ရွှေရောင်သိုးမွှေး

ဂရိဒဏ္ဍာရီတွင် ရွှေရောင်သိုးမွှေး (အင်္ဂလိပ်: Golden Fleece; ဂရိ: Χρυσόμαλλο δέρας, Chrysómallo déras) ဆိုသည်မှာ ကောလ်ကစ်ဒေသ၌ရှိသော "ခရီဆောမားလော့ရှ်" ခေါ် အတောင်ပါ၍ ရွှေရောင်ရှိသော သိုးထီး၏ အမွှေးကို ဆိုလိုသည်။[1] ယင်းသိုးမွှေးသည် အာဏာ နှင့် သက်ဦးဆံပိုင် အုပ်စိုးမှု၏ အမှတ်သညာဖြစ်သည်။ အိုင်ယောကပ်စ်ဘုရင် ပီးလီယပ်စ်၏ အမိန့်အာဏာဖြင့် သိုးမွှေးရှာပုံတောဖွင့်ကြသော ဂျေးဆန်နှင့် အားဂန်နော့စ် သူရဲကောင်းအဖွဲ့တို့၏ ဇာတ်လမ်းဖြစ်သည်။ ပီလီယပ်စ်က သက်စာလီဒေသက အိုင်ယောကပ်စ် (ကော့စ်) ထီးနန်းကို မှန်ကန်သော အမွေဆက်ခံသူအဖြစ်ပြုလုပ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ထိုသို့ ခိုင်းစေခဲ့ခြင်းဖြစ်သည်။ မစ်ဒီးယာ၏ အကူအညီမှတဆင့် အားဂန်နော့စ်တို့ ရွှေရောင်သိုးမွှေးကို နောက်ဆုံး၌ ရရှိခဲ့ကြသည်။ ပုံပြင်ဇာတ်လမ်းသည် ရှေးဟောင်းဂန္ထဝင်ခေတ်နှင့် သက်ဆိုင်ကာ (ဘီစီ ၈ ရာစု) ဟိုးမား လက်ထက်တွင် အသုံးပြုဖန်များသည့် ဇာတ် မ်းပုံပြင်ဖြစ်သည်။ ထိုဇာတ်လမ်းသည် မူအမျိုးမျိုးဖြင့် ရှင်သန်ခဲ့ကြပြီး အသေးစိတ်အနေဖြင့် ကွဲလွဲမှုများလည်းရှိကြသည်။

အီတလီ၊ အပူးလီယာဒေသမှ အနီရောင်ရုပ်များပါသော အိုးတစ်လုံး၊ ရွှေရောင်သိုးမွှေးနှင့်အတူ ပြန်လာသော ဂျေးဆန။ (ဘီစီ - ၃၄၀-၃၃၀ ဝန်းကျင်)

ကိုးကား

  1. William Godwin (1876)။ Lives of the Necromancers။ London, F. J. Mason။ p. 41။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.