ရေနံချောင်းတက္ကသိုလ်

ရေနံချောင်းတက္ကသိုလ် (အင်္ဂလိပ်: Yenangyaung University) သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးရေနံချောင်းမြို့တွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။[1] ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပါဝင်သည်။

ရေနံချောင်းတက္ကသိုလ်
တည်ထောင်မေ ၂၃၊ ၁၉၇၇ (၁၉၇၇-၀၅-23)
နှီးနွယ်အဖွဲ့အစည်းပညာရေး ဝန်ကြီးဌာန
တည်နေရာရေနံချောင်းမြို့, မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ

သမိုင်းကြောင်း

၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOC‌ဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

တည်နေရာနှင့်အကျယ်အဝန်း

ရေနံချောင်းတက္ကသိုလ်သည် ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေးပြည်‌ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။

ပညာသင်နှစ်

ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများအတွက် ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်သည်။

ကိုးကား



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.