ရွေးကောက်ပွဲ

ရွေးကောက်ပွဲတစ်ခုသည် တိကျထင်ရှားသော ဆုံးဖြတ်ချက်-ချမှတ် သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူအများသည် တစ်ဦးတစ်ယောက်အား အများပိုင် ရုံးအလုပ်ကိုကိုင်တွယ်ရန် ရွေးချယ် ခြင်းဖြစ်သည်။ ရွေးကောက်ပွဲများသည် ပုံမှန်လည်ပတ်နေခြင်းရှိပြီး၊ ထိုအထဲတွင် ခေတ်သစ် ကိုယ်စား ပြုဒီမိုကရေစီသည် ၁၇ ရာစုကထဲမှ စတင်ခဲ့သည်။ ရွေးကောက်ပွဲများသည် ဥပဒေပြုအဖွဲ့ အတွင်းသို့ ရုံးအလုပ်များ၊ တစ်ခါတစ်ရံ အမှုဆောင်နှင့် တရားသူကြီးအဖွဲ့အတွင်းသို့၊ နှင့် ဒေသဆိုင်ရာနှင့် ဒေသအစိပ် အပိုင်းဆိုင်ရာ အုပ်ချုပ်ရေးအစိုးရများ တို့အတွက် နေရာဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို များစွာသော အခြား ပုဂ္ဂလိက နှင့် စီးပွားရေးအဖွဲ့အစည်းများ၊ ကလပ်အသင်းများမှအစ စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များနှင့် ကော်ပိုရေးရှင်းများ ပါမကျန် အသုံးပြုကြသည်။

မဲပုံးတစ်ခု

ခေတ်သစ်ဒီမိုကရေ စီများတွင် ကိုယ်စားလှယ်များရွေးချယ်ခြင်းအတွက် သုံးစွဲသည့် ပစ္စည်း တစ်မျိုး အဖြစ် ကမ္ဘာနှင့်အဝှန်းအသုံးပြုနေသည့် ဒီမိုကရေစီများသည် ရှေးခေတ်အေသင် ရှိ ဒီမိုကရက်တစ် မူလပုံစံတွင် ကျင့်သုံးမှုနှင့် ခြားနားကြောင်း နှိုင်းယှဉ်နိုင်သည်။ ရွေးကောက်ပွဲများသည် လူနည်းစုအုပ်ချုပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို သုံးသပ် နိုင်ပြီး၊ အများဆုံးသောနိုင်ငံရေး အလုပ် များကို ဝေစုအဖြစ်သိရှိထားသည့် ရွေးချယ်ခြင်းဖြင့် အသုံးပြုဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ထိုမှ တစ်ဆင့် ရုံးတာဝန်ယူမည့်သူများက မဲဖြင့်ရွေးချယ်သည်။

ရွေးကောက်ပွဲပြန်လည်ပြင်ဆင်ခြင်းသည် ယခင်မထဲ့ရသေးသည့် မျှတသောရွေးကောက်ပွဲစံနစ်များ ထဲ့သွင်းခြင်းလုပ်ငန်းစဉ်ဟု ဖေါ်ပြသည် သို့မဟုတ် တည်ရှိပြီးစံနစ်များ၏ မျှတမှု သို့မဟုတ် ထိရောက်မှုကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။ မဲပေးခြင်းကို စာရင်းဇယားအရ လေ့လာခြင်းပညာသည် ရွေးကောက်ပွဲများနှင့် ဆက်စပ်နေသည့် ရလဒ်များနှင့် အခြားသောစာရင်းအင်းများကို လေ့လာသည့်ပညာ ဖြစ်သည် (အထူးသဖြင့် ရှေ့လာမည့်ရလဒ်များကို ကြိုတင်ဟောကိန်းထုတ်မည့် ကြည့် ရှုစစ်ဆေးမှုတစ်ခုနှင့်တူ သည်)။ ရွေးကောက်ရန် သည် “ရွေးချယ်ရန် သို့မဟုတ် ဆုံးဖြတ်ချက်ချရန်” ဖြစ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ တွင် အခြားသော မဲပေးပွဲပုံစံများဖြစ်သည့် ဆန္ဒခံယူပွဲ ကို အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲများအဖြစ်သို့ ရည်ညွှန်းထားသည်။[1]

သမိုင်း

အခြားကြည့်ရန်။ ဒီမိုကရေစီသမိုင်း
ရွေးကောက်ပွဲပုံသရုပ်ဖေါ်ထားသည့်ရောမဒင်္ဂါးပြား

ရွေးကောက်ပွဲများကို သမိုင်းတွင် စောနိုင်သမျှအစောဆုံး ရှေးခေတ်ဂရိ၊ ရှေးခေတ်ရောမ နှင့် အလယ်ခေတ်ကာလ တစ်လျှောက်လုံးတွင် ကြီးမြတ်သည့်ရောမဧကရာဇ် နှင့် ပုပ်ရဟန်းမင်းကြီး ကဲ့သို့သော အုပ်ချုပ်သူများကိုရွေးချယ်ရန် အသုံးပြုခဲ့ကြသည်။ ရွေးကောက်ပွဲများကို များစွာသော ရှေးခေတ်အိန္ဒိယ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ၊ အွတ်မန် နှင့် အလီ အလယ်ခေတ် ရာရှီဒွန်ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်မှု တို့တွင် ဂါန များမှ ရာဇာများ ရွေးချယ်ရာနှင့် အလယ်ခေတ်အစောပိုင်း ဘင်ဂေါ တွင် ပါလဘုရင် ဂိုပါလ တို့ကို ရွေးချယ် ရာတို့တွင် အသုံးပြုခဲ့သည်။ အစိုးရတာဝန်များအတွက် လူထုရွေးကောက်ပွဲများ ပါဝင်သည့် ခေတ်သစ် “ရွေးကောက်ပွဲ” ကို မြောက်အမေရိက နှင့် ဥရောပတွင် ကိုယ်စားပြုအစိုးရများ ကိုင်တွယ်ရမည်ဟု အကြံဉာဏ်ရရှိခဲ့သည့် ၁၇ ရာစုနှစ် အစောပိုင်းအထိ မပေါ်ပေါက်ခဲ့သေးပါ။

အချက်အလက်ဆက်ကြည့်ရန် ၊ မဲဆန္ဒပေးပိုင်ခွင့်

မဲဆန္ဒပေးပိုင်ခွင့်မေးခွန်းများ၊ အထူးသဖြင့် လူနည်းစုအုပ်စုများအတွက် မဲဆန္ဒပေးပိုင်ခွင့်သည် ရွေးကောက်ပွဲများ၏ သမိုင်းကို လွှမ်းမိုးထားလျက်ရှိသည်။ မြောက်အမေရိကနှင့် ဥရောပတွင် အမျိုးသားများ လွှမ်းမိုးထားသည့် ယဉ်ကျေးမှုအုပ်စုသည် ရံဖန်ရံခါ ဆန္ဒမဲပေးသူအဖွဲ့ကို လွှမ်းမိုးထားပြီး၊ နိုင်ငံအများစုတွင် လည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ အင်္ဂလန် နှင့် အမေရိကန် ကဲ့သို့သော နိုင်ငံများတွင် အစောပိုင်းရွေးကောက်ပွဲများကို လာရောက်အခြေချသူအမျိုးသားများ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားအမျိုးသားများ ကသာလွှမ်းမိုးထားခဲ့သည်။ သို့သော်လည်း ၁၉၂၀ မှစ၍ အားလုံးသော အနောက်ဥရောပ နှင့် မြောက်အမေရိက ဒီမိုကရေစီများတွင် ကိစ္စတိုင်း၌ အမျိုးသားမဲပေးပိုင်ခွင့် (ဆွစ်ဇာလန် မှလွဲ၍) ရှိနေပြီး၊ နိုင်ငံအတော်များများသည် အမျိုးသမီးများ မဲပေးပိုင်ခွင့်ကို စဉ်းစားပေးရန် စတင်ခဲ့သည်။ အမျိုးသားများအတွက် ကိစ္စတိုင်း၌မဲပေးပိုင်ခွင့်ကို တရားဝင် လုပ်ပိုင်ခွင့် ပေးထားသော်လည်း၊ နိုင်ငံရေးအတားအဆီးများကို ရွေးကောက်ပွဲများအား မျှမျှတတရ ရှိရေး အကာအကွယ်ပေးရန် တစ်ခါတစ်ရံ ပြုလုပ်ထားတတ်သည် (နိုင်ငံသား အခွင့်အရေးများလှုပ်ရှားမှု တွင်ကြည့် ပါ )။

လုပ်ငန်းများ

မည်သူကအရွေးချယ်ခံရသောသူဖြစ်သနည်း။

အင်္ဂလန်နိုင်ငံ အောက်စဖို့ အနောက်အရပ်နှင့် အဘင်ဒန် မဲဆန္ဒနယ်တွင်ရွေးကောက်ပွဲအကြို မဲဆွယ်မှုတစ်ခု


ရွေးကောက်ပွဲများမည်သို့ပြုလုပ်မည်လဲဆိုသည့်အပေါ်မူတည်၍ အစိုးရ၏အနေအထားများသည် အရပ်ဒေသ တစ်ခုအပေါ်တွင် အမှီပြုပြီး အမျိုးမျိုးပြောင်းလဲမှုရှိသည်။ အမေရိကန်ကဲ့သို့သော ကိုယ်စားပြုဒီမိုကရေစီ တစ်ခုတွင် အချို့သောရာထူးအဆင့် နေရာများကို ရွေးကောက်ပွဲဖြင့်ဖြည့်ဆည်း၍ မရပါ။ အထူးသဖြင့် သေချာသည့် ကျွမ်းကျင်မှုများ လိုအပ်သည့် ရာထူးအဆင့်များဖြစ်သည့် ဥပမာ၊ တရားသူကြီးများကို သူတို့၏တရားမျှတမှုအား ကာကွယ်ပေးသည့်ကူညီမှု ဖြစ်စေရန် ရွေးကောက်ပွဲပြုလုပ်ခြင်းထက် ထုံးစံအတိုင်း ခန့်အပ်ကြသည်။ သို့သော်လည်း ဤအလေ့အကျင့်အတွက် ခြွင်းချက်များရှိသည်။ အမေရိကန်နိုင်ငံတွင် အချို့သော တရားသူကြီးများကို ရွေးကောက်တင်မြှောက်ပြီး၊ ရှေးခေတ် အေသင် တွင် စစ်ဗိုလ်ချုပ်ကြီးများကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ဥပမာ အားဖြင့်၊ အချို့သောကိစ္စရပ်များတွင်၊ ဆိုဗီယက်ဒီမိုကရေစီတွင်- မဲဆန္ဒခံယူသောနယ်မှ ပါဝင်ယှဉ်ပြိုင်သူများ နှင့် ရွေးချယ်ခံပြီးပုဂ္ဂိုလ်များကြားတွင် ရွေးချယ်ပိုင်ခွင့်ရှိသူ ကြားခံလွှာတစ်ခု တည်ရှိနေသည်။ သို့သော်လည်း ကိုယ်စားပြုဒီမိုကရေစီများ အများစုတွင် ဤအဆင့်၏ ပုံမှန်တစ်ဆင့်ညွှန်ကြားခြင်းသည် စည်းကမ်းနှင့်အညီ ပြုလုပ်ခြင်းထက် ဘာ မှမပိုပါ။ ဥပမာ၊ အမေရိကန်သမ္မတသည် မဲဆန္ဒရှင်များအဖွဲ့ အစည်း ဖြင့် ရွေးကောက်ခဲ့ပြီး၊ ဝက်စ်မင်စတာစံနစ် တွင် ဝန်ကြီးချုပ်ကို နိုင်ငံ့ခေါင်းဆောင်မှ ထုံးစံနှင့်အညီရွေးချယ်သည် (နှင့် အမှန်တစ်ကယ်တွင် ဥပဒေပြုအဖွဲ့မှ သို့မဟုတ် ၎င်းတို့၏ပါတီမှ)။

ရွေးကောက်ပွဲအမျိုးအစားများ

ဒီမိုကရက်တစ်နိုင်ငံရေးပုံစံများအများဆုံးတွင် ရွေးကောက်ပွဲများသည် ကွဲပြားခြားနားသည့်ပုံစံအမျိုးမျိုးဖြင့် ရှိနေကြပြီး၊ လူထုအုပ်ချုပ်မှု သို့မဟုတ် ပထဝီအနေအထားအရ တရားဥပဒေကျင့်သုံးမှုတို့၏ ကွဲပြားနေ သောအလွှာများကို သဘောထားတူညီစေခြင်းဖြစ်သည်။ ပြုလုပ်နေကြရွေးကောက်ပွဲအမျိုးအစားတစ်ချို့မှာ-

  • သမ္မတရွေးကောက်ပွဲ
  • အထွေထွေရွေးကောက်ပွဲ
  • အောက်ခြေအဆင့်ရွေးကောက်ပွဲ
  • ကြားဖြတ်ရွေးကောက်ပွဲ
  • ဒေသအစိပ်အပိုင်းဆိုင်ရာရွေးကောက်ပွဲ
  • အဖွဲ့ဝင်အသစ်ခန့်အပ်ခြင်း

ဆန္ဒခံယူပွဲ တစ်ခု (အများဆိုင်နာမ်-ဆန္ဒခံယူပွဲများ) သည် ရွေးကောက်ပွဲများနှင့်ဆက်စပ်နေသည့် ဒီမိုကရ်က် တစ် ပစ္စည်းကိရိယာတစ်ခုဖြစ်သည်။ ထိုအထဲတွင် မဲဆန္ဒရှင်များသည် သီးသန့်အဆိုပြုချက်၊ ဥပဒေ သို့မဟုတ် မူဝါဒကို အထွေထွေမူဝါဒ သို့မဟုတ် သတ်သတ်မှတ်မှတ်ကိုယ်စားလှယ်လောင်း သို့မဟုတ် ပါတီ တို့အတွက်ထက်ပို၍ လက်ခံသည် သို့မဟုတ် ဆန့်ကျင်သည် ဆိုသည်ကို မဲပေးရန်ဖြစ်သည်။ ဆန္ဒခံယူပွဲ များကို ရွေးကောက်ပွဲ မဲပေးမှုတစ်ခုသို့ ပေါင်းထဲ့ထားနိုင်သည် သို့မဟုတ် သီးခြားကျင်းပနိုင်ပြီး၊ ယင်းကို အခြေခံဥပဒေအပေါ်မူတည်၍ အမိန့်ချမှတ်နိုင်ခြင်း သို့မဟုတ် အတိုင်ပင်ခံခြင်းဟု ပြောဆိုနိုင်သည်။ ဆန္ဒခံယူပွဲများကို ထုံးစံအားဖြင့် ဥပဒေပြုအဖွဲ့မှတစ်ဆင့် အစိုးရများမှခေါ်ယူကျင်းပနိုင်သည် ဆိုသော်လည်း၊ ဒီမိုကရေစီများသည် တိုက် ရိုက်ရွေးကောက်ပွဲများ အတွက် မေတ္တာရပ်ခံရန် နိုင်ငံသားများအား ခွင့်ပြုထားခြင်းကို စတင်လှုပ်ရှားမှုများ ဟုခေါ်ဆိုသည်။

ဆန္ဒခံယူပွဲများသည် ဆွစ်ဇာလန်ကဲ့သို့သော တိုက် ရိုက်ဒီမိုကရေစီ နိုင်င များတွင် အထူး ခေတ်စားနေပြီး အရေးလည်းကြီးသည်။ သို့ရာတွင် အခြေခံဆွစ်စံနစ်သည် ကိုယ်စားလှယ်များနှင့် လုပ်ဆောင် နေဆဲဖြစ်သည်။ ဒီမိုကရေစီ၏ အများဆုံး တိုက်ရိုက်ပုံစံတွင် မည်သူမဆို မည်သည့်အကြောင်း ကြောင့်ဖြစ်ဖြစ် မဲပေးနိုင်သည်။ ဤအကြောင်းအရာသည်ဆန္ဒခံယူပွဲများနှင့်ဆက်စပ်ပတ်သက်နေပြီး၊ ယေဘူယျ သဘောတူညီသော ဆုံးဖြတ်ချက် ချမှတ်ခြင်း၏ ပုံစံကို ယူထားသည်။ ရှေးခေတ်ဂရိပြန်လည်သတိရစရာတွင် မည်သူမဆိုသီးသန့် အကြောင်းအရာတစ်ခုကို ယေဘူယျ သဘောတူညီချက် ရရှိသည်အထိ ဆွေးနွေးနိုင်သည်။ ယေဘူယျ သဘောတူညီချက် လိုအပ်မှုဆိုသည်မှာ ဆွေးနွေးမှုများသည် အချိန်အများကြီးကြာမြင့်သည်အထိ လုပ်သွားနိုင်သည်ဟုဖြစ်သည်။ အမှန်အကန်စိတ်ဝင်စားသူများသည် ဆွေးနွေးမှုတွင်ပါဝင်နိုင်ပြီး၊ နောက်ဆုံးတွင် မဲပေးဆုံးဖြတ်ခြင်းသည် တစ်ခုတည်းသောရရှိလာသည့် ရလဒ်ဖြစ်သည်။ ဤစံနစ်တွင် အသက်ကန့်သတ်ချက် မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကလေး များသည် ထုံးစံအတိုင်း ငြီးငွေ့လာသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဤစံနစ်သည် အသေးစားကိစ္စတစ်ခုကို အကောင်အထည်ဖေါ်နေစဉ်အချိန်အတွင်းသာ ဖြစ်နိုင်ခြေရှိသည်။

ရွေးကောက်ပွဲစံနစ်များ

ရွေးကောက်ပွဲစံနစ်များသည် တိကျသောအခြေခံဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်ထားမှုများ နှင့် မဲကို နိုင်ငံရေးဆုံးဖြတ်ချက်သို့ ပြောင်းလဲပစ်သည့် မဲပေးခြင်း စံနစ်များဖြစ်သည်။ ပထမခြေလှမ်းသည် မဲများရေတွက်ခြင်းဖြစ်ပြီး၊ ထို့အတွက် အ မျိုးုး မျိုးသော ကွဲပြားခြားနားသည့် မဲရေတွက်ခြင်းစံနစ်များနှင့် လျှို့ဝှက်မဲပေးသောပုံစံများကို အသုံးပြုသည်။ ထို့နောက် မဲပေးခြင်းစံနစ်များသည် မှတ်သားရေတွက်ခြင်း အပေါ် အခြေခံ ၍ရလာသည့်ရလဒ်ကို ဆုံးဖြတ်ပေးသည်။ အများစုဖြစ်သောစံနစ်များကို အချိုးအဆ သို့မဟုတ် မဲအများစု အဖြစ် အမျိုးအစားများ ခွဲခြား နိုင်သည်။

အချိုးအဆအမျိုးအစား တွင်ပါဝင်ခြင်းကို ပါတီ-စာရင်း အချိုးအဆ ကိုယ်စားလှယ်ပြုခြင်း နှင့် ထပ်ထဲ့သော အဖွဲ့ဝင်စံနစ် ဟုခေါ်ဆိုပြီး၊ မဲအများစုအမျိုးအစားတွင် ပါဝင်ခြင်းကို ပထမပန်းဝင်ပြီး (FPP) (အများစုနှင့်ဆိုင်သောအချိုး) နှင့် လုံးဝအများစု ဟုခေါ်ဆိုသည်။ နိုင်ငံတော်တော်များများတွင် ကြီးထွားလာသည့် ရွေးကောက်ပွဲလှုပ်ရှားမှုများ ရှိနေပြီး၊ ၎င်းတို့သည် သဘောတူမဲပေးခြင်း ၊ တစ်ကြိမ်သာလွှဲပြောင်းပေးနိုင်သောမဲ ၊ ချက်ချင်းထပ်မံမဲပေးခြင်း သို့မဟုတ် ကွန်ဒါဆက် နည်းပညာတို့ဖြစ်သည်။ ပို၍အရေးကြီးသော ရွေးကောက်ပွဲများအား ဓလေ့ထုံးတမ်းနှင့်အညီ ရေတွက်သည့် နည်းများ သုံးစွဲနေဆဲဖြစ်သည့် အချို့သော နိုင်ငံများတွင် ဤနည်းများသည် ရွေးကောက်ပွဲအရေအတွက် အနည်းငယ်အတွက်သာ လူကြိုက်များကြသည်။ ပွင့်လင်းခြင်းနှင့် တာဝန်သိမှုသည် ဒီမိုကရက်တစ်စံနစ်၏ အခြေခံအုတ်မြစ်များဟု အမြဲလိုလို သုံးသပ်နေသည့် အချိန်တွင် ပယ်မဲသတ်မှတ်အမိန့် နှင့် မဲပေးသူတစ်ဦး၏မဲပေးခြင်းကျေနပ်မှု တို့သည် အမြဲလိုလို အရေးကြီးသော ခြွင်းချက်တစ်ခုဖြစ်သည်။ လျှို့ဝှက်မဲပေးခြင်းသည် ဆက်စပ်လျက် ရှိသည့် ခေတ်သစ်တိုးတက်မှုတစ်ရပ် ဖြစ်သည်။ သို့သော် လျှို့ဝှက်မဲပေးခြင်းသည် ကြောက်လန့်စေမှုများကို ဟန့်တားထားသည်ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲအများစုတွင် အကျဉ်းအကြပ်ဖြစ်သည်ဟု ယခုအခါ စဉ်းစားသုံးသပ်နေကြသည်။

ရွေးကောက်ပွဲအခက်အခဲများ

ရွေးကောက်ပွဲလိမ်လည်မှု

တရား ဥပဒေစိုးမိုးမှု အားနည်းသည့်နိုင်ငံအများစုတွင် နိုင်ငံတကာစံနှုန်းများဖြစ်သည့် “လွတ်လပ်မျှတမှု” ကို လိုက်မမှီရခြင်း၏ အများဆုံးဖြစ်နေကျ အကြောင်းပြချက်မှာ လက်ရှိအစိုးရမှ ကြားဝင်နှောက်ယှက်မှု ဖြစ်သည်။ အာဏာရှင်များကို လူအများမှ ထုတ်ပယ်ပစ်ချင်သည့်စိတ်များ ရှိနေကြသော်လည်း သူတို့သည် အာဏာဆက်လက်တည်မြဲစေရန် အုပ်ချုပ်ရေး ( ရဲ၊ စစ်ဥပဒေ၊ သတင်းဖြတ်တောက်ခြင်း၊ ရွေးကောက်ပွဲယန္တရား၏ ရုပ်ပိုင်းဆိုင်ရာ အကောင်အထည်ဖေါ်မှု စသည်ဖြင့်) အာဏာများသုံးစွဲကြသည်။ ဥပဒေပြု အဖွဲ့တစ်ခုအတွင်းရှိ သီးသန့်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် အများစုအာဏာ သို့မဟုတ် အင်အားကြီးမားသောအများစုအာဏာကို အသုံးပြု၍ (ရာဇဝတ်မှုဥပဒေများ၊ တရားဝင်ခြင်း နှင့် ဒေသအုပ်ချုပ်ရေးအပါအဝင် ရွေးကောက်ပွဲယန္တရားများအား အဓိပ္ပယ်ဖေါ်ဆောင်ခြင်းများကို ခွင့်ပြုခြင်း) ရွေးကောက်ပွဲတစ်ခုကြောင့် ပြိုင်ဘက်အဖွဲ့ခွဲတစ်ခုသို့ အာဏာလွှဲပြောင်းပေးရမည်ကို ကာကွယ်ထားကြ သည်။

အစိုးရမဟုတ်သောအဖွဲ့များသည်လည်း ရုပ်ပိုင်းဆိုင်ရာ တွန်းအားပေးခြင်း၊ နှုတ်အားဖြင့်ကြောက်လန့်စေခြင်း သို့မဟုတ် လိမ်လည်ခြင်းတို့ဖြင် ရွေးကောက်ပွဲကိုဝင်ရောက်နှောက်ယှက်နိုင်ပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် အကျင့်သိက္ခာမဲ့သော ပယ်မဲလုပ်ခြင်း နှင့် ရေတွက်ခြင်း ရလဒ်ကို ဖြစ်စေနိုင်သည်။ ရွေးကောက်ပွဲလိမ်လည်မှုကို စောင့်ကြည့်ခြင်းနှင့်အနည်းဆုံးဖြစ်စေခြင်းသည် လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲများ အစဉ်အလာ ကောင်းခဲ့သည့် နိုင်ငံများတွင်လည်း ဆက်လက်လုပ်ဆောင်နေရသေးသည့် အလုပ်တစ်ခုဖြစ်သည်။ “လွတ်လပ်ပြီးမျှတ” သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ကာကွယ်ရမည့် ပြဿနာများမှာ ပုံစံအမျိုးမျိုးရှိသည် –နိုင်ငံရေးစကားစစ်ထိုးပွဲဖွင့်ပေးမှု သို့မဟုတ် မဲဆန္ဒရှင်များသို့အသိပေးအကြောင်းကြားမှု မရှိခြင်းမဲဆန္ဒရှင်များကို သတင်းလွတ်လပ်မှု မရှိခြင်း၊ အစိုးရ သို့မဟုတ် ကော်ပိုရိတ် ထိမ်းချုပ်ထား မှုကြောင့် သတင်းတွင် တကယ့်အဖြစ်မှန် မသိရခြင်း သို့မဟုတ် သတင်းစာနှင့်နိုင်ငံရေးစာစောင်များ အသုံးပြုခွင့် မရှိခြင်း တို့ကြောင့် ထုတ်ပြန်ချက်များ သို့မဟုတ် ကိုယ်စားလှယ် လောင်းများ အကြောင်းကို အားနည်းစွာအသိပေးမှုဖြစ်မည်။ စိတ်ချရသည့်မြင်ကွင်းများ သို့မဟုတ် အစိုးရ ဝါဒဖြန့်ချိရေးများကို သာအသားပေးထားခြင်းဖြင့် လွတ်လပ်စွာဟောပြောခွင့် ကို အစိုးရမှ ကာဆီးထားလိုက်သည်။

မမျှတသည့်အုပ်ချုပ်မှုများ

ဤကိစ္စတွင် မဲဆန္ဒနယ်၏နယ်နမိတ်ကို ပြောင်းလဲထားခြင်း၊ ရာထူးနေရာအတွက် တရားဝင်မှုမှ အတိုက်အခံ ကိုယ်စားလှယ်လောင်းအား မပါဝင်စေခြင်း များပါရှိနိုင်ပြီး၊ ရွေးကောက်ပွဲအောင်မြင်မှုအတွက် အနိမ့်ဆုံး အဆင့်များကို မတရားသဖြင့်စီမံထားခြင်းသည် အချို့သောလုပ်နည်းလုပ်ဟန်များဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ထားမှုကို သီးသီး သန့်သန့်အဖွဲ့ခွဲ သို့မဟုတ် ကိုယ်စားလှယ်လောင်းအား အရေးပေးထားခြင်းဖြင့် ပြောင်းလဲသွားနိုင်သည်။

ထိုးနှက်တိုက်ခိုက်မှုများဖြင့်ဝင်ရောက်နှောက်ယှက်ခြင်း

အာဏာလက်ဝယ်ရှိသူများသည် ကိုယ်စားလှယ်လောင်းများကို ဖမ်းဆီးထိမ်းသိမ်းခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်ဖြင်း၊ ဖိနှိပ်ခြင်း သို့မဟုတ် ထိုနည်းတူစွာ ရာဇဝတ်မှုမြောက်သည့် ထိုးနှက်တိုက်ခိုက်ခြင်း၊ လှုံ့ဆော်လှုပ်ရှားနေသည့် ဌာနချုပ်ရုံးများအားပိတ်ပစ်ခြင်း၊ လှုပ်ရှားလှုံ့ဆော်နေသည့် အလုပ်သမားများအား ကိုယ်ထိလက်ရောက်သို့မဟုတ်ရိုက်နှက်ခြင်း၊ သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခြင်းဖြင့် မဲပေးသူများအား ကြောက်လန့်စေခြင်းတို့ကို ပြုလုပ်မည်။

ရွေးကောက်ပွဲယန္တရား ဖြင့် ရှုပ်ထွေးစေခြင်း

ဤအကြောင်းအရာတွင် တွေဝေခြင်း သို့မဟုတ် မဲကို မည်သို့ပေးရမည်ဆိုသည်ကိုပြောဆို၍ မဲပေးသူများအား လမ်းမှားခေါ်ဆောင်သွားခြင်း၊ လျှို့ ဝှက်မဲပေးခြင်းကိုချိုးဖေါက်ခြင်း၊ မဲရောနှောခြင်း၊ မဲပေးသည့်စက်များဖြင့် ရှုပ်ထွေးစေခြင်း၊ ဥပဒေဖြင့်ပယ်ထားသည့် မဲများကိုဖျက်ဆီးပစ်ခြင်း၊ မဲပေးသူအားဖိနှိပ်ခြင်း၊ ရလဒ်များကို လိမ်လည်၍ ကိန်းဂဏန်းဇယားများ ချထားခြင်း၊ နှင့် ခွန်အားသုံးခြင်းနှင့်နှုတ်အားဖြင့်ကြောက်လန့်စေခြင်း တို့ပါဝင်သည်။

ရည်ညွှန်းကိုးကား

  1. ရွေးကောက်ပွဲစောင့်ကြည့်ခြင်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.