ရှင်ထွေးညို

ရှင်ထွေးညို(၈၅၀ ခန့်) သည် အင်းဝခေတ်တွင် ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။ [1]

ဘဝ

ရှင်ထွေးညိုသည် အင်းဝနရပတိလက်ထက်မှစ၍ ရွှေနန်းကြော့ရှင်နရပတိလက်ထက်တိုင် စစ်သူရဲတစ်ထောင်ကို အုပ်ချုပ်ရသည့် စစ်ဗိုလ်မှူး ဖြစ်သည်။

သက္ကရာဇ် ၈၃၄ ခုနှစ်တွင် မဟာသီဟသူရသည် ညီတော်ပြည်မြို့စား မင်းကြီးစွာကို နှိမ်နင်းရန် ပြည်သို့ စုန်တော်မူရာ ရှင်ထွေးညိုနှင့်အတူ ပါသွားလေသည်။ [1]

စာပေများ ရေးသားခြင်း

ရှင်ထွေးညိုသည် ပြည်စုန်မော်ကွန်းကို ရေးသားခဲ့သည်။ [1]

ကိုးကား

  1. လှသမိန် (၁၉၆၁ ခုနှစ်)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၀၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.