ရှင်မဖြူကျွန်း
ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်သည်။ နတ်မြစ်ဝပေါ်တွင် ရှိသည်။ ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှင်မဖြူကျွန်းကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.