ရွှေပန်းသီး

ရွှေပန်းသီး (သို့) ရွှေရောင်ပန်းသီး (အင်္ဂလိပ်: golden apple) သည် ရိုးရာ ရာဇဝင်ဇာတ်လမ်းများ (သို့) ရိုးရာ ပုံပြင်များစွာတွင် ပါရှိတတ်သော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ထပ်ခါတလဲလဲဖော်ပြသော အကြောင်းအရာများတွင် လူဆိုး (သို့) မိစ္ဆာတစ်ဦးဦးမှ ဖွက်ထား၊ ခိုးထားသော ရွှေပန်းသီးကို သူရဲကောင်းတစ်ဦးဦးမှ ပြန်လည်ရယူခြင်း စသည့်အကြောင်းအရာများဖြစ်သည်။ ဂရိဒဏ္ဍာရီ၊ အိုင်းရစ်ဒဏ္ဍာရီတို့တွင် ပါဝင်တတ်သည်။


ဂရိဒဏ္ဍာရီ

ရွှေပန်းသီးအကြောင်းကို ဂရိဒဏ္ဍာရီတွင် ဖြစ်ရပ်သုံးခု၌ ဖော်ပြပါရှိသည်။

အတ္တလန်းတာ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အတ္တလန်းတာ
အတ္တလန်းတာနှင့် ဟစ်ပေါမင်နီးဇ်၊ ဂွီးဒို ရဲနီ၏ လက်ရာ (၁၆၂၂-၂၅ ဝန်းကျင်)

ပထမဖြစ်ရပ်တွင် အတ္တလန်းတာသည် မိမိအား ချစ်ရေးဆိုသူများကို အပြေးပြိုင်ရန် စိန်ခေါ်ပြီး ရှုံးနိမ့်သူများကို လှံဖြင့် ထိုးသတ်သည်။ ဟစ်ပေါမင်နီးဇ် (သို့) မာလန်းနီယန်အား အဲဖရာဒိုက်တီနတ်ဘုရားမက ရွှေရောင်းပန်းသီး သုံးလုံးကို ပေးလိုက်သည်။ ပြိုင်ပွဲ၌ မာလန်းနီယန်သည် ပြေးစဉ် ပန်းသီးတစ်လုံးခြင်းစီကို ချပစ်ခဲ့၏။ အတ္တလန်းတာက ထိုပန်းသီးများကို လိုက်ကောက်သဖြင့် ပြိုင်ပွဲ၌ ရှုံးခဲ့သည်။ ထို့ကြောင့် မာလန်းနီယန်နှင့် လက်ထပ်ခဲ့ကာ ပါးသန်နာပီးယပ်စ် ခေါ်သော သားတစ်ဦးထွန်းကားခဲ့သည်။

ထိုနှစ်ဦးမှာ ချစ်ရေမွှန်ကာ ဆစ်ဘစ်လီ (သို့) ဇုစ် ဘုရားကျောင်းတွင် ချစ်တင်းနှောမိသောကြောင့် ခြင်္သေ့အဖြစ် အသွင်ပြောင်းခြင်း ခံခဲ့ရသည်။[1]

ထရိုဂျန်စစ်ပွဲနှင့် ရွှေပန်းသီးဇာတ်လမ်း

အန်းရစ်ကဲ စီမွန်နတ်ရေးဆွဲသော El Juicio de Paris (ပါရိစ်၏ ဆုံးဖြတ်ရွေးချယ်ခြင်း) ပုံ၊ ပါရိစ်သည် ညာဖက်လက်တွင် ရွှေရောင်ပန်းသီးကို ကိုင်၍ နတ်သမီးများကို တွက်ဆဟန်ဖြင့် လေ့လာအကဲဖြတ်နေခြင်း၊

အခါတစ်ပါး၌ ဇုစ်သည် ပီးလိယပ်စ်နှင့် တက်သစ်တို့၏ လက်ထပ်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စားသောက်ပွဲတော်တစ်ရပ်ကျင်းပခဲ့သည်။ ပဋိပက္ခနတ်ဘုရားမ အဲရစ်ကိုညမဖိတ်သော်လည်း ရောက်လာခဲ့ကာ ရွှေပန်းသီးတစ်လုံးကို ပွဲတော်အတွင် ပစ်လိုက်သည်။ ပန်းသီး၌ပါသော ထွင်းထားသည့် စကားလုံးမှာ : "ΤΗΙ ΚΑΛΛΙΣΤΗΙ" (ရှေးဟောင်းဂရိ: τῇ καλλίστῃ, အလှပဆုံးသူ အတွက်/သို့) ဟူ၍ဖြစ်သည်။ ဟဲရာအသီးနာနှင့် အဲဖရာဒိုက်တီ နတ်ဘုရားမသုံးပါးတို့က ပန်းသီးကို တောင်းဆိုခဲ့ရာ ဇုစ်က ပါဝင်ပတ်သက်လိုခြင်း မရှိသဖြင့် ရွေးချယ်ရန်တာဝန်ကို ထရွိုင်မင်းသား ပါရိစ် (ပါရိရှ်) ကို လွှဲခဲ့သည်။ ပါရိစ်သည် ယခင်က ပြိုင်ပွဲတစ်ခုတွင် အဲရီးဇ်နတ်ဘုရားက နွားသိုးအသွင်ဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့၍ မျှမျှတတဖြင့် ထိုဆုကို အဲရီးဇ်သို့ ပေးအပ်ခဲ့ဖူးသည်။ ဇုစ်က ဟားမီးဇ်ကို ပန်းသီးပေးလိုက်ပြီး ပါရိစ်ဆီသို့ သွားပို့ရန် ခိုင်းစေခဲ့သည်။ နတ်ဘုရားမများသည် စောဒကမတက်ဘဲ ၎င်း၏ ရွေးချယ်မှုကို လက်ခံလိမ့်မည်ဆိုသည်ကိုလည်း အမှာပါးခိုင်၏။ နတ်ဘုရားမတစ်ပါးဆီသည် ပန်းသီးကို တပ်မက်သောကြောင့် ပါရိစ်ရှေ့တွင် အဝတ်မပါကိုယ်ဗလာချွတ်ပြကြလေသည်။ ထို့နောက်လည်း ပန်းသီးရရန် လာဘ်ထိုးကြရာ ဟဲရာက ၎င်းကို ဥရောပနှင့် အာရှမိုင်းနာကျွန်းဆွယ်ဒေသ၏ ဘုရင်ဖြစ်စေမည်၊ အသီးနာက တိုက်ပွဲများတွင် ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုကို ပေးသနားမည်၊ အဲဖရာဒိုက်တီက ကမ္ဘာတွင် အချောမောဆုံးအမျိုးသမီးဖြစ်သော ယခု မဲနစ်လေးယပ်စ်ဘုရင်နှင့် လက်ထပ်ထားသည့် စပါတာမှ ဟဲလန် (ဟဲလန်းနီး) ကို ဆောင်ကျဉ်းပေးမည် စသဖြင့် နတ်ဘုရားမများက အမျိုးမျိုး ကမ်းလှမ်းကြသည်။ ပါရိစ်သည် အဲဖရာဒိုက်တီကို ရွေးချယ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် ထရိုဂျန်စစ်ပွဲကို ဖြစ်စေခဲ့သည်။ ယင်းနောက် ပါရိစ်သည် ၎င်း၏ မြို့နှင့် ၎င်းကိုယ်တိုင် ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။

ဟဲရာ

တတိယ ဖြစ်ရပ်တွင် ဟဲရာ၏ မြင့်မြတ်သော ရွှေပန်းသီးပင်သည် ရွှေပန်းသီးများကို သီး၏။ ဇုစ်က သူမကို လက်ဆောင်အဖြစ် ပေးထားခြင်းဖြစ်လေသည်။ လာဒန် အမည်ရ နဂါးကို ပန်းသီးများမခိုးစေရန် စောင့်ကြပ်စေသည်။

ကိုးကား

  1. editors။ Atalanta, Greek mythology Encyclopaedia Britannica။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.