ရွှေစည်းခုံစေတီတော် (တကောင်းမြို့)

ရွှေစည်းခုံစေတီတော် သည် တကောင်းမြို့တွင် တည်ရှိသည်။[1]

သမိုင်းကြောင်း

သက္ကရာဇ် ၉၈ ခုနှစ်တွင် ဖြစ်၏။ တကောင်းပြည်တွင် နဂါးနိုင်မင်း၏ သားတော် သတိုးကျောက်ရှည်မင်း စိုးစံလျှက် ရှိ၏။ ထိုအချိန်တွင် ပုဂံပြည်၌ မဟာရာဇာမင်း မင်းပြုရာ ရတနာမိုးရွာသွန်းလေ၏။ ထို့နောက် ကိုးကွယ်ရန် စေတီတော် တည်ထားခဲ့သည်။

ထိုအချိန်တွင် လူတို့သည် ချမ်းသာကြွယ်ဝလျက် ရှိကြ၏။ ထို့ကြောင့် အုတ်တစ်ချပ်လျှင် ငွေစင် သုံးပိသာပေးသော်လည်း အုတ်မှာမူ တစ်ချပ်မှ မရဘဲ ရှိနေ၏။ ထိုအခါ မင်းအမိန့်ဖြင့် တစ်အိမ်လျှင် အုတ်တစ်ချပ် သွင်းစေ၏။ ထိုအခါ အုတ်အချပ် သုံးသိန်းကျော် ရခဲ့သည်။ ထို့နောက်တွင် အရှေ့မြို့ရိုးအနီးတွင် အုတ်မြစ် ၁၆ တောင်ချ၍ ဉာဏ်တော် အတောင် ၁၆၀ ရှိသည့် စေတီတော်ကို တည်ခဲ့သည်။ ရတနာများနှင့် ဓာတ်တော်များလည်း ဌာပနာခဲ့သည်။

ထို့နောက်တွင် မဟာရာဇာမင်းသည် သံဝေဂရကာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တောထွက်တော်မူ၏။ ထိုအခါ တကောင်းမင်း သတိုးကျောက်ရှည်သည် ပုဂံမြို့ကို သိမ်းပိုက်ကာ အုပ်ချုပ်ခဲ့သည်။[1]

ကိုးကား

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၀၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.