ရေကြက်

ရေကြက်သည် အမည်နှင့်လိုက်အောင် ရေတွင် ကျက်စား သော ငှက်မျိုး ဖြစ်ပြီးလျှင် ရယ်လီဒီး မျိုးရင်းတွင် ပါဝင်သည်။ ယင်းကို သတ္တဗေဒ(ပါဏဗေဒ‎) အလိုအရ ဂယ်လီနျူလာကလိုရိုပတ် ဟူ၍ ခေါ်သည်။

ရေကြက် Common Moorhen
Young adult, WWT London Wetland Centre, Barnes, London.
သဘာဝထိန်းသိမ်းခြင်း အခြေအနေ

Least Concern  (IUCN 3.1)[1]
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
ငှက်
မျိုးပေါင်းသေး:
Neornithes
Infraclass:
Neognathae
Superorder:
Neoaves
မျိုးစဉ်:
Gruiformes
မျိုးရင်း:
ရယ်လီဒီး
မျိုးစု:
Gallinula
မျိုးစိတ်:
G. chloropus
ဒွိနာမ
ဂယ်လီနျူလာကလိုရိုပတ်
(Linnaeus, 1758)
Subspecies

About 5, see text

Global range
Yellow: breeding summer visitor
Green: breeding year-round resident
Blue: non-breeding winter visitor.
Synonyms

Fulica chloropus Linnaeus, 1758

Gallinula chloropus

ရေကြက်သည် ကိုယ်အလျား ၁၂ လက်မရှိ၍ ရေကူး ရာတွင် ခေါင်းကို ညိတ်ကာညိတ်ကာ ကူးလေ့ ရှိသည်။ အမြီး ကိုလည်း အဆက်မပြတ် ပင့်တင်လေ့ ရှိသည်။ ထို့ကြောင့် အမြီး၏ အောက်ဘက်ရှိ အဖြူကွက်များကို မြင်နိုင်လေသည်။ အစိမ်းရောင်ရှိသော ခြေထောက်များတွင် အနီရစ်ရှိခြင်းနှင့် အနီရောင်နှုတ်သီးဖျားတွင် အဝါရောင်ရှိခြင်းတို့သည် ရေကြက် ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။

ရေကြက်၏အော်သံသည် ကျယ်လောင်စူးရှ၍ ရုတ်တရက် လန့်ဖျပ်အော်လိုက်သည်နှင့် တူသည်။ အော်သံကို အတော်ဝေး ဝေးမှပင် ကြားနိုင်လေသည်။

ရေအစဉ်မပြတ်ရှိ၍ ကိုင်းပင်များ ထူထပ်စွာ ပေါက်နေ သော နေရာမျိုးတွင် နေလေ့ရှိသည်။ ရေကြက်သည် ထုံးအိုင် များတွင် နေလေ့ရှိသော ငှက်မျိုးဖြစ်သဖြင့် မြန်မာနိုင်ငံတွင် အင်္ဂလန်ပြည်မှာကဲ့သို့ မဟုတ်ဘဲ၊ မြစ်များနှင့် ချောင်းများတွင် တွေ့ရခဲသည်။ ရေတွင်ပေါက်ရောက်နေသော အပင်များကြား တွင် ရေကြက်သည် သွားလာလျက် ဟင်းသီးဟင်းရွက်များ၊ ရေပိုးရေမွှားများကို စားနေလေ့ရှိသည်။ ရေကြက်သည် ရေကူးကျင်လည်ပြီးလျှင် ရေတွင်လည်း ကောင်းစွာ ငုပ်နိုင် သည်။ သို့သော် ဘေးအန္တရာယ်နှင့် ကြုံသောအခါတွင်မှသာ ရေတွင် ငုပ်လေ့ရှိပုံရသည်။ ရေစပ်ရှိ ကုန်းပေါ်သို့လည်း တက်၍ အစာရှာစားလေ့ရှိသည်။ ကုန်းပေါ်သို့ တက်၍လည်း သွားလာလေ့ရှိသည်။ သစ်ပင်များပေါ်တွင်လည်း ရေကြက်သည် နားလေ့ရှိသည့်အပြင် သစ်ကိုင်းများကို တစ်ကိုင်းပြီးလျှင် တစ်ကိုင်း ကျင်လည်စွာ ကူးသွားနိုင်သည်။ ပျံရာတွင် လေးလံ ပြီးလျှင် အားထုတ်၍ ပျံရပုံရှိသည်။ ပျံသောအခါ ရေပြင်နှင့် ကပ်၍ ပျံလေ့ရှိပြီးလျှင် လည်တံနှင့် ခြေထောက်များကို ဆန့် တန်း၍ ပျံလေ့ရှိသည်။

ရေကြက်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်းနှင့် ရှမ်းပြည်နယ်များရှိ သင့်တော်သောထုံးအိုင်များတွင် မိုးဥတု အတွင်း၌ သားပေါက်လေ့ရှိသည်။ အသိုက်ကို ရေတွင်ပေါက် သည့် ဆွေးမြည့်နေသော အပင်များ၏ ပင်စည်ရိုးများ၊ အရွက် များနှင့် ပြုလုပ်လေ့ရှိသည်။ ရေကြက်၏အသိုက်များကို ချုံများ ပေါ်တွင်၎င်း၊ သစ်ပင်များပေါ်တွင်၎င်း၊ ရေပေါ်၌ မျောနေကြ သည်၎င်း တွေ့နိုင်ပေသည်။ တစ်မြုံလျှင် ခြောက်ဥမှ ကိုးဥ အထိ တွေ့ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင်မူ ၁၄ ဥအထိပင် ရှိတတ်သည်။ ဥ၏အရောင်မှာ အညိုပျော့ရောင် ဖြစ်ပြီးလျှင် နီညိုရောင်နှင့် ခရမ်းရောင်အပြောက်များ ပါရှိသည်။ ရေကြက် သည် ဗြိတိသျှကျွန်းစုတွင် အထူးပေါများ၍ ဩစတြေးလျ တိုက်မှတစ်ပါး အခြားတိုက်ကြီးများအားလုံးတွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ရေကန်ထုံးအိုင်ရှိရာ ဒေသများတွင် ရေကြက်ကို တွေ့နိုင်သည်။ အထက်မြန်မာနိုင်ငံတွင် ဆောင်း ရာသီ၌ တွေ့နိုင်သော်လည်း မိုးရာသီ၌မူ ရှိပုံမရချေ။ သား လည်း ပေါက်ပုံမပေါ်ချေ။ ရှမ်းပြည်နယ်ရှိ အတော်ကြီးသည့် ရေအိုင်များတွင် ရေကြက်များကို တွေ့နိုင်လေသည်။[2]

ကိုးကား

  1. Gallinula chloropus IUCN Red List of Threatened Species. Version 2013.2 International Union for Conservation of Nature (2012)။ 26 November 2013 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.