ရဲထွဋ် (ပြန်ကြားရေး)
ဦးရဲထွဋ် သည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဖြစ်သည်။ သူသည် ယခင်က မြန်မာတပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ၂၀၁၃ မှ ၂၀၁၆ အထိသမ္မတ၏ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခဲသည်။ နောက်ပိုင်းတွင်ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိစင်ကာပူရှိ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသန လုပ်ဖော်ကိုင်ဖက်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။
Ye Htut | |
---|---|
ပြန်ကြားရေးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၀၄ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | အောင်ကြည် |
ဆက်ခံသူ | ဖေမြင့် |
သမ္မတအကြံပေး | |
တာဝန်သက်တမ်း ဖေဖော်ဝါရီ ၂၀၁၃[1] – ၃၀ မတ် ၂၀၁၆ | |
ဒုတိယညွန်ကြားရေးမှူးချုပ် | |
တာဝန်သက်တမ်း ၃၁ ဩဂုတ် ၂၀၁၂ – ၁ ဩဂုတ် ၂၀၁၄ | |
ယခင်လူ | စိုးဝင်း[2] |
ညွှန်ကြားရေးမှူးချုပ် (ပြန်ကြားရေးဝန်ကြီးဌာန) | |
တာဝန်သက်တမ်း ၃၁ မတ် ၂၀၁၁ – ၃၁ ဩဂုတ် ၂၀၁၂ | |
ဆက်ခံသူ | တင့်ဆွေ[3] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၉ (အသက် ၆၁–၆၂)[1] |
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ခင်စန္ဒာထွန်း[4] |
နေထိုင်ရာ | နေပြည်တော် |
အလုပ်အကိုင် | စစ်တပ်အရာရှိ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဝက်ဘ်ဆိုဒ် | facebook.com/ye.htut.988 |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | မြန်မာ့တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၇-၂၀၀၅[1] |
ရာထူး | ဒုတိယ ဗိုလ်မှူးကြီး |
စစ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း
ဦးရဲထွဋ်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ ကျောင်းဆင်းပြီးနောက် သူသည်မြန်မာ-ထိုင်းနယ်စပ်တလျှောက်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
အရပ်ဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း
သူဟာ ဒုတိယဗိုလ်မှူးကြီးအဖြစ် ၂၀၀၅ တွင် အငြိမ်းစားယူပြီး ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရသည်။
ယခင်ဝန်ကြီး ဦးကျော်ဆန်းနှင့် ဒုတိယဝန်ကြီးများအား အခြားဝန်ကြီးဌာနများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း ခံရသောအခါ သူသည် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၄ ဩဂုတ်လ ၃၀ တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ဝန်ကြီး ဖြစ်လာခဲ့သည်။
အငြင်းပွားမှု
၂၀၁၂ ခုနှစ်တွင် Eleven Media Group က ကလောင်နာမည် ဒေါက်တာဆိပ်ဖွားဟု စွပ်စွဲခဲ့သည်။ ၂၀၁၄ ဇွန်လတွင် ဇနီးဖြစ်သူသည် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့ဘွတ်မှ ဖိုတိုရှော့ အထူးပြုလုပ်ထားသည့် လူမျိုးရေ ဘာသာရေး ထိခိုက်စေမည့် ပုံတစ်ပုံကို ဝေမျှခြင်းပြုလုပ်ခဲ့သည်။
ကိုးကား
- U Ye Htut: From military to ministry။ Mmtimes.com (2014-07-07)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-07-19 တွင် ပြန်စစ်ပြီး။
- Aung Zaw။ "Will Aung Kyi Defend Press Freedom?"၊ 3 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး။
- Kyaw Hsu Mon။ "Senior bureaucrats on the move in another reshuffle"၊ 24 September 2012။ 29 September 2013 တွင် ပြန်စစ်ပြီး။
- Zarni Mann။ "Minister’s Wife Shares Fake Facebook Photo of Suu Kyi in Islamic Headscarf"၊ 6 June 2014။ 7 June 2014 တွင် ပြန်စစ်ပြီး။