ရှင်ဇာဂရ

ရှင်ဇာဂရ (မင်းရွာဆရာတော်; ၁၀၈၅ − ၁၁၆၆) သည် ဇမ္ဗုဒီပအနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရ တံဆိပ်တော်ရ ဆရာတော်တစ်ပါး ဖြစ်သည်။[1]

ဘဝ

ဆရာတော်ကို ၁၀၈၅ ခုနှစ်တွင် မတ္တရာမြို့၊ ဝါးရင်းတုတ်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည် ဦးသာစံ ဖြစ်သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်ဇာဂရ ဖြစ်သည်။ ထိုဘွဲ့ဖြင့်ပင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

အမရပူရမြို့တည် ဘိုးတော်ဘုရားသားတေ် အိမ်ရှေ့မင်းနှင့် အလယ်နန်းမိဖုရားတို့သည် ၁၁၄၉ ခုနှစ်တွင် ကျောင်းတော်ဆောက်လုပ်ကာ လှူဒါန်းသည်။ မင်္ဂလာစံလွှတ်သမိုက်၍ အလှူခံတော်မူခဲ့သည်။ ဆရာတော်သည် ကျမ်းများပြုစုသည်ဟု ထင်ရှားမှု မရှိပေ။[1]

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၁၆၆ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[1]

ကိုးကား

  1. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.