ရွှေကို (ဘောလုံးသမား)
ရွှေကို(၁၃ ဖေဖော်ဝါရီ ၁၉၉၈ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရှမ်းယူနိုက်တက် ဘောလုံးအသင်းမှ ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ ရွှေကိုသည် လူငယ်တန်းကလပ်မှ အကြီးတန်းကလပ်သို့ ကစားခွင့်ရရှိခဲ့သည်။
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | ရွှေကို | ||
မွေးသက္ကရာဇ် | ၁၃ ဇန်နဝါရီ၊ ၁၉၉၈ | ||
မွေးရပ်ဇာတိ | မြန်မာနိုင်ငံ | ||
ကစားသည့်နေရာ | ရှေ့တန်းတိုက်စစ် | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ရှမ်းယူနိုက်တက် | ||
အင်္ကျီနံပါတ် | ၁၉ | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၁၆– | ရှမ်းယူနိုက်တက် | ||
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
၂၀၁၃ | မြန်မာ ယူ-၁၆ | ၂ | (၁) |
၂၀၁၆– | မြန်မာ ယူ-၁၉ | ၁၀ | (၄) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
နိုင်ငံတကာ ကစားသမားဘဝ
ရွှေကိုအား မြန်မာ ယူ-၁၆ အသင်းမှ ခေါ်ယူပြီး ၂၀၁၄ ခုနှစ် အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် ဝင်ရောက်ကစားစေခဲ့သည်။ သူအား ၂ ပွဲဝင်ရောက်ကစားစေခဲ့ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကစားသော တရုတ် ယူ-၁၆ အသင်းနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။[1]
၂၀၁၆ ခုနှစ်တွင် မြန်မာ ယူ-၁၉ အသင်းတွင် ပါဝင်ခဲ့ပြီး ဩဂုတ်လ၌ ကျင်းပခဲ့သော ကမ္ဘောဇဘဏ်ဖလားတွင် ဝင်ရောက်ကစားခဲ့သည်။ ၂၄ ဩဂုတ် ၂၀၁၆ ခုနှစ်၌ ကစားခဲ့သော ဗီယက်နမ် ယူ-၁၉ အသင်းနှင့် သရေကျသောပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။[2] ထိုနှစ်နှောင်းပိုင်းတွင်လည်း ၂၀၁၆ ခုနှစ် အာဆီယံ ယူ-၁၉ လူငယ်ချန်ပီယံရှစ် အားကစားပြိုင်ပွဲတွင်ပါဝင်ခဲ့ပြီး ကစားပွဲ ၅ ပွဲတွင် ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့နောက် သူသည် ၂၀၁၆ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ရွေးချယ်ထားသော လူစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခြေစစ်ပွဲများ၌ ၄ ပွဲပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။
References
- Myanmar 1-2 China။ The AFC (27 September 2013)။ 11 January 2017 တွင် ပြန်စစ်ပြီး။
- Myanmar U19 draw Vietnam at KBZ Bank Cup။ Asean Football (24 August 2016)။ 11 January 2017 တွင် ပြန်စစ်ပြီး။