုခေတ်လူတို့၏ အနေအထိုင် အခြေအနေကို ဖော်ပြသော ရွှေတူးသမားဂျင်းတဲလမင်းပရီဗားဗလွန်းဇာတ်ကားများ စသည်ဖြင့် ဖြစ်သည်။ အသံထွက်ရုပ်ရှင် ရုပ်ရှင်ပေါ်စမှ စ၍ ၁၉၂၇ ခုနှစ်အထိ ရုပ်ရှင်များတွင် ပုံတူရိပ်မှ အသံများ ပေါ်ထွက်လာခြင်း မရှိခဲ့ သေးပေ။ အရုပ် ပါးစပ်မှ စကားပြော လှုပ်ရှားနေသော်လည်း အသံမကြားရချေ။ ဇာတ်ကောင်ဟု စကားပြောသည့်အခါ ပြောသည့်စကားကို စာတမ်းထိုးပေးလေသည်။ တီးဝိုင်းဖြင့် တီးလုံးများကိုလည်း လိုက်၍ တီးပေးရလေသည်။ လသာသောည၊ ပင်လယ်ကမ်း ခြေဒေသ စသော ရုပ်ရှင်အခန်းများကို ပြသနေလျှင် ညက်ညော ချိုသာသော တီးလုံးကို တီးပေးလေ့ရှိသည်။ တိုက်ပွဲ ခိုက်ပွဲ များ၊ သို့မဟုတ် မုန်တိုင်းကျနေသော အခန်းကို ပြနေလျှင် ပတ်ကြမ်းတိုက် တီးပေးသည်။ ဝါးနားဘရားသားရုပ်ရှင ်ကုမ္ပဏီ မှ ဒွန်းဝှန်းဇာတ်ကားတွင် သီချင်းဆိုခန်း၌ အသံထွက် ဓာတ်ပြား ဖွင့်ပေးရာ လူကြိုက်များလာကြောင်းကို သိလာ သောအခါ လူ၏ ပုံတူရိပ်ထွက်သည်နှင့် အသံနှင့် တစ်ထပ် တည်းကျအောင် ထွက်ရန် တိုးတက်တီထွင်လာကြသည်။ ၁၉၂၇ ခုနှစ် အောက်တိုဘာလ ခြောက်ရက်နေ့၌ ပထမဆုံး အသံထွက် ရုပ်ရှင်ကားဖြစ်သော သဂျတ်ဆင်းဂါးဇာတ်ကား ပေါ်ထွက်လာသည်။ အသံထွက်ရုပ်ရှင် ရိုက်ကူးရာ၌ ရုပ်ရှင်တွင် ပါဝင်သူများ ၏ အသံများကို မိုက္ကရိုဖုန်းဖြင့် ဖမ်းယူရသည်။ မိုက္ကရိုဖုန်း သည် အသံမျိုးစုံကို ဖမ်းယူသဖြင့် ရုပ်ရှင်ရိုက်ကူးရာ၌ ဇာတ် လမ်းတွင် ပါဝင်သူ၏ အသံတစ်ခုတည်းကိုသာ ဖမ်းယူနိုင်ရန် မှာ အရေးကြီးပေသည်။ ထို့အတွက် အသံထွက်ရုပ်ရှင် ရိုက်ကူး သော ဌာနများကို လူနေအိမ်ခြေနှင့်ဝေးကွာသည့် နေရာများတွင် တည်ဆောက်ထားကြခြင်း ဖြစ်သည်။ အသံဖမ်းယူသည့် အခန်း တွင်းသို့ ပြင်ပအသံများ မရောက်ရန်ကိုလည်း ကာကွယ်ထားရ ပေသည်။ ရှေးခေတ်အသံထွက်ရုပ်ရှင် ရိုက်ကူးရာတွင် အသံကို ဓာတ်ပြားများဖြင့် ဖမ်းယူလေ့ရှိကြသည်။ ဓာတ်ပြားလည်ပုံကို အရုပ်နှင့် အံကိုက်ကျအောင် အနှေးအမြန် ညိ|ပေးကြရလေ သည်။ ကင်မရာနှင့် အသံဖမ်းစက်တို့သည် တစ်ချိန်တည်း၌ ဇာတ်လိုက်ကို ဓာတ်ပုံလည်းရိုက်၊ အသံကိုလည်း ဖမ်းယူရ ပေသည်။ သို့မဟုတ်လျှင် သူ၏ ပါးစပ်လှုပ်မှုနှင့် စကားလုံး များ ပေါ်ပေါက်လာမှုသည် ကိုက်ညီကြမည် မဟုတ်ပေ။ ထိုကြောင့် ကင်မရာနှင့် ဖိုနိုဂရပ်တို့ကို ထိန်းသောစက်တို့သည် အသွားနှုန်း တစ်မျိုးတည်းဖြင့် လည်ပတ်ကြရပေသည်။ အသံ ဖြစ်ပေါ်လာအောင် ဖိုနိုဂရပ်ဓာတ်ပြားဖြင့် ဖမ်းယူ နည်းကို အသုံးမပြုဘဲ အခြားနည်းတစ်ခုကို အသုံးပြုနိုင်ပေ သည်။ ထိုနည်းမှာ အသံကို အလင်းအဖြစ်သို့ ပြောင်းပြီးနောက် ထိုအလင်းကို ဖလင်ကော်ပြားပေါ်တွင် ဓာတ်ပုံရိုက်ယူခြင်း ဖြစ် သည်။ မိုက္ကရိုဖုန်းမှ လျှပ်စစ်ဓာတ်စီးကို တောက်ပနေသော မီးအိမ်ထဲသို့ ဖြတ်၍ စီးသွားစေသည်။ အသံကျယ်က မီးရောင် လင်းလာ၍ အသံတိုးက မီးရောင်မှိန်သွားသည်။ မီးရောင်မှိန်ပုံ၊ လင်းပုံကို ရုပ်ရှင်ရိုက်ကူးသော ဖလင်ကော်ပြား၏ ကျဉ်းမြောင်း သည့် နံဘေးတွင် ဓာတ်ပုံရိုက်ယူသည်။ ထိုကြောင့် ရုပ်ရှင်ပြ လိုက်သောအခါတွင် ပုံတူရုပ်နှင့်အတူ အသံပါ တစ်ပါတည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုသို့ အသံပေါ်လာခြင်းမှာ ပုံတူရိပ်ကို ထိုးသောအလင်း သည် မူလက မီးအိမ်မှ အလင်းလောက်ပင် တောက်သည်။ ထိုအလင်းရောင်သည် ဖိုတိုအီလက်ထရစ်ဓာတ်အိုးတို့ ကျရောက် ကာ လျှပ်စစ်ဓာတ်စီးကို ဖြစ်ပေါ်စေသည်။ ထိုလျှပ်စစ်ဓာတ်စီး က ပိတ်ကားနောက်ဘက်ရှိ အသံချဲ့စက်၌ အသံကို ဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်သည်။ ယခုအခါ အထက်ပါ နည်းနှစ်နည်း ကို အသုံးနည်းလေသည်။ ကင်မရာနှင့် ရုပ်ရှင်ရိုက်သည်နှင့် တစ်ပြိုင်တည်းပင် အသံကို တိတ်ကြိုးခွေဖြင့် ဖမ်းယူကာ ဖမ်း ယူထားသောအသံကိ ု စိတ်တိုင်းကျ ဖြစ်မဖြစ် ချက်ချင်းဖွင့်၍ စမ်းသပ်နားထောင်ပြီး၊ စိတ်တိုင်းမကျက ချက်ချင်း ပြန်လည် အသံသွင်းနိုင်သည်။ အသံကို စိတ်တိုင်းကျပါက အသံနက် ဂတစ်အဖြစ်သို့ ပြန်လည်၍ ကူးယူရသည်။ အသံထွက်ရုပ်ရှင်ကားများ ပေါ်ပေါက်လာခြင်းကြောင့် ရုပ်ရှင်လုပ်ငန်းတွင် ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အသံ တိတ်ကားများမှ အချို့ဇာတ်လိုက်များသည် အသံထွက်ကားများ တွင် မပါဝင်နိုင်တော့ချေ။ ဇာတ်ကောင်များ၏ အပြောအဆို၊ လေယူလေသိမ်းနှင့် အသံတို့မှာ အသံထွက်တာများ၌ အရေး ကြီးလာသည့် အလျောက် အသံကောင်း အဆိုကောင်း ဇာတ် လိုက်သစ်များ ပေါ်ထွက်လာသည်။ အဆိုအက ဂီတသံစုံကျူး ဇာတ်ကားများလည်း ခေတ်စားလာသည်။ ၁၉၃၂ ခုနှစ်တွင် ပထမဆုံးသော မြန်မာအသံထွက်ဇာတ် ကားကို ရိုက်ကူးပြသ နိုင်ခဲ့သည်။ သို့ရာတွင် အိန္ဒိယလူမျိုးပိုင် အင်းပီးရီးယယ်ကုမ္ပဏီမှ ဘုံဘိုင်မြို့တွင် သွားရောက်ရိုက်ကူး သော ရုပ်ရှင်ကား ဖြစ်သည်။ ယင်းမှာ ငွေပေးလို့မရ ဇာတ်ကား ဖြစ်သည်။ အသံများ ကောင်းစွာ မပီသလှချေ။ ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီမှ ရန်ကုန်မြို့၌ပင် ရိုက်ကူးသော ပဋိက္ခရားနှင့် ရွှေအိမ်သည် အသံထွက်အပိုင်းတို ဇာတ်ကားမှာမူ အသံပီသ၍ အောင်မြင်သည်ဟု ဆိုရပေမည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အဆင့်အတန်းမြင့်၍ လူကြိုက်များသော မြန်မာ အသံထွက် ရုပ်ရှင်ကားများမှာ ဣဋာရုံ၊ အပျိုစင်၊ ဣတ္တိယ၊ ပန်းစေတီ၊ အချစ်ဆုံး၊ လေးလရာသီ ဂျပန်ပြည်၊ ဂျပန့်ရင်သွေး၊ ချစ်စနိုး၊ မြှားနတ်မောင်၊ ချစ်အမျှ၊ ချစ်ရေစင်၊ ဗိုလ်အောင်ဒင် စသည်တို့ ဖြစ်ကြသည်။ ဗိုလ်အောင်ဒင်ဇာတ်ကားသည် စစ်ကြို ခေတ်နှင့် စစ်ပြီးခေတ်များတွင် အကြိမ်ကြိမ် အဖန်ဖန် ပြရ၍ ပြတိုင်း လူကြိုက်များပြီးလျှင် ဝင်ငွေကောင်းသော ဇာတ်ကား ဖြစ်သည်။

ကာတွန်းရုပ်ရှင် ရုပ်ရှင်လောကတွင် ရုပ်ရှင်စနစ်သက်သက်ဖြင့် အခြား တိုးတက်မှုတစ်ရပ်မှာ ဝေါလဘာဒ်ဇနီ၏ ကာတွန်းရုပ်ရှင် ပေါ် ပေါက်လာခြင်း ဖြစ်သည်။ (ဒစ်ဇနီဝေါလတာအီ--လည်းရှု။) ဒစ်ဇနီ၏ ကာတွန်းရုပ်ရှင်များကို ကမ္ဘာအရပ်ရပ်ကို လူကြိုက် များလာခဲ့ရာ ကာတွန်းရုပ်ရှင်ဇာတ်ကား အတော်များများ ပေါ် ထွက်လာလေသည်။ ကာတွန်းရုပ်ရှင် ရိုက်ကူးရာ၌ အရုပ်ငယ်ပုံ ပေါင်း မြောက်မြားစွာ ရေးဆွဲရသည်။ အရုပ်များကို အသံထွက် ရုပ်ရှင်အဖြစ် ရိုက်ကူးသော အခါ၌ ပန်းချီဆရာသည် စကားပြော သံ၊ သီချင်းဆိုသံနှင့် အရုပ်၏လှုပ်ရှားပုံများကို ကိုက်ညီအောင် ရေးဆွဲပေးရသည်။

မြန်မာရုပ်ရှင်လောက၌ ကာတွန်းရုပ်ရှင်ကားများလည်း ပေါ်ထွက်ခဲ့သည်။ စာရေးဆရာဇဝနနှင့် ကာတွန်း ဦးဟိန်စွန်း တို့သည် လာမယ် လာမယ် မကြည်ရဲ့ သီချင်းကို ကာတွန်း ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ကာတွန်း ဦးဘဂျမ်းနှင့် ဦးဟိန်စွန်း တို့၏ ကြက်တောင်ကွဇာတ်ကားမှာမူ ဇာတ်လမ်းပါရှိသဖြင့် ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင်ဇာတ်ကား ဟု ခေါ်ဆိုရပေ သည်။

ရောင်စုံရုပ်ရှင် အဖြူအမဲရောင်နှင့်သာ ရိုက်သော ရုပ်ရှင်ကားများအဖြစ်မှ တစ်ဆင့်တက်၍ ရောင်စံ ရုပ်ရှင်ကားများ ရိုက်ကူးရန် ပညာရှင် များ ကြိုးစားလာခဲ့ရာ ၁၉၃ဝ ပြည့်နှစ် အစပိုင်းလောက်တွင် အကောင်အထည် ပေါ်လာခဲ့သည်။ ပထမဆုံးသော အစအဆုံး ရောင်စုံ ရုပ်ရှင်ကားမှာ တိုးအော့သဆီးဇာတ်ကား ဖြစ်သည်။

အဖြူအမဲချည်းသာ ကြည်ရှုနေရရာမှ ပကတိပြင်ပမှ အရောင် အတိုင်း ပိတ်ကားပေါ်တွင် မြင်ရသောအခါ ရုပ်ရှင်ကြည့် ပရိသတ်၏ မျက်စိပသာဒကို စွဲလမ်းစေသည်။ ယခုအခါ၌မူ နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီကြီးများသည် ရောင်စုံ ရုပ်ရှင်ကားများ လိုလိုချည်း ရိုက်ကူးထုတ်လုပ်နေကြသည်။

မြန်မာနိုင်ငံ၌ ၁၆ မီလီမီတာ ဆေးရောင်စုံဇာတ်ကားကို ရန်ကုန်ရုပ်ရှင်ကုမ္ပဏီက ပထမဆုံးရိုက်ကူး ပြသခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒါရိုက်တာရွှေဘော် ရိုက်ကူးသည့် ချစ်သွေးညီ ရုပ်ရှင်ကား ဖြစ်သည်။

မှတ်တမ်းတင် ရုပ်ရှင်ကားများ အမေရိကန် လူမိုက်လောကဇာတ်ကားများ၊ ဟာသ ဇာတ်ကားများ ရိုက်ကူးရာ၌ ကမ္ဘာ့စံပြ ဖြစ်ခဲ့သော ဟောလီဝု သည် ရုပ်ရှင် ပရိသတ်၏ အဆင့်အတန်းမြင့်လာမှုကြောင့် နောက်ပိုင်း၌ ဣန္ဒြေရရနှင့် လူ့အရေး၊ လူ့ကိစ္စကို တင်ပြသော ဇာတ်ကား များကို ရိုက်ကူးခဲ့သည်။ လူ့လောကကို အကျိုးပြုခဲ့ သော ပါးစတား၊ ဇိုလာ၊ ဟွားရေး စသော ပုဂ္ဂိုလ်ကျော်ကြီး များ၏ အတ္ထုပ္ပတ္တိဇာတ်ကားများ၊ ကမ္ဘာကျော်ဝတ္ထုကြီးများ ကိုလည်း ရိုက်ကူးသည်။ ထို့ပြင် လုပ်ငန်းတစ်ခုခုဆိုင်ရာ လူတစ်စုနှင့် လုပ်ငန်းများကိုလည်း ရိုက်ကူးသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မှတ်တမ်းတင်ကားများသည် ဝါဒဖြန့်ရေး အတွက် အလွန်အရေးပါခဲ့သည်။ ဒုတိယကမ္ဘာစစ် နီးကပ်လာ ချိန်နှင့် စစ်အတွင်း၌ ဟော လီဝုဒ်နှင့် ဥရောပရုပ်ရှင်များတွင် စစ်နှင့်ဆိုင်သော ဝါဒဖြန့် သဘောတရားများ ပါလာသည်။ ဟောလီဝုမှ ဖရင့်ကက်ပရာ၏ ကျွန်ုပ်တို့ ဘာကြောင့် တိုက်ရသလဲ၊ ဂျွန်ဟပ်စတန်၏ ဆန်ပီကြိုက်တိုက်ပွဲ နှင့် အလင်းဆောင်ပါလော့၊ အက်ဒွပ် စတိုင်ခင်နှင့် လွီဒါရော့ခမွန်တို့၏ ရဲဘော်မ ဇာတ်ကားများ သည် စစ်တပ်များအတွက် ဝါဒဖြန့် မှတ်တမ်းတင်ကားများ ဖြစ်ကြသည်။

စစ်အတွင်း ရုပ်ရှင် စစ်မက်ရေးကြောင့် ဥရောပ ရုပ်ရှင်လုပ်ငန်းကို ထိခိုက် ခဲ့သော်လည်း ဟောလီ ဝုရုပ်ရှင်လုပ်ငန်းသည်များစွာ ထိခိုက် သည်ဟု မဆိုသာချေ။ ဇာတ်ကားရော ဒါရိုက်တာပါ အကယ် ဒမီဆုရရှိသော ကာဆာဗလန်ကာ (၁၉၄၃) ဇာတ်ကား၊ ဇာတ်လိုက် မင်းသား ကလစ်ဖတန်ဝက်၏ ပွဲဦးထွက်လော်ရာ စုံထောက်ဇာတ်ကား၊ ၁၉၄၅ ခုနှစ်တွင် ဝင်ငွေအကောင်းဆုံး ဖြစ်သော လိဖဟာတူဟဲဗင်းဇာတ်ကားတို့သည် စစ်အတွင်း ထင်ရှားသည့် ဟောလီဝုရုပ်ရှင်ကားများ ဖြစ်ကြသည်။

ဗြိတိန်နိုင်ငံ၌မူ စစ်ဦးခေတ်လောက်က စတူဒီယိုအချို့ ပိတ်လိုက်ရသည်။ အချို့ကို စစ်ဘက်မှ သိမ်းသည်။ ရုပ်ရှင် ပညာအချို့ စစ်ထဲလိုက်ကြသည်။ ရုပ်ရှင်သည် လူထုစိတ်ဓာတ် ပျက်ပြားမှုကို မဖြစ်စေရန် ဝါဒဖြန့်နိုင်သော လက်နက်ကောင်း တစ်ခု ဖြစ်သည့်အလျောက် အစိုးရပြန် ကြားရေးဌာနနှင့် ရုပ်ရှင် ကုမ္ပဏီများက ရုပ်ရှင်လုပ်ငန်းကို ပြန်လည် ထူထောင်ကြသည်။

ဂျေအာသာရင့်အော်ဂနိုက် ဇေးရှင်းအဖွဲ့ကြီး ထွက်ပေါ်ရေး၊ နိုင်ငံ ရပ်ခြား၌ ဗြိတိသျှ ကားကောင်းများ တွင်ကျယ်စွာ ဖြန့်ချိရေး အတွက် သန်းနှင့်ချီ၍ အရှုံးခံကာ အားပေးရာ ဗြိတိသျှရုပ်ရှင် လုပ်ငန်း တိုးတက်လာပြီးလျှင် အဆင့်အတန်းမြင့်သော ဇာတ် ကားများ ပေါ်ထွက်ခဲ့သည်။ နိုဝယ်ကောင်းဝပ်၏ ကျွန်ုပ်တို့ အမူတော်ထမ်းရာဇာတ်ကား၊ ကာရိုရိ၏ သဝေး အဟက် ဇာတ်ကား အန်တိုနီအက်စကွစ်၏ သ ဝေး တူ သ စတား ဇာတ်ကားများသည် ဗြိတိန် လူထုအား စစ်သွေးကို နှိုးဆွပေး သော ဇာတ်ကားများ ဖြစ်ကြသည်။

ထူးခြား သစ်ဆန်းသည့် ဇာတ်လမ်းဇာတ် ကွက်များဖြင့် ရိုက်ကူး၍ စစ်နှင့်မသက်ဆိုင်သော ဇာတ် ကားကောင်းများလည်း ပေါ်ထွက်ခဲ့သည်။ သေရေးရှင်ရေးတွေ့ရဆုံရ ထိုခဏသဂရိတ်ပရောဂရက်အော့ဒမင်းအောက်သန်းဒါးရော့ ဇာတ်ကားများသည် အဆင့်အတန်းမြင့်လှသော ယင်းဇာတ်ကား မျိုး ဖြစ်သည်။

ရှိတ်စပီးယား၏ ပြဇာတ်များကိုလည်း ထိုခေတ်တွင် ထိထိမိမိနှင့် ရိုက်ကူးခဲ့သည်။ ပဉ္စမဟင်နရီ ဘုရင် နှင့် ဟင်းမလက်ဇာတ်ကားများသည် ဗြိတိသျှရုပ်ရှင် သမိုင်းတွင် မော်ကွန်းထိုးရလောက်အောင် ကောင်းမွန်သော ဆာလော့ရင့် အော်လီဗီယာ၏ လက်ရာဇာတ်ကားများ ဖြစ်ကြသည်။ စစ်အတွင်းက စစ်ရေးကြောင့်၎င်း၊ ဖလင်လိပ်နှင့် ရုပ်ရှင် ကိရိယာရှားပါးမှုကြောင့်၎င်း၊ မြန်မာနိုင်ငံ၌ ရုပ်ရှင်ရိုက်ကူးခြင်း လုံးမဝပြုနိုင်ခဲ့ချေ။

အရှေ့တောင် အာရှတိုက် စစ်ဆင်ရေးအတွက် အခြေခံ ဖြစ်နေသော အိန္ဒိယနိုင်ငံ၌မူ မဟာမိတ်တပ်ပေါင်းစုနှင့် အိန္ဒိယ ရုပ်ရှင်ကုမ္ပဏီများသည် ဝါဒဖြန့်ကားပေါင်း မြောက်မြားစွာ ကို ရိုက်ကူးခဲ့သည်။ အိန္ဒိယရုပ်ရှင်လုပ်ငန်းသည် စစ်အတွင်းမှ စ၍ အရှိန်ရလာခဲ့ရာ စစ်အပြီးတွင် ဟောလီဝုနီးပါးမျှ တစ်ရှိန်ထိုး တိုးတက်လာလေသည်။ ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်ကားပေါင်း ၂၈၃ ကား ရိုက်ကူးနိုင်ခဲ့၍ စံချိန်တစ်ရပ် ဖြစ်ခဲ့လေသည်။ အိန္ဒိယရုပ်ရှင်သည် ကမ္ဘာကျော် ဖြစ်လာသည်။ သကုဏ္ဍလ (၁၉၄၇) ဇာတ်ကားသည် ကမ္ဘာ၌ အကောင်းဆုံး ရုပ်ရှင်ကား တစ်ကား ဖြစ်သည်။ အိန္ဒိယရုပ်ရှင်သမိုင်းတွင် စံတင်ထိုက်၍ ဝင်ငွေအကောင်းဆုံး ဇာတ်ကားမှာ ချန္ဒရာလက္ခဖြစ်သည်။ အိန္ဒိယရုပ်ရှင်နယ်တွင် နာမည်ကျော် ဇာတ်လိုက်များစွာ ပေါ် ထွက်ခဲ့ရာ ရှန်ထရမ်၊ ဂျေရှရီး၊ ရာဇကုမာရီ၊ မိုတီလား၊ ရတ်ချ ကပူး၊ ပရင်းနတ်၊ ဒီလစ်ကူးမား၊ နာဂစ်၊ ဆူရေးယား၊ နင်မီ၊ မဒဗာလာ၊ တြိလောကပူး၊ နီရွတ်ပါရွိုင်းတို့မှာ လူကြိုက်များသူ များ ဖြစ်ကြသည်။ အိန္ဒိယရုပ်ရှင် ကုမ္ပဏီများသည် ထုံးဟောင်း ပုံပြင်များကို အခြေပြုသော ရုပ်ရှင်ကားများကို အများအပြား ရိုက်ကူးလေ့ ရှိကြသည်။

ရုပ်မြင်သံကြားစက်များ ခေတ်စားလာသောအခါ ရုပ်ရှင် လုပ်ငန်းများကို ထိခိုက်လာသည်။ ရုပ်ရှင်ကုမ္ပဏီကြီးများ သည် မိမိတို့၏ ဇာတ်လိုက်များကို ရုပ်မြင်သံကြားလွှင့်ခြင်း ၌ မပါ စေရန် ဟန့်တားကြသည်။ ဥရောပနိုင်ငံများသည် မိမိတို့နိုင်ငံ အတွက် မိမိတို့ လုံလောက်အောင် ရုပ်ရှင်ကား များ ရိုက်ကူး ခြင်း၊ အဆင့်အတန်း တိုးတက်သောကားများ ရိုက်ကူးခြင်း၊ အမေရိကန်ရုပ်ရှင်ကားများကို အကန့်အသတ် နှင့် တင်သွင်းခြင်း တို့ကြောင့် ဟောလီဝုရုပ်ရှင်လုပ်ငန်းတွင် အနှောင့်အယှက်များ ဖြစ်လာသည်။

အော်လီဗီယာလောရင့်၏ ဇာတ်ကားများ မျှော် တလင့်လင့်တွေ့ရဆုံရ ထိုခဏဖိနပ်နီနီတတိယလူ ကဲ့သို့သော ဗြိတိသျှရုပ်ရှင်ကားများ၊ ဖိနပ်တိုက်သမားစက်ဘီးသူခိုးရောမကာကွယ်မဲ့မြို့တော်ပေဆန် တို့ကဲ့သို့သော အီတလီရုပ်ရှင်ကားများ ကမ္ဘာ့ရုပ်ရှင်ပရိသတ် အကြိုက် ဥရောပကားများ ဖြစ်ကြသည်။ ထိုကြောင့် ဟောလီဝုသည် နည်းသစ်တစ်မျိုး ထွင်ရသည်။ ယခင်က မပြုကောင်းဟု ရှောင်ကြဉ်ခဲ့သော ဇာတ်ကားမျိုးကို ရိုက်ကူးခဲ့သည်။ ယင်းသို့ ဖြင့် ကရော့စ ဖိုင်းယားဂျင်းတဲလမင်း အဂရီမင့် ဇာတ် ကားများ ပေါ်ထွက်ခဲ့လေသည်။

၁၉၅ဝ ပြည့်နှစ်တွင် ဟောလီဝုသည် မရိုးနိုင်သော ကောင်းဗွိုင်ဇာတ်ကားများကို ရိုက်ကူးပြန်သည်။ ဂီတ အသား ပေးသော ဇာတ်လမ်း၊ ဟာသဇာတ်လမ်း စသည်ဖြင့် အမျိုးမျိုး ခွဲခြားရိုက်ကူးသည်။ ဟောလီဝုသည် ရှေးကကဲ့သို့ ဥရောပ တိုက်တွင် မတွင်ကျယ်နိုင် သောအခါ အမေရိကန်ကားများက ထိုနေရာတွင် အစားဝင်ရန် ကြိုးစားလေသည်။ သို့ရာတွင် အိန္ဒိယ၊ အီဂျစ်၊ ဗရာဇီး၊ အာဂျင်တီးနား စသော နိုင်ငံများက လည်း ရုပ်ရှင်လုပ်ငန်း ပိုမိုချဲ့ထွင်ကာ ပိုမိုရိုက်ထုတ်နေသော ကြောင့် ဟောလီဝု အတွက် မှန်းခြေမကိုက်ချေ။

ဒုတိယကမ္ဘာစစ်အပြီး ရုပ်ရှင်

လုပ်ငန်းအတွက် အမြတ်ရ လိုက်သော နိုင်ငံမှာ ချက်ကို စလိုဗားကီးယား နိုင်ငံဖြစ်သည်။ ဂျာမနီသည် ဥရောပတိုက် ၌ အကောင်းဆုံးသော ရုပ်ရှင်ပစ္စည်း ကိရိယာတို့ကို ပြုလုပ်နိုင်သည်။ ချက်ကိုစလိုဗားကီးယားနိုင်ငံကို ဂျာမန်တို့ စစ်အတွင်းက သိမ်းပိုက်ထားစဉ်က ပရာဟမြို့ တော်အနီး ဗရန်ဒေါ့တွင် နာဇီဝါဒဖြန့် ရုပ်ရှင်ကားများ ရိုက်ကူးရန် အကောင်းဆုံးစတူဒီယိုကြီးကို ဆောက်လုပ် ထားခဲ့သဖြင့် အမွေရလိုက်သည်။ ချက်ရုပ်ရှင်ကားများ သည် များသောအား ဖြင့် မှတ်တမ်းတင်ကားများ ဖြစ်သဖြင့် အဆင့်အတန်း ကောင်း မွန်သည်။ ကွန်မျိူနစ်အုပ်စုနိုင်ငံများတွင် ဆိုဗီယက်ရုပ်ရှင် ကားများကဲ့သို့ ခေတ်စားလေသည်။

မြန်မာရုပ်ရှင် လုပ်ငန်းတွင်မူ စစ်ပြီးခေတ်၌ စစ်ကျန်ဖလင် များဖြင့် အသံတိတ်ရုပ်ရှင်ကားများ ပြန်လည် စတင်ရိုက်ကူး လာကြသည်။ နောက်မှ တဖြည်းဖြည်း အသံထွက်ကား များ ရိုက်ကူးခဲ့သော်လည်း ပစ္စည်းကိရိယာ မပြည်စုံမှု ကြောင့် အသံ ပီသခြင်း၊ အရုပ်များ ကြည်လင်ပြတ်သား ခြင်း မရှိလှချေ။ ၁၉၅၁ ခုနှစ်တွင် ရုပ်ပြဗဟုသုတ ပြန့်ပွား ရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ အစိုးရက မှတ်တမ်းတင်ကားများ၊ ပညာပေး ကားများ ရိုက်ကူးပြသရန် ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ၁၉၅၅ ခုနှစ်တွင် ယင်းအဖွဲ့ကို ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေး အဖွဲ့အဖြစ် အမည်ပြောင်းကာ ပြင်ပရုပ်ရှင် လုပ်ငန်းများကို လက်ခံရိုက်ကူးပေးခြင်း၊ ဖလင်ဆေးပေးခြင်း၊ ကူးပေးခြင်း၊ အသံသွင်းပေးခြင်း စသည်တို့ဖြင့် ရုပ်ရှင်ပညာ အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်လျက် ရှိသည်။ ဆယ်နှစ်ခန့်ကြာမှ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးတက်လာလေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ကမ္ဘာ့အရပ်ရပ် ရုပ်ရှင် လုပ်ငန်း၊ အထူးသဖြင့် အမေရိကန် ရုပ်ရှင်လုပ်ငန်း တိုးတက် လာသည်။အသံထွက်ရုပ်ရှင်၊ ရောင်စုံရုပ်ရှင်တို့ထက် ဆန်းကြယ် တိုးတက်သော ယခင်ရှုကွင်းထက် ပိုမိုကျယ်ပြန့်သည့် စီနီမာ စကုပ် မြင်ကွင်းကျယ်ရုပ်ရှင်များ၊ သုံးဖက်မြင် သရီးဒီရုပ်ရှင်များ၊ ရုပ်ရှင်ကြည့် ပရိသတ်ပါ ရုပ်ရှင်ကားထဲ၌ ပါနေသကဲ့သို့ ခံစားနေသော စီနီရာမာရုပ်ရှင်ကားများ ပေါ်ထွက်လာသည်။

ရုပ်ရှင်လောကတွင် အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည့် စီနီရာမာရုပ်ရှင်ကို ၁၉၅၂ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် အောင်မြင်စွာ ပြသနိုင်ခဲ့သည်။ အသံတိတ်ရုပ်ရှင်မှ အသံထွက်ရုပ်ရှင်အဖြစ် ထုတ်လုပ်နိုင်သည့် ၁၉၂၇ ခုနှစ် အောင်မြင်မှုပြီးနောက် ဤအောင်မြင်မှုသည် အရေးအကြီးဆုံး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ ဗရွတ်ကလင်မြို့သား ဖရက် ဝေါလာဆိုသူ ဓာတ်ပုံပညာရှင်တစ်ဦးသည် ၁၉၃၇ ခုနှစ်ခန့် ကပင် မြင်ကွင်းကျယ် ရုပ်ရှင်သဘော ကို စုံစမ်းလေ့လာခဲ့ ဖူးသည်။ နောက်ဆုံးတွင် သူသည် အတွင်းဘက်သို့ လှိုက်ဝင် ပြီး သာမန်ထက် အလျားရှည် သော ပိတ်ကားပေါ်တွင် အရုပ် ထင်ရန် ကြိုးပမ်းလေသည်။ အမြင့် ၂၆ ပေ၊ အလျား ၇၅ ပေ၊ အခုံး ၁၄၆ ဒီဂရီ (လူ့မျက်စိအစုံနှင့် တသားတည်း နီးနီး)ရှိ သော ပိတ်ကား ကြီးပေါ်တွင် ပြသရသည်။ စီနီရာမာရုပ်ရှင်ရိုက်သည့်အခါ၌ လည်း ကင်မရာတွင် ၂၇ မီလီမီတာ မှန်ဘီလူးသုံးခုကို ၁၄၆ ဒီဂရီ ဂွင်ဝင်အောင် ချိန်၍ တစ်ပြိုင်တည်း တပ်ထားပြီးလျှင် ဖလင်သုံးလိပ်ဖြင့် တစ်ပြိုင် တည်း ရိုက်ခြင်းဖြစ်သည်။ ယင်းသို့ဖြင့် ပိတ်ကားကျယ်ကြီး ပေါ်တွင် အရုပ်အကွက် သုံးကွက်ထင်နေသော်လည်း ယင်းသုံး ကွက်စလုံးသည် တစ်ဆက်တည်းနှင့် ပိတ်ကားအပြည့် တည်ရှိ လေရာ ကြည့်ရသူတို့အဖို့ အရုပ်ကားတစ်ချပ်တည်းအသွင် မြင်ရသည်။ ပြသရာ၌ ပိတ်ကားဘေးကပ်လျက်တွင် အသံထိန်း အင်ဂျီနီယာတစ်ဦး၊ ပိတ်ကားရှေ့တည့်တည့်တွင် အရုပ်ထိန်း အင်ဂျင်နီယာတစ်ဦး ရှိရသည်။ ပြစက်သုံးခုတွင် လည်း ပြစက် သမား တစ်ဦးစီ ရှိကြသေးသည်။ ယင်းစက် များမှ တစ်ပြိုင် တည်း ပြသည့်အခါ လက်ဝဲဘက်အစွန်ဆုံး ပြစက်မှ ပိတ်ကား ၏ လက်ယာဘက် အစွန်ကို ပြ၍ အလယ်ပြစက်မှ ပိတ်ကား အလယ်တည်တည့်ကို ပြပြီးလျှင် လက်ယာဘက်အစွန်ဆုံး ပြစက်မှ ပိတ်ကား၏ လက်ဝဲဘက်ကို ထိုးပြသည်။ ယင်းသောအခါ ရုပ်ရှင်ကြည့်နေသူသည် ရုပ်ရှင်၌ ပါဝင် နေသူများနှင့်အတူ မိုးပေါ်ပျံသည့်အခါ ပါဝင် ပျံသန်းရသကဲ့သို့ ဖြစ်လာသည်။ နက်ရှိုင်းသောချောက်ထဲသို့ တစ်ရှိန်ထိုး ကျ သည့်အခါ ပါဝင်ကျသွားသကဲ့သို့ ဖြစ်လာသည်။ ခံစားချက် အပြည့်အဝနှင့် ရုပ်ရှင်ကြည့်ကြရလေသည်။ ပထမ ဆုံးသော စီနီရာမာရုပ်ရှင်မှာ မိုက်ကယ်တော့၊ လိုဝယ် တောမတ်နှင့် မိတ်ဆွေတစု စုပေါင်း ထုတ်လုပ်သော သစ်အစ်စီနီမာရာ ရုပ်ရှင်ကား ဖြစ်သည်။ ပထမဆုံး သော စီနီမာရာ ရုပ်ရှင်ရုံသစ်ကြီးကို ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် တည်ဆောက်ခဲ့သည်။ စီနီရာမာရုပ်ရှင်သည် ကင်မရာသုံးလုံးနှင့် မြင်ကွင်းကျယ် ရိုက်ရသည်။ ကင်မရာ တစ်လုံးတည်းနှင့် မြင်ကွင်းကျယ် ရိုက် နိုင်ရေးကို မိုက်ကယ်တော့ စိတ်ကူးကြံဆ တီထွင်ရိုက်ကူးရာ ၁၉၅၅ ခုနှစ် အောက်တို ဘာလတွင် နယူးယော့မြို့ ရီဗောလီ ရုပ်ရှင်ရုံတွင် ပြသသော အိုကလာဟိုးမား ရုပ်ရှင်ကားသည် ပထမဆုံးသော အောင်မြင်မှု ဖြစ်သည်။ ဒုတိယအောင်မြင်စွာ ရိုက်ကူးလိုက်သောကားမှာ ၁၉၅၆ ခုနှစ်တွင် မိုက်ကယ်တော့ ပင် ရိုက်ကူးခဲ့သော ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်ကား ဖြစ်သည်။ ယင်းရုပ်ရှင်ကားမျိုးကို တော့-အေအိုဖလင်ဟု ခေါ်သည်။ တော့-အေအိုဖလင်သည် ၆၅ မီလီမီတာ ဖလင် ဖြစ်၍ ဖလင်အလျားသည် အနံ၏ နှစ်ဆဖြစ်သည်။ တစ်စက္ကန့်လျှင် ပုံပေါင်း ၃ဝ ပိတ်ကားပေါ်၌ ထင်သည်။ ရုပ်ရှင်သည် လူတန်းစားအမျိုးမျိုးကို အကျိုးပြုသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။ ဓနရှင်၏အကျိုးကို သည်ပိုးဆောင်ရွက် သလောက် ပစ္စည်းမဲ့ လူတန်းစားဘဝကို သရုပ် ဖော်သည်။ ဆိုရှယ်လစ်ဝါဒအကြောင်းကိုလည်း ပြောသည်။ ကွန်မျူနစ်ဝါဒ အကြောင်းကိုလည်း ပြောသည်။ တိုးတက်မှုကို ချီးကျူး သလောက် အဆင်မပြေမှုကို ပြက်ရယ်ပြုသည်။ ရုပ်ရှင်သည် ဖျော်ဖြေမှုကိုလည်း ပေးသည်။ ပညာကို လည်း ပေးသည်။ တရားကိုလည်း ဟောသည်။ နိုင်ငံရေးဝါဒ ကိုလည်း ဖြန့်သည်။ ကုန်ပစ္စည်းကိုလည်း ကြော်ငြာလေ သည်။ ပညာသင်ကြားရာ၌ ရုပ်ရှင်ကို တွဲဖက်သုံးခြင်းဖြင့် များစွာ အကူအညီရကြောင်း တွေ့ရှိရလေသည်။ သမိုင်းဖြစ်ရပ်များကို ရုပ်ရှင်ထဲတွင် မျက်ဝါးထင်ထင် ရှုမြင်ရခြင်းဖြင့် ပို၍ မှတ်မိ လွယ်စေသည်။ နိုင်ငံခြား သားတို့၏ နေထိုင်ပုံ၊ ပြုမူပုံတို့ကို သိနိုင်ကြသည်။ စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်ကိုလည်း ရုပ်ရှင်ရိုက်၍ ဗဟုသုတ ပေးနိုင်လေသည်။ အလွန်လျင်မြန်စွာ လည်ပတ်နေသည့် စက်ကိရိယာကို သာမန်မျက်စိဖြင့် မြင်ရ ပုံမျိုး ရိုက်ကူးပြသလျှင် စက်လည်ပတ်နေပုံကို ကောင်းစွာ လေ့လာနိုင်လေသည်။ ပန်းများ တဖြည်းဖြည်း ပွင့်လာပုံ၊ အစေ့မှ အညေ|ာက်ထွက်လာပုံ၊ အပင်ပေါက် လာပုံစသော ရုက္ခဗေဒဆိုင်ရာ ဗဟုသုတများ၊ ရေခဲများ ဖုံးလွှမ်းနေသည့် မြင့်မားသော တောင်ထိပ်များသို့ ခက်ခဲစွာ တက်နေကြပုံ၊ သဲကန္တာရထဲ၌ ကုလားအုပ်များနှင့် ခရီးသွား လာကြပုံ စသော ဒေသန္တရဆိုင်ရာ ဗဟုသုတများ၊ သိပ္ပံပညာ လက်တွေ့စမ်းသပ် ခြင်းများ၊ ဆေးပညာခွဲစိတ်မှုများကိုလည်း ရုပ်ရှင်ဖြင့် ရှင်းလင်း စွာ ပညာပေးနိုင်လေသည်။ တိုးတက် လျက်ရှိသော နိုင်ငံများရှိ ကျောင်းများတွင် ယခု အခါ ကျောင်းသားများကို ပညာသင်ကြားပေးရာ၌ သင်ရိုး သင်စဉ် နည်းလမ်းများဖြင့်သာ မဟုတ်ပဲ၊ ဗဟုသုတ အဖုံဖုံကို ကျောင်းသားများ ရရှိကာ အကျိုးဖြစ်ထွန်း သည်ထက် ဖြစ်ထွန်း အောင် ရုပ်ရှင်ပြ၍ သင်ကြားသည့် ခေတ်မီသင်ကြားနည်းများ ဖြင့်လည်း သင်ကြားပေးနေလေပြီ။ အဖြစ်အပျက် အကြောင်း အရာမှန်၏ တကယ့်သဏ္ဌာန်ကို ကျောင်းသားများ မျက်ဝါး ထင်ထင် တွေ့မြင်ရသောကြောင့် ဦးခေါင်းထဲ၌ စွဲစွဲမြဲမြဲ မှတ်မိနိုင်ပေသည်။ ထိုကြောင့် အချို့နိုင်ငံများရှိ ဆရာအတတ် သင် တက္ကသိုလ်ကျောင်း များ၏ ဆရာဖြစ် သင်တန်းများ၌ ရုပ်ရှင်ကားဖြင့် ပညာသင်ကြားနည်းကို ဆရာလောင်းများအား အထူး တလည် သင်ကြားပေးထားလေသည်။ ဗြိတိန်နိုင်ငံတွင် ရုပ်ရှင်ပြ၍ ပညာသင်ကြားရေးအတွက် ကျောင်းဆရာများ သည် သင်နည်းများကို သတ်မှတ်ရေးဆွဲထား ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှပညာရေး ဘုတ်အဖွဲ့က ကျောင်းများတွင် ရုပ်ရှင်ရုံများထားရှိရန်ကို ထောက်ခံ အတည် ပြုခဲ့သည်။ ဆိုဗီယက်ရုရှနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ရှိ ကျောင်းများတွင် ရုပ်ရှင်နှင့် တွဲဖက်၍ ပညာသင်ကြားခြင်းသည် အတော် ခေတ် စားနေလေပြီ။ အချို့နိုင်ငံများတွင် စာကြည့်တိုက်များကဲ့သို့ ရုပ်ရှင်ကားများထားရာ ဌာနများကို ငွေအကုန်အကျခံကာ ဖွင့်ထားကြသည်။ ယင်းဌာနများမှ ပညာရေးဆိုင်ရာ ရုပ်ရှင်ကားများကို ကျောင်းများကငှားယူ၍ ကျောင်းသားများအား ပြသကြသည်။ ယင်းသို့ဖြင့် ရုပ်ရှင်သည် ကမ္ဘာပေါ်တွင် အရေးပါသော အနုပညာတစ်ရပ် အဖြစ် ရပ်တည်ခဲ့လေသည်။ [2]

ကိုးကား

  1. အေးအေးစိုး(ဖျာပုံ) ရေး `ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင် မှတ်တမ်း´
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.