ရဲလွင်

ဦးရဲလွင် သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သူ ဖြစ်သည်။ သူ့ကို ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မန္တလေးမြို့၏ မြို့တော်ဝန်နှင့် မန္တလေးမြို့​တော်စည်ပင်သာယာ​ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[1] အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ သူသည် ယခင်က ဆေးတက္ကသိုလ် (မန္တလေး)၏ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးလည်း ဖြစ်ခဲ့သည်။[2] ၎င်းတွင် ပုဂ္ဂလိကမျက်စိဆေးခန်း ရှိပြီး[3] မျက်စိဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ ၎င်းဇနီး၏ လူနာများအပေါ် ဆက်ဆံမှုများကြောင့် မြို့တော်ဝန်ခန့်အပ်ခံရစ၌ မြို့တော်လူထု၏ ကန့်ကွက်ခြင်းခံရသော်လည်း အလုပ်ကြိုးစားမှုဖြင့် သက်သေပြလျက်ရှိသည်။

ရဲလွင် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ရဲလွင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးရဲလွင်
မန္တလေးမြို့တော်ဝန်
တာဝန်သက်တမ်း
၅ ဧပြီ ၂၀၁၆  ၅ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူအောင်မောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၅ ဧပြီ ၂၀၁၆  ၅ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူအောင်မောင်း
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၂၀၁၆ခုနှစ် ဧပြီလ ၅ ရက်  ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူအောင်မောင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1953-09-02) ၂ စက်တင်ဘာ၊ ၁၉၅၃
 မြန်မာ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

ငယ်ဘဝ

ဦးရဲလွင်ကို ၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မွေးဖွားခဲ့သည်။ မန္တလေးမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး)သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ မျက်စိအထူးကု မဟာဘွဲ့တန်းကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိသင်ကြားခဲ့သည်။

ဝန်ထမ်းဘဝ

ဆေးတက္ကသိုလ် (မန္တလေး)တွင် မျက်စိဌာနမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။

မြို့​တော်ဝန်အဖြစ် ထမ်း​ဆောင်ခြင်း

ဦးရဲလွင်သည် မန္တ​လေးမြို့ အ​နောက်ပြင်တွင် ကိုယ်ပိုင်မျက်စိ​ဆေးခန်းတစ်ခုအား ဇနီးသည်နှင့်အတူ ဖွင့်လှစ်ထားသည်။ ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအပြီး ​သူငယ်ချင်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် မန္တ​လေးတိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး​နောက် ​ဒေါက်တာရဲလွင်အား မြို့​တော်ဝန်အဖြစ် ထမ်း​ဆောင်ရန် ကမ်းလှမ်းခဲ့သည်။သို့​သော် ၃ကြိမ်တိုင်ငြင်းဆိုခဲ့သည်။​နောင်တွင်မှ လက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၅ရက်နေ့တွင် သမ္မတဦးထင်​ကျော်မှ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊​ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊​ မန္တလေးမြို့တော်ဝန် အဖြစ် ခန့်အပ်ခဲ့သည်။

ဦးရဲလွင်နှင့် ​ဒေါက်တာ​ဇော်မြင့်​မောင်

အောင်မြင်မှုများ

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မန္တလေးမြို့ကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ စမတ်စီးတီး ဖြစ်လာနိုင်ဖွယ်ရှိသော မြို့ (၁၀) မြို့စာရင်းတွင် မန္တလေးမြို့မှာ အဆင့် (၅) နေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

​ဒေါက်တာရဲလွင်အား တိုင်း​ဒေသကြီးစည်ပင်အဖွဲ့၏ ညစာစားပွဲတစ်ခုတွင် ​တွေ့ရစဉ်

အိမ်ထောင်ရေး

ဇနီးဖြစ်သူ ဒေါ်လှမျိုးခင်နှင့် အိမ်ထောင်ကျကာ သား (၁) ဦးရှိသည်။

ကိုးကား

  1. Appointment of Mayors (Order No. 22/2016) Republic of the Union of Myanmar President’s Office (5 April 2016)။
  2. Si Thu Lwin။ "Mandalay Region cabinet approved"၊ Myanmar Times၊ 6 April 2016။
  3. Mayors should be voted into office (19 May 2016)။ 15 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2017 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
အောင်မောင်း
မန္တလေးမြို့တော်ဝန်
၂၀၁၆–လက်ရှိ
တာဝန်ထမ်းဆောင်ဆဲ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.