ရှင်တောက်ထိန်ဘုရား

ရှင်တောက်ထိန်ဘုရား သည် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိသည်။ ယခုလက်ရှိကာလတွင် ရှင်တောက်ထိန်ဘုရားသည် စေတီဖြစ်၏။ သို့သော် စင်စစ်အားဖြင့် ထိုစေတီ၏ အရှေဘက်သိမ်အတွင်းရှိ တစ်ဝဂူရှိ ရုပ်ပွားတော်သည်သာ "ရှင်တောက်ထိန်ဘုရား" ဖြစ်သည်။[1]

ရှင်တောက်ထိန်ဘုရား

အခြားသိမှတ်ဖွယ်များ

  • သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးတင်ပွဲကျင်းပလေ့ရှိပြီး ကမြောကင်းရွာမှ တစ်အိမ်လျှင် ဆွမ်းဟင်းတစ်မျိုးစနစ်ဖြင့် သိမ်တောအတွင်း၌ သံဃာတော်များကို ဆွမ်းဆက်ကပ်သည်။
  • ရှင်တောက်ထိန်ဘုရားသည် ရုပ်ရှင်တော်ဖြစ်သဖြင့် ရုပ်ပွားတော်သည် တဖြည်းဖြည်းကြီးလာသည်ဟု ဆိုကြသည်။ "ဓာတ်ဘုရား" ဟုလည်း ခေါ်ကြသည်။ ရှေးယခင်က သင်္ကန်းဆက်ကပ်ရာတွင် ရုပ်ပွားတော်၏ ကျောဘက်ကို ပတ်မိစေရန် ကြိုးစချည်နှောင်ခဲ့သည်။ သို့သော် ယခုအခါတွင် သိမ်နံရံနှင့် ထိလာသဖြင့် ကြိုးပတ်မိအောင် မချည်နိုင်တော့ဟု ဆို၏။ ထိုအချက်ကို ထောက်ဆကြည့်ပါက ရုပ်ပွားတော်သည် တဖြည်းဖြည်းကြီးလာသည်ဟု သိနိုင်သည်။
  • အဓိဋ္ဌာန်ဝင်သူများ၏ ပြောကြားချက်အရ ရုပ်ပွားတော်သည် ပြုံခြင်း၊ မျက်တောင်ခတ်ခြင်း စသည့် တန်ခိုးပြဋိဟာများ ပြတော်မူတတ်သည်။
  • ရှင်တောက်ထိန်ဘုရားတွင် စ၍ အဓိဋ္ဌာန်ဝင်သူများသည် ရှင်တောက်ထိန်ဘုရားတွင်ပင် ပြန်၌ အဓိဋ္ဌာန်ကို အဆုံးသတ်ရသည်။
  • စေတီတော်ကို ဝိဇ္ဇာများက မကြာခဏလာရောက်ဖူးမြော်ကြသည်ကို အသက်အရွယ်ကြီးသည့် ဥပါသကာများက တွေ့ကြသည်။
  • ရှင်တောက်ထိန်ဘုရား၏ ဘွဲ့အမည်သည် စနေနံနှစ်ထပ်ဖြစ်သဖြင့် စနေနံနှစ်လုံးဆင့် အမည်ရှိသူများ အဓိဋ္ဌာန်စခန်း လာရောက်ဝင်ကြသည်ဟု ဒေသခံများက ဆိုကြသည်။[1]

ကိုးကား

  1. တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.