ရွှေစည်းခုံစေတီတော် (ညောင်ကန်)

ရွှေစည်းခုံစေတီတော် သည် မုံရွာခရိုင်၊ ညောင်ကန်ရွာတွင် တည်ရှိသည်။[1]

သမိုင်းကြောင်း

သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်မင်းကြီးသည် မင်းအဖြစ်သို့ ရောက်၏။ ထိုအခါ ငယ်စဉ် မင်းသားဘဝက ပညာသင်ကြားပေးသည့် ဆရာမင်းကြီးအား အဂ္ဂမဟာသေနာပတိအရာကို ပေး၏၊ အမတ်မင်းကြီးဟု ထင်ရှားလေသည်။

ထိုအမတ်မင်းကြီးသည် မိမိဇာတိ ညောင်ကန်ရွာတွင် ဘုရားကြီး၊ ကျောင်းကြီး၊ ပိဋကတ်တိုက်ကြီး၊ သောက်ရေကန်ကြီး စသည့် ကြီးလေးပါးကို ပြုလုပ်လို၏။ ထို့ကြောင့် မင်းရဲခေါင်ဗလသူရအမည်ရှိသည့် ရွာအုပ် မောင်ရာအား တာဝန်ပေးကာ တည်စေခဲ့သည်။

စေတီတော်သည် ဖိနပ်တော် ၆၄ တောင်၊ ဉာဏ်တော်မှာ စိန်ဖူးတော်အထိ အတောင် ၁၁၀ရှိသည်။ စေတီတော်ကြီး တည်ဆောက်ပြီးစီးသည့်အခါ မင်းကြီးကိုယ်တိုင် ရေစက်ချ ထီးတော်တင်ခဲ့သည်။ ဘွဲ့တော်ကိုလည်း "ဇေယျခုံ" ဟု သမုတ်ခဲ့သည်။ နောင်အခါတွင် ရွှေစည်းခုံဟု ထင်ရှားခဲ့သည်။[1]

ပြုပြင်မွမ်းမံမှုများ

သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် ဘုန်းတော်ကြီး ဦးသောင်းတန် ဦးစီး၍ ရွာသူရွာသားများက ပြုပြင်ထားခဲ့ကြသည်။[1]

ကိုးကား

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၀၉။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.