ရဲထွေးအောင်

ရဲထွေးအောင် (၇ ဧပြီ ၁၉၉၃ – ၂ ဇန်နဝါရီ ၂၀၁၈) သည် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၉၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၌ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ စူရတီလူမျိုးဖြစ်သည်။

ရဲထွေးအောင်
မွေးဖွား(၁၉၉၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၇)ဧပြီ ၇၊ ၁၉၉၃
ရန်ကုန်မြို့
ကွယ်လွန်၂ ဇန်နဝါရီ၊ ၂၀၁၈(2018-01-02) (အသက် ၂၄)
နိုင်ငံလူမျိုး မြန်မာ
လူမျိုးစူရတီ
ကျော်ကြားမှုအရင်းခံရုပ်ရှင်သရုပ်ဆောင်

ရဲထွေးအောင်သည် လူမှုကွန်ယက် (ဖေ့စ်ဘွတ်ခ်) ပေါ်တွင် ဟာသဗီဒီယိုများတင်ကာ လူသိများလာသူလည်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ်တွင် Follower ၁.၃ သန်းကျော် ရရှိထားသည်။ ထို့နောက်တွင် ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးရန်ကမ်းလှမ်းခံရပြီး သရုပ်ဆောင်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ သူ၏ ပထမဆုံး သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မှာ "ကိုယ်စောင့်နတ်" ဖြစ်ပြီး အခြားသော ရုပ်ရှင်ဇာတ်လမ်းများတွင်လည်း ပါဝင် ရိုက်ကူးခဲ့သည်။ သူသည် ဖေ့ဘုတ်စ်တွင် ထင်ရှားသော ဟာသသရုပ်ဆောင်လည်းဖြစ်သည်။[1]မကြာသေးမီကပင် ရဲထွေးအောင်သည် ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ဒိုင်ယာရီ ဇာတ်ကားတွင် သရုပ်ဆောင် နိုင်နိုင်း၊ မေမြတ်နိုးတို့နှင့်အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည်။[2] ရဲထွေးအောင်သည် Myanmar Social Influencer Award 2017 တွင် Influencer of The Year (Comedy /Satier) ကို ရရှိခဲ့သူလည်း ဖြစ်သည်။[3]

ကွယ်လွန်ခြင်း

၂၀၁၇-ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ နှစ်သစ်ကူးညတွင် ကလပ်တစ်ခုတွင် အရိုက်ခံရပီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၂၀၁၈-ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်ခဲ့သည်။[4]

ကိုးကား

  1. မြတ်မိုးပွင့်။ Facebook မှာ ဟာသတွေ တင်ဆက်နေတဲ့ ရဲထွေးအောင် ရုပ်ရှင်ရိုက်ပြီ Popular Myanmar 2 January 2018 တွင် ပြန်စစ်ပြီး။
  2. သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ငါးဦးကို ဖမ်းဆီးထား၊ တစ်ဦး လွတ်မြောက် The Voice Myanmar 2 January 2018 တွင် ပြန်စစ်ပြီး။
  3. ဖေ့စ်ဘုတ်ဆယ်လီ အောင်ရဲထွေး ကွယ်လွန် The Irrawaddy 2 January 2018 တွင် ပြန်စစ်ပြီး။
  4. အောင်ရဲထွေး ဦးခေါင်းတွင် ရရှိသောဒဏ်ရာဖြင့် ကွယ်လွန် Mizzima New (2 January 2018)။ 2 January 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.