ရဲဘော်ဘခက်

အမည်ရင်း ဦးဘခက် (ခေါ်) ရဲဘော်ဘခက်ကို ၁၉၃၆ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာနေ ဦးအောင်စိန်၊ ဒေါ်ဦးတို့မှ ဆိပ်ခွန်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ဆိပ်ခွန်မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ထို့နောက် ၁၉၄ဂခုနှစ်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် စပါယ်ရှယ်ကောလိပ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၄၉ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း ဆရာဖြစ်သင်ကောလိပ် ပညာသင်ကြားနေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ထိုမှ မြေအောက် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်၍ တောခိုကာ ပါတီဗဟိုကွန်မြူနစ်ပါတီသို့ ဝင်ရောက်၍ တော်ခိုကာ ပါတီဗဟိုဌာနချုပ်တွင် တာဝန်ယူခဲ့သည်။

ရဲဘော်ဘခက်


၁၉၅⁠၅ခုနှစ်မှ ၁၉၅၇ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်ပကြိုးမဲ့ဆက်သွယ်ရေးဌာန၌ လျှို့ဝှက်စာ တာဝန်ခံအဖြစ် အထူးတာဝန်ယူ ဆောင်ရွက်ခဲ့သည်။


၁၉၅ဂခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း ရန်ကုန်မြို့၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်၏ မြေအောက်စည်းရုံးရေး လုပ်ငန်းများကို တာဝန်ယူခဲ့သည်။

၁၉၆၃ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပဏာမငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သည်။

၁၉၆၅ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် သာယာဝတီခရိုင်၊ နတ်တလင်းြမို့နယ်၊ တောင်ညို ဒေသ ဆင်သေရွာ၏ အရှေ့ဘက် (၂)မိုင်အကွာ၌ ဖွင့်လှစ်ခဲ့သော ပထမပတ် ဗဟိုမာက်စ်နင် ဝါဒကေျာင်းသို့ တက်ရောက်ခဲ့ရာ အဘိဓမ္မာဘာသာရပ်၊ ဘောဂဗဒေဘာသာရပ်၊ ပါတီတည်ဆောက်ရေးဘာသာရပ်၊ တပ်မတော်တည်ဆောက်ရေး စစ်ရေးဘာသာရပ်တို့ကို တက်ရောက်သင်ကြားခဲ့သည်။

ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းပါတီကော်မတီ ဗဟိုဌာနချုပ်တို့တွင် ရုံးအုပ်တာဝန်ကို ယူခဲ့သည်။

၁၉၆ရခုနှစ်၊ ဧပြီလ ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေး၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို (နိုင်ငံရေဦးဆောင်အဖွဲ့) အဖွဲ့ဝင် ရဲဘော်ဘတင် (ဂိုရှယ်)တို့နှင့်အတူ ပြန်လည်ပြင်ဆင်ရေးဂိုဏ်းဟု သတ်မှတ်ခြင်းခံရကာ အဖမ်းခံခဲ့ရသည်။

အသတ်ခံရမည်ဆဲဆဲ ၁၉၆ရခုနှစ်၊ ဇွန်လ (၆)ရက် နေ့တွင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဒေသ၊ ဆင်သေချောင်းများ၌ ယာယီစခန်းချထားသော ဗမာပြည်ကွန်မြူနစ် ပါတီ ဗဟိုဌာနချုပ် စခန်းမှ ထွက်ပြေးလွတ်မြောက်ကာ ပေါင်းတည်မြို့၊ ကြို့ပင်ကောင်အိုင်ရွာရှိ ခလရ (၅၂)တပ်စခန်းသို့ ဇွန်လ (၉)ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့သည်။ ၎င်းနှင့်အတူ အဖမ်းခံရသော ရဲဘော်ဋ္ဌေးနှင့် ရဲဘော်ဘတင်(ဂိုရှယ်)တို့သည် ဇွန်လ (၁၈)ရက်နေ့ (၂)နာရီတွင် ဗမာပြည်ကွန်မြူနစ် ပါတီ နိုင်ငံရေးဦးဆောင်အဖွဲ့မှ အထူးတာဝန်ပေးအပ်ခြင်းခံရသော သုတ်သင်ရေးအဖွဲ့၏ လက်ချက်ဖြင့် ကျဆုံး သွားခဲ့ရလေသည်။ ယင်းနောက် ၁၉၆၈ ခုနှစ်၊ ဧပြီလ ၁ဝရက်တွင် တောင်ငူမြို့နယ် ဦးဘစိုး၊ ဒေါ်သိန်းတို့၏ သမီးဖြစ်သူ ဒေါ်ခင်မေဦး နှင့် လက်ထပ်ကာ သား မောင်သူခက်၊ သမီး မနှောင်းခက်တို့ ထွန်းကားခဲ့သည်။


ရဲဘော်ဘခက်သည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၊ အမှတ် ၁၂၄ (နေပြည်တော်ရုပ်ရှင်ရုံအောက်)၌ မြရာပင်စာပေတိုက်ကို ၁၉၆၉ခုနှစ်မှ ၁၉၇၅ခုနှစ် အထိ တည်ထောင်ဖွင့်လှစ်ကာ နိုင်ငံရေး၊ စီးပွားရေးစာအုပ်များကို ထုတ်ဝေဖြန့်ချိခဲ့သည်။ရဲဘော်ဘခက်သည် မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ ကြေးမုံ၊ လုပ်သားပြည်သူနေ့စဉ်၊ ဂါးဒီးယန်းသတင်းစာများ၌ ရဲဘော်ဘခက်၊ ရဲဘော်အောင်နိုင် ကလောင်အမည်များဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးသားခဲ့သည်။ အခြားတောတွင်းပြန် ရဲဘော်များနှင့် စုပေါင်း၍လည်း 'သခင်သန်းထွန်း၏နောက်ဆုံးနေ့များ' (ပထမတွဲ၊ ဒုတိယတွဲ)၊'ဇင်၊ ချစ် နောက်ဆုံးနှစ်'၊ 'သုံးပါတီဟူသည်မှာ'၊'နောက်ဆုံးပေါ် သုံးပါတီ' စသော စာအုပ်များ ရေးသားပြုစုခဲ့သည်။ သတင်းစာ ဆောင်းပါးများကို စုပေါင်း၍ 'ပြည်သူတို့နှင့်အတူ'၊ 'ပီကင်းပြန်များ၏လုပ်ရပ်များ'စသည့် ဆောင်းပါးပေါင်းချုပ် စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။ ယခုအခါ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၄ (ခ)၌ နေထိုင်ကာ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများကို ရောင်းချကာ ဘဝရပ်တည်လျက်ရှိသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.